13th February, 2019

ဖေဖော်ဝါရီလအတွင်း ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ

ဖေဖော်ဝါရီလဟာ နှစ်တစ်နှစ်မှာ ရက်အနည်းဆုံးပါဝင်တဲ့လဖြစ်ပေမဲ့ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်ရင်းနှီးမှုကို ဖော်ပြတဲ့လပဲဖြစ်ပါတယ်။ ဒီလိုထူးခြားတဲ့လမှာ ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်တွေကို ရှာဖွေနေတဲ့မိတ်ဆွေသူငယ်ချင်းတွေအတွက် JobNet.com.mm ကနေ ချစ်ခြင်းမေတ္တာတွေနဲ့ ခင်မင်ရင်းနှီးမှုကိုဖော်ပြပေးမယ့် လက်ဆောင်တွေကို ပေးချင်ပါတယ်။

လက်ရှိလုပ်ငန်းခွင်မှာ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေလို့ အလုပ်ပြောင်းချင်တာပဲဖြစ်ဖြစ်၊ ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်သစ်တစ်ခု လိုချင်လိုပဲဖြစ်ဖြစ်၊ အနာဂတ်အတွက် ပိုကောင်းတဲ့အလုပ်ကို ရဖို့ပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်တစ်ခုရဖို့ရှာဖွေနေချိန်မှာ သတင်းအချက်အလက်တွေက အရမ်းအရေးကြီးပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေနဲ့ပတ်သက်တဲ့ အချက်အလက်ကောင်းကောင်း ကိုယ့်ဆီမှာရှိမနေဘူးဆိုရင်တော့ တစ်ခါတလေမှာ စိတ်ပင်ပန်းနွမ်းနယ်မှုနဲ့ ဖိစီးမှုတွေကိုခံစားရတတ်ပါတယ်။

အဲဒါကြောင့် ဖေဖော်ဝါရီလမှာ အလုပ်အသစ်ရှာဖွေနေသူတွေ အဆင်ပြေလွယ်ကူသွားစေဖို့ JobNet.com.mm ကနေ ဒီလအတွင်းမှာအများဆုံးခေါ်ယူနေတဲ့ ထိပ်တန်းအလုပ်အကိုင် ၁၀ ခုကိုဖော်ပြပေးလိုက်ပါတယ်။

  1. Engineering/Technical
  2. Sales/Business Development
  3. Accounting/Finance
  4. Marketing/Media/Creative
  5. Administrative
  6. IT Hardware/Software
  7. HR/Training and Recruitment
  8. Education/Teaching/Childcare
  9. Customer Service/Support
  10. Manufacturing/Warehouse

ထူးခြားချက်အနေနဲ့ ဖေဖော်ဝါရီလမှာ ခေါ်ယူမှုများနေတဲ့အလုပ်အကိုင်တွေကို ကြည့်လိုက်မယ်ဆိုရင် အင်ဂျင်နီယာနဲ့ နည်းပညာကဏ္ဍမှာ အရင်လကထက်ကို အလုပ်တွေအများကြီး ခေါ်ယူနေပြီး ထိပ်ဆုံးရပ်တည်နေတာကို တွေ့ရပါတယ်။

အခုပဲ မြန်မာနိုင်ငံရဲ့နံပါတ် ၁ အလုပ်အကိုင်ဝက်ဆိုက်ဒ်ဖြစ်တဲ့ JobNet.com.mm မှာ အရင်ဆုံး စာရင်းသွင်းလိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့CV ကိုပြည့်စုံအောင်ဖြည့်ပြီး ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်တွေကို အခုပဲလျှောက်လိုက်ကြရအောင်…

အားလုံးပဲ ဖေဖော်ဝါရီလမှာ ချစ်ခင်မှုတွေနဲ့ ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အသစ်တွေကို ပိုင်ဆိုင်နိုင်ပါစေ…

လာမယ့် မတ်လ ၂၃ ရက်နေ့ကျရင်လည်း မြန်မာနိုင်ငံရဲ့အကြီးကျယ်အခမ်းနားဆုံး အလုပ်အကိုင်ပြပွဲကြီးတစ်ခုဖြစ်တဲ့ JobNation ကို Novotel Yangon Max ဟိုတယ်မှာ ကျင်းပတော့မှာပါ။ အဲဒီအလုပ်အကိုင်ပြပွဲကြီးမှာ မြန်မာနိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီပေါင်း ၆၀ ကျော်နဲ့ တိုက်ရိုက်တွေ့ဆုံပြီး အလုပ်လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ စာရင်းပေးသွင်းနိုင်ပါတယ်။