MMR
Myanmar
30th May, 2019
မေလအတွင်းမှာ ခေါ်ယူမှုအများဆုံးအလုပ်အကိုင် ၁၀ ခု
စီးပွားရေးလုပ်ငန်းတွေကောင်းမွန်စွာလည်ပတ်နေတဲ့အချိန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ တစ်နေ့တခြားများလာတတ်ပါတယ်။ အဲဒါဆိုရင် ဘယ်လိုလုပ်ငန်းနယ်ပယ်တွေမှာ အလုပ်တွေပိုပြီးခေါ်ယူနေသလဲဆိုတာကို မသိချင်ဘူးလား။ JobNet.com.mm ရဲ့ လေ့လာစမ်းစစ်မှုအချက်အလက်တွေအရ အခုမတ်လအတွင်းမှာ ခေါ်ယူမှုအများဖြစ်နေတဲ့အလုပ်အကိုင်ကဏ္ဍတွေကို ဖော်ပြလိုက်ပါတယ်။ ဒီအချက်အလက်တွေအရကတော့ ဘယ်အရာကမှ Sales နဲ့ Business Development ကဏ္ဍရဲ့ ပြိုင်ဘက်မရှိဦးဆောင်မှုတွေကို မကိုင်လှုပ်နိုင်သေးပါဘူး။ လစဉ်လတိုင်း ဒီအလုပ်အကိုင်နယ်ပယ်ဟာ စိတ်ဝင်စားမှုနဲ့ ရှာဖွေမှုအများဆုံးအလုပ်အကိုင်အဖြစ် ထိပ်ဆုံးမှာရပ်တည်နေသလို မြန်မာနိုင်ငံကအလုပ်ရှင်တွေဟာ သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို အရောင်းမြှင့်တင်နိုင်မယ့်လုပ်ငန်းကျွမ်းကျင်သူတွေကို များစွာရှာဖွေနေတာကြောင့် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်တစ်ခုလည်းဖြစ်ပါတယ်။ ဒီနေ့လို နည်းပညာခေတ်မှာတောင် အွန်လိုင်းဈေးဆိုင်တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဝယ်သူသုံးစွဲသူတွေကို ဝန်ဆောင်မှုတွေပေးနိုင်ဖို့ဝန်ထမ်းတွေလိုအပ်တဲ့အတွက်ကြောင့် ဒီအလုပ်အကိုင်ကဏ္ဍဟာ ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အဖြစ် အချိန်အကြာကြီး ထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပါတယ်။ Sales နဲ့ Business Development အလုပ်အကိုင်လမ်းကြောင်းမှာ အောင်မြင်ဖို့ဆိုရင် ကျွမ်းကျင်တဲ့ဆက်သွယ်ပြောဆိုနိုင်မှု အရည်အချင်းတွေရှိသင့်ပါတယ်။ မိမိပြောချင်တဲ့အကြောင်းအရာကို တစ်ဖက်သားစိတ်ဝင်စားလာအောင် ပြောဆိုစည်းရုံးနိုင်ခြင်း၊ မိမိရဲ့အရည်အချင်းတွေကိုတိုးတက်အောင် စဉ်ဆက်မပြတ်ပြင်ဆင်လေ့လာမှုရှိခြင်း၊ အရောင်းပိုင်းဆိုင်ရာနည်းပညာတွေနဲ့ပတ်သက်ပြီး လေ့လာသင်ယူနိုင်ခြင်းနဲ့ မိမိကုမ္ပဏီရဲ့ထုတ်ကုန်၊ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်မှုတွေရှိရပါမယ်။
အဲဒီအပြင် ဈေးကွက်ဖော်ဆောင်သူတွေအတွက် ရည်ရွယ်ထားတဲ့အလုပ်အကိုင်ခေါ်ယူမှုတွေဟာ မြန်မာနိုင်ငံရဲ့အလုပ်အကိုင်ဈေးကွက်မှာ တိုးတက်မှုအလားအလာတစ်ခု ဖြစ်နေခဲ့ပါတယ်။ လျင်မြန်စွာတိုးတက်လာတဲ့စီးပွားရေးဈေးကွက်ရဲ့ စိန်ခေါ်မှုအခြေအနေတွေကြောင့် မြန်မာကုမ္ပဏီတွေအနေနဲ့ နိုင်ငံရဲ့လက်ရှိအခြေအနေလေ့လာမှုတွေအပေါ် အခြေခံပြီး စားသုံးသူတွေကိုဆွဲဆောင်နိုင်မယ့် ကိုယ်ပိုင်ဖန်တီးဆုံးဖြတ်ချက်တွေကိုရှာဖွေနိုင်ဖို့နဲ့ ကိုယ်ပိုင်ဈေးကွက်ဖော်ဆောင်ရေးနည်းဗျူဟာတွေကို တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့ တွန်းအားပေးမှုတွေ မြင့်တက်လာပါတယ်။ ဒါပေမဲ့လည်း နိုင်ငံအတွင်းမှာ ဒီလုပ်ငန်းနယ်ပယ်နဲ့ပတ်သက်ပြီး သက်တမ်းနုသေးတဲ့အတွက်ကြောင့် Marketing နယ်ပယ်မှာအတွေ့အကြုံရှိကျွမ်းကျင် Marketing Specialists တွေကို ခေါ်ယူခန့်အပ်နိုင်ဖို့ အခက်အခဲတွေကြုံတွေ့နေရပါတယ်။ အဲဒါကြောင့် Marketing လုပ်ငန်းကဏ္ဍမှာ ကျွမ်းကျင်တဲ့ဈေးကွက်ဖော်ဆောင်ရေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ကိုယ်တိုင်လေ့လာသင်ယူမှုတွေပြုလုပ်ဖို့ အရေးကြီးပါတယ်။ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ရေးသားထုတ်ဝေထားတဲ့ စာအုပ်တွေနဲ့ အတွေ့အကြုံရှိသူတွေဆီကနေ လေ့လာသင်ယူမှုတွေ ကိုယ်တိုင်ပြုလုပ်ရပါမယ်။ တကယ်တော့ Marketing ဆိုတဲ့ ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းဟာ ဖန်တီးနိုင်စွမ်းအားကောင်းရမယ့်လုပ်ငန်းပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုဝမ်းစားဖြည့်နိုင်သူတွေအတွက်ကတော့ အလုပ်အကိုင်အခွင့်အရေးပေါင်းများစွာနဲ့ တွေ့ဆုံနိုင်မှာဖြစ်ပါတယ်။
ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ အရောင်းပိုင်းဆိုင်ရာ အစရှိတာတွေပြောရင်တော့ စာရင်းဇယားတွေနဲ့ငွေကြေးစီမံခန့်ခွဲမှုတွေက မပါမဖြစ်ပါပဲ။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့အလုပ်အကိုင်ဈေးကွက်မှာ စာရင်းကိုင်နဲ့ ငွေကြေးစီမံခန့်ခွဲမှုအလုပ်တွေမှာ ခေါ်ယူမှုတွေများပါတယ်။ ဒီအလုပ်အကိုင်ကလည်း အမြဲတမ်းခေါ်ယူမှုများနေတဲ့အလုပ်အကိုင်တစ်ခုလို့ပြောရင် မအံ့သြသွားပါနဲ့။ စာရင်းကိုင်တွေနဲ့ ငွေကြေးစီမံခန့်ခွဲသူတွေကို ကုမ္ပဏီတိုင်းလိုလိုမှာ အရမ်းကိုလိုအပ်နေပါတယ်။ အဲဒါကြောင့် ဒီလုပ်ငန်းနယ်ပယ်မှာ အောင်မြင်တဲ့အသက်မွေးဝမ်းကြောင်းတစ်ခုရချင်တယ်ဆိုရင် ကိန်းဂဏန်းတွေနဲ့ တွက်ချက်မှုတွေကို ချစ်မြတ်နိုးတတ်ပြီး စီးပွားရေးအခြေခံသဘောတရားတွေ၊ တွက်ချက်မှုတွေ၊ အလုပ်သမားဥပဒေ၊ စာရင်းအင်းနဲ့ ဘဏ္ဍာရေးအပြင် စာရင်းအင်းဆိုင်ရာဆော့ဖ်ဝဲတွေကိုလည်း ကျွမ်းကျင်စွာအသုံးပြုနိုင်ရပါမယ်။
ဒါဆို… အခု မေလမှာ ဘယ်လိုအလုပ်အကိုင်တွေက မြန်မာနိုင်ငံမှာ ခေါ်ယူမှုအများဆုံးထိပ်တန်းအလုပ်အကိုင် ၁၀ ခု ဖြစ်မလဲဆိုတာကို လေ့လာကြည့်လိုက်ပါ။
ဒီနေ့ခေတ်မှာ စီးပွားရေးဈေးကွက်ဟာ ဆက်လက်တိုးတက်လာတဲ့အတွက်ကြောင့် လုပ်ငန်းကျွမ်းကျင်သူတွေကိုလိုအပ်နှုန်းကလည်း ဆက်လက်မြင့်တက်နေပါတယ်။ အဲဒါကြောင့် ဘယ်လုပ်ငန်းနယ်ပယ်မှာမဆို ကိုယ်ဖြစ်ချင်တဲ့အလုပ်အကိုင်ပန်းတိုင်ကို ရှာဖွေပြီးရောက်အောင်သွားဖို့ဆိုတာ ကြိုးစားရင်ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ မလွဲချော်သွားစေဖို့ JobNet.com.mm မှာ စာရင်းပေးသွင်းထားဖို့ မမေ့ပါနဲ့။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us