16th November, 2018
အောက်တိုဘာလအတွင်း ခေါ်ယူမှုအများဆုံး အလုပ်အကိုင် (၁၀) ခု
Share
Blog Link Copied
အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို စတင်တော့မယ့် လူငယ်တွေရော အလုပ်ပြောင်းချင်တဲ့ လူတွေမှာ သိဖို့လိုအပ်တာက လုပ်ငန်းခေါ်ယူမှုတွေအကြောင်းပါ။ လက်ရှိမှာ ခေါ်ယူမှုများနေတဲ့ အလုပ်တွေ၊ ကုမ္ပဏီတွေအကြောင်းကို သိထားဖို့ အရေးကြီးပါတယ်။ ကိုယ့်အတွက် ဘယ်လိုအလုပ်မျိုးက သင့်တော်မယ်၊ ဘယ်လိုအလုပ်မျိုးကို လျှောက်သင့်တယ်ဆိုတာကို သိနေရင် အလုပ်အကိုင်ကောင်းတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နံပါတ်တစ် အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်တဲ့ JobNet မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ခေါ်ယူမှုအများဆုံး ဖြစ်ခဲ့တဲ့ အလုပ်အကိုင်ရာထူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Senior Accountant
၂။ Accountant
၃။ Site Engineer
၎။ HR Executive
၅။ Driver
၆။ Receptionist
၇။ Business Development Manager
၈။ Admin Assistant
၉။ Assistant Accountant
၁၀။ Cashier
အထက်ဖော်ပြပါ ရာထူးနေရာတွေဟာ လုပ်ငန်းရှင်တွေက Job Net ဝက်ဘ်ဆိုက်မှာ အောက်တိုဘာလအတွင်း ဝန်ထမ်းခေါ်ယူမှု အများဆုံး အလုပ်တွေ ဖြစ်ခဲ့ပါတယ်။ www.jobnet.com.mm မှာ နယ်ပယ်ပေါင်းစုံက အလုပ်အမျိုးအစားပေါင်း ၃၃ ခုကျော်ကို ဝင်ရောက်လေ့လာနိုင်ပြီး မိမိလျှောက်ထားလိုတဲ့ နေရာကို လျှောက်နိုင်ပါတယ်။
ပေါ်ပြူလာအဖြစ်ဆုံး အလုပ်နေရာ ၁၀ ခုမှာ ၃ ခုကတော့ စာရင်းကိုင် အလုပ်တွေ ဖြစ်နေတာကို တွေ့ရမှာပါ။ လုပ်ငန်းတွေ တိုးချဲ့လာကြတာနဲ့အမျှ စာရင်းကိုင်တွေကလည်း ပိုမို လိုအပ်လာပါတယ်။ စာရင်းကိုင်အလုပ် ခေါ်ယူနေမှုတွေကိုလည်း Job Net မှာ ဝင်ရောက် လျှောက်ထားနိုင်ပါတယ်။ စာရင်းအင်းနဲ့ ပတ်သက်တဲ့ ဘွဲ့ကို ရမထားဘူးဆိုရင်လည်း LCCI ၊ ACCA စတဲ့ ပြင်ပသင်တန်းတွေကို တက်ရောက်ပြီး စာရင်းကိုင်အလုပ်ကို ဝင်ရောက်လုပ်ကိုင်နိုင်မှာပါ။
အလုပ်ခေါ်စာတွေကို ကြည့်တဲ့အခါ ရာထူးနေရာခေါင်းစဉ်ကိုပဲ မကြည့်ပါနဲ့။ လုပ်ရမယ့် တာဝန်တွေကိုလည်း လေ့လာသင့်ပါတယ်။ တချို့လုပ်ငန်းတွေမှာ ရာထူးနေရာကို ကိုယ်မမြင်ဖူးတဲ့ အသုံးအနှုံးနဲ့ ဖော်ပြလေ့ရှိပါတယ်။ ဒါကြောင့် အလုပ်လျှောက်ဖို့အတွက် အလုပ်ခေါ်စာတွေကို ဖတ်တဲ့အခါတိုင်း ဖော်ပြချက်တွေကိုပါ ဖတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။