20th October, 2020

အောက်တိုဘာလအတွင်း HR အလုပ်အကိုင်များကို ခေါ်ယူမှုအများဆုံးလုပ်ငန်းနယ်ပယ်များ

၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပေါ်နေတဲ့စိန်ခေါ်မှုတွေဟာ စီးပွားရေးနဲ့လုပ်သားအင်အားတွေကို သိသိသာသာပြုပြင်ပြောင်းလဲနေပါပြီ။ ကမ္ဘာတစ်ဝှမ်းမှာလျင်မြန်စွာဖြစ်ပေါ်နေတဲ့ထိုပြောင်းလဲမှုများကြောင့် လူတွေရဲ့အလုပ်တဲ့ပုံစံတွေ၊ အလုပ်လုပ်တဲ့နေရာနဲ့ အချင်းချင်းဆက်သွယ်ဖို့အသုံးပြုတဲ့နည်းပညာတွေမှာလည်း ကြီးမားတဲ့ပြောင်းလဲမှုတွေကို ကြုံတွေ့နေရပါတယ်။

ထိုကဲ့သို့ကြီးမားတဲ့ပြောင်းလဲမှုကြီးဟာ လုပ်ငန်းအဖွဲ့အစည်းအတွင်းမှာ HR ကဏ္ဍရဲ့အရေးကြီးမှုတွေကို တစ်စထက်တစ်စကျယ်ပြန့်လာစေပါတယ်။ အထူးသဖြင့် ဝန်ထမ်းတွေဟာ ပြောင်းလဲသွားတဲ့ပုံမှန်ဘဝ (New Normal) မှာ ဘယ်လိုအခြေကျအောင်နေပြီး လုပ်ငန်းတွေကိုဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ၄င်းတို့ရဲ့မန်နေဂျာများနဲ့ အထူးသဖြင့်လူ့စွမ်းအားစီမံခန့်ခွဲမှု HR ပညာရှင်တွေဆီကနေ အကူအညီတွေလိုလာကြပါတယ်။ JobNet.com.mm ရဲ့အလုပ်အကိုင်သတင်းအချက်အလက်တွေအရလည်း HR အလုပ်အကိုင်အမျိုးအစားတွေဟာ မြန်မာနိုင်ငံရဲ့ပုဂ္ဂလိကစီးပွားရေးကဏ္ဍမှာ ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစားတွေထဲကတစ်ခု ဖြစ်ပါတယ်။

အဲဒါကြောင့် ကိုယ့်အနေနဲ့လည်း HR နယ်ပယ်ထဲကို ပြောင်းရွေ့လုပ်ကိုင်ဖို့ ဒါမှမဟုတ် စတင်ဝင်ရောက်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် အခုအချိန်ဟာ တကယ်ကိုအခွင့်အခါသာတဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါဆို အခုအောက်တိုဘာလအတွင်းမှာ ဘယ်လိုမျိုးလုပ်ငန်းတွေက HR အလုပ်အကိုင်တွေကို အဓိကထားခေါ်ယူနေသလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အောက်မှာလေ့လာကြည့်လိုက်ပါနော်…

  1. Banking, Financial Services, Microfinance
  2. Telecommunications
  3. Construction, Building, Architecture
  4. Manufacturing
  5. Trading, Distribution, Import, Export
  6. Retail, Wholesale
  7. Real Estate, Property Development
  8. Insurance, Pensions
  9. Internet Services
  10. FMCG

HR ပညာရှင်တွေဟာ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေမှာ ဝန်ထမ်းတွေနဲ့လုပ်ငန်းရှင်တွေ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်စေဖို့အတွက် အဓိကကျတဲ့နေရာမှာတာဝန်ယူ လုပ်ဆောင်ပေးရတဲ့အလုပ်အကိုင်တစ်ခုဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့လုပ်ငန်းနယ်ပယ် ၁၀ ခုစာရင်းကနေ လတ်တလောမှာခေါ်ယူနေတဲ့ HR အလုပ်အကိုင်တွေအကြောင်းကို သိသွားပြီဆိုတော့ နောက်ထပ်သိသင့်တာက HR တစ်ယောက်အနေနဲ့ရပ်တည်ချင်တယ်ဆိုရင် ဘာတွေကိုပြင်ဆင်ထားရမလဲဆိုတာပါပဲ။ ကဲ... ဒါဆိုရင်… ဒီနေရာမှာ ဝင်ရောက်ပြီး ဆက်လက်လေ့လာဖတ်ရှုလိုက်ပါဦး။