4th February, 2020

၂၀၂၀ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ

ကိုယ့်ရဲ့အနာဂတ်အတွက် အကောင်းဆုံးအလုပ်အကိုင်တွေက ဘာတွေဖြစ်မလဲ။ ဒီ ၂၀၂၀ ခုနှစ်အစပိုင်းရဲ့ အလုပ်အကိုင်ဈေးကွက်ထဲမှာရော ဘယ်လိုအပြောင်းအလဲတွေရှိနေမလဲ။ ဒီနေ့လက်ရှိမှာခေါ်ယူနေတဲ့အလုပ်အကိုင်တွေမှာ ကြိုးစားအားထုတ်ခြင်းအားဖြင့် မနက်ဖြန်ရဲ့အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေအတွက် ပြင်ဆင်တဲ့အခါမှာ အကူအညီကောင်းတွေဖြစ်နိုင်ပါ့မလား။

အများစုကတော့ ဒီမေးခွန်းတွေအတွက် တိကျတဲ့အဖြေတွေကိုလိုချင်ကြမှာပါပဲ။ ဒါပေမဲ့လည်း အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာကို ဘယ်သူမှသေချာမပြောနိုင်ကြပါဘူး။ အားလုံးလုပ်နိုင်တဲ့အရာတစ်ခုကတော့ အလုပ်အကိုင်ဈေးကွက်ထဲမှာဖြစ်ပေါ်နေတဲ့ အရင်နဲ့လက်ရှိအပြောင်းအလဲတွေအပေါ်မူတည်ပြီး ခိုင်လုံလက်တွေ့ကျတဲ့ခန့်မှန်းမှုကိုပြုလုပ်ပြီး နောက်ပိုင်းထွက်ပေါ်လာမယ့်အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် ကိုယ့်ရဲ့ CV ကိုအကောင်းဆုံးပြင်ဆင်နေဖို့ပါပဲ။

အခုဆိုရင် ၂၀၂၀ ခုနှစ်အစပိုင်းဖြစ်တဲ့ ဇန်နဝါရီလမှာခေါ်ယူမှုအများဆုံးဖြစ်နေတဲ့အလုပ်အကိုင်တွေကို JobNet.com.mm ရဲ့အလုပ်အကိုင်ခေါ်ယူမှုနဲ့ပတ်သက်တဲ့အချက်အလက်တွေအပေါ်အခြေခံပြီး ဖော်ပြပေးလိုက်ပါတယ်။

  1. Sales/Business Development
  2. Accounting/Finance
  3. Marketing/Media/Creative    
  4. IT Hardware/Software
  5. Engineering/Technical
  6. Administrative
  7. HR/Training and Recruitment
  8. Customer Service/Support
  9. Management
  10. Logistics/Distribution/Fleet

အထက်မှာဖော်ပြထားတဲ့အချက်အလက်တွေကို ကြည့်လိုက်မယ်ဆိုလျှင် Sales/Business Development, Accounting/Finance နဲ့ Marketing/Media/Finance အလုပ်အကိုင်အမျိုးအစားတွေဟာ ထိပ်ဆုံးမှာရပ်တည်နေတဲ့အလုပ်အကိုင်အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ အဲဒီအပြင် JobNet.com.mm ကထုတ်ပြန်ထားတဲ့ ၂၀၁၉ ခုနှစ်အတွက် နောက်ဆုံးသုံးလပတ်အလုပ်အကိုင်ဈေးကွက်အစီရင်ခံစာအရ ဒီအလုပ်အကိုင်အမျိုးအစား ၃ ခုဟာ ထိပ်ဆုံးမှာရပ်တည်နေခဲ့တဲ့လိုအပ်မှုအများဆုံးအလုပ်အကိုင် ၃ ခုဖြစ်ပြီး အခု ၂၀၂၀ ခုနှစ်မှာလည်း ၂၀၁၉ ခုနှစ်ရဲ့လက်ကျန်တွေဟာ ဆက်လက်အကျိုးသက်ရောက်နေပါတယ်။ စိတ်ဝင်စားစရာအချက်ကတော့ ဒီနှစ်အစမှာ ကုန်ပစ္စည်းတွေကိုသယ်ယူပို့ဆောင်ရေးနဲ့ ဖြန့်ချီရေးအလုပ်အကိုင်အမျိုးအစားတွေဟာ အလုပ်ခေါ်ယူမှုအများဆုံးစာရင်း ၁၀ ခုထဲမှာ ပါဝင်လာခဲ့ပါတယ်။

ကိုယ့်အနေနဲ့လည်း အလုပ်အကိုင်လမ်းကြောင်းတိုးတက်ဖို့အတွက် ဒီနှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ တွေ့ကြုံချင်တယ်ဆိုရင်အခုပဲ JobNet.com.mm အလုပ်အကိုင်ဝက်ဘ်ဆိုဒ်မှာခေါ်ယူနေတဲ့အလုပ်အကိုင်တွေထဲက ကိုယ်နဲ့သင့်တော်ကိုက်ညီတဲ့အလုပ်အကိုင်တွေကိုရှာဖွေပြီး လျှောက်ထားနိုင်ပါတယ်။ အလုပ်လျှောက်ထားတဲ့အခါမှာလည်း အောင်မြင်တဲ့အလုပ်လျှောက်ထားမှုဖြစ်ချင်တယ်ဆိုရင် အရေးကြီးဆုံးအချက်က JobNet Profile မှာ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ကိုယ်ရေးအချက်အလက်တွေကို ပြည့်ပြည့်စုံစုံဖြည့်သွင်းထားသင့်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့သတင်းတစ်ခုကတော့ JobNet.com.mm ကနေ လာမယ့်ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကျရင် မန္တလေးမြို့ Hotel Marvel မှာပြုလုပ်ကျင်းပမယ့် JobNATION အလုပ်အကိုင်ပြပွဲကြီးမှာ ထိပ်တန်းကုမ္ပဏီပေါင်း ၂၅ ကျော်ကနေ ခေါ်ယူသွားမယ့်အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာနဲ့တွေ့ဆုံဖို့ အခုပဲ ဒီနေရာမှာစာရင်းပေးသွင်းလိုက်ပါ။