16th June, 2020

၂၀၂၀ ၏ပထမနှစ်ဝက်အတွင်း ဘွဲ့ရပြီးခါစလူငယ်များကို ဦးစားပေးခေါ်ယူနေသောအလုပ်များ

ဘွဲ့ရပြီးခါစလူငယ်တစ်ယောက်အနေနဲ့ လုပ်ငန်းခွင်စတင်ဝင်ရောက်ဖို့အတွက် အလုပ်တစ်ခုကိုရှာဖွေနေတယ်ဆိုရင် အလုပ်အကိုင်ဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့အခွင့်အလမ်းတွေကိုသိထားတာက မိမိရဲ့အလုပ်အကိုင်လမ်းကြောင်းအတွက် အထောက်အကူဖြစ်ပါတယ်။ မိမိရဲ့အလုပ်အကိုင်လမ်းကြောင်းစတင်ဖို့ ပထမဆုံးခြေလှမ်းကိုဘယ်လိုမျိုးနဲ့ ဘယ်နေရာကိုလျှောက်လှမ်းရမလဲဆိုတဲ့အရာကို သိရှိအောင်လုပ်ရတာဟာ တစ်ခါတစ်လေမှာအနည်းငယ်တုန်လှုပ်စရာတော့ ကောင်းပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် လုပ်ကိုလုပ်ရမယ့်အရာတစ်ခုလည်း ဖြစ်ပါတယ်။

ကိုယ်ရွေးချယ်ထားတဲ့နယ်ပယ်မှာ လုပ်ငန်းခွင်စတင်ဝင်ရောက်မည့်ဘွဲ့ရလူငယ်ကို ရည်ရွယ်ခေါ်ယူထားတဲ့ အလုပ်အကိုင်ကောင်းတွေထဲကတစ်ခုကိုရရှိခြင်းက အဓိကကျတဲ့အလုပ်အကိုင်အတွေ့အကြုံတွေတိုးတက်ဖို့အတွက် အကူအညီဖြစ်စေသလို ကိုယ့်ရဲ့အနာဂတ်တက်လမ်းခရီးကိုလည်းဖြောင့်ဖြူးစေပါတယ်။ လုပ်ငန်းခွင်စတင်မယ့်သူတွေကို ရည်ရွယ်ထားတဲ့ Entry-level အလုပ်အကိုင်ကောင်းကောင်းကိုရှာဖွေတဲ့အခါမှာ လစာကောင်းတဲ့အချက်တစ်ခုတည်းကိုပဲ ကြည့်လို့မရပါဘူး။ အဲဒီအလုပ်အတွက် ဘယ်လိုမျိုးအခြေခံလိုအပ်တဲ့ဗဟုသုတ၊ ပညာအရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေလိုအပ်သလဲ ဆိုတာကိုလည်းသိရပါမယ်။ ဘယ်လိုအလုပ်အကိုင်ကဏ္ဍတွေက လိုအပ်မှုအများဆုံးတွေဖြစ်နေသလဲဆိုတာနဲ့ ရွေးချယ်လိုက်တဲ့အလုပ်အကိုင်တစ်ခုက ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို ဘယ်နေရာအထိရောက်အောင်ခေါ်သွားနိုင်သလဲအစရှိတာတွေကိုပါ လေ့လာရမှာဖြစ်ပါတယ်။

အဲဒါကြောင့် အခု ၂၀၂၀ ရဲ့ပထမနှစ်ဝက်အတွင်းမှာ ဘယ်လိုအလုပ်အကိုင်မျိုးတွေက လုပ်ငန်းခွင်စတင်ဝင်ရောက်မယ့်သူတွေကို ဦးစားပေးခေါ်ယူနေသလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

  1. Sales/Business Development
  2. Accounting/Finance
  3. Customer Service/Support
  4. Marketing/Media/Creative
  5. Administrative
  6. Engineering/Technical
  7. IT Hardware/Software
  8. HR/Training and Recruitment
  9. Procurement/Supply Chain
  10. Logistics/Distribution/Fleet

အထက်မှာဖော်ပြခဲ့တဲ့ ထိပ်တန်းအလုပ်အကိုင် ၁၀ ခုဟာဆိုရင် ယခုပထမနှစ်ဝက်အတွင်းမှာ ဘွဲ့ရပြီးခါစလူငယ်တွေကို ဦးစားပေးခေါ်ယူနေတဲ့ Entry-level အလုပ်အကိုင်တွေပဲဖြစ်ပါတယ်။ အဲဒီအလုပ်အကိုင်တွေကိုဝင်ရောက်ကြည့်ရှုပြီး မိမိနဲ့ကိုက်ညီတဲ့အလုပ်တွေကိုလျှောက်ထားချင်တယ်ဆိုရင် www.jobnet.com.mm မှာစာရင်းပေးသွင်းပြီး ကိုယ့်ရဲ့ JobSeeker Profile မှာ အလုပ်အကိုင်အချက်အလက်တွေကို ပြည့်စုံအောင်ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်။

ယခုဖော်ပြခဲ့တဲ့အလုပ်အကိုင်တွေအပြင် လတ်တလောအလုပ်အကိုင်ဈေးကွက်မှာခေါ်ယူနေတဲ့ entry-level အလုပ်အကိုင်တွေအားလုံးကို လေ့လာချင်တယ်ဆိုရင်လည်း ဒီနေရာမှာလေ့လာနိုင်ပါတယ်။

ဆက်လက်ဖတ်ရှုရန် >>> အလုပ်အတွေ့အကြုံမရှိတဲ့သူတစ်ယောက်ရဲ့ CV မှာဘာတွေပါဝင်သင့်သလဲ