20th January, 2021

၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ကျန်းမာရေးပြဿနာတွေနဲ့ လူမှုစီးပွားရေးဆိုင်ရာစိန်ခေါ်မှုတွေဟာ အလုပ်အကိုင်ကဏ္ဍမှာပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီလိုပြောင်းလဲမှုတွေထဲကမှ အကြီးမားဆုံးပြောင်းလဲမှုကတော့ စီးပွားရေးလုပ်ငန်းနယ်ပယ်အားလုံးမှာ နည်းပညာတိုးတက်မှုတွေပဲဖြစ်ပါတယ်။

အဲဒီလို လျှင်လျှင်မြန်မြန်ပြောင်းလဲတိုးတက်လာတဲ့အခြေအနေမှာ  အလုပ်အကိုင်လမ်းကြောင်းတစ်ခုကိုပြောင်းလဲဖို့ ဒါမှမဟုတ် ရွေးချယ်ဖို့အတွက်ဆုံးဖြတ်နေတယ်ဆိုရင် လက်ရှိမှာခေါ်ယူမှုများနေတဲ့အလုပ်တွေကို လေ့လာစုံစမ်းနေတာဟာ တကယ်ကောင်းမွန်တဲ့အစကောင်းတစ်ခုပါပဲ။ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ခေါ်ယူနေတဲ့နယ်ပယ်တွေကိုသိရှိထားခြင်းဟာလည်း ရည်မှန်းထားတဲ့အလုပ်အကိုင်တစ်ခုကိုရရှိနိုင်ဖို့အတွက် ကိုယ့်ရဲ့အချိန်တွေကို အကျိုးရှိရှိအသုံးခြင်းပဲဖြစ်ပါတယ်။

အဲဒါကြောင့် အရှိန်အဟုန်အပြည့်နဲ့ပြောင်းလဲနေတဲ့စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ အလုပ်အကိုင်အသစ်တွေကို ရှာဖွေနေသူတွေအတွက် JobNet.com.mm ကနေ ၂၀၂၁ ခုနှစ်အစပိုင်းမှာ ရေးပန်းအစားဆုံးဖြစ်နေတဲ့အလုပ်အကိုင် ၁၀ ခုကိုဖော်ပြပေးလိုက်ပါတယ်။

1.    Sales, Business Development

2.    Administrative

3.    Finance, Accounting

4.    Customer Service, Support

5.    Marketing, Media, Creative

6.    Engineering, Technical, HSE

7.    IT Hardware, Software

8.    Driver, Delivery, Motorbike

9.    HR, Training and Recruitment

10. Manufacturing, Garments

အထက်မှာဖော်ပြထားတဲ့ ဇန်နဝါရီလအတွင်းခေါ်ယူမှုအများဆုံးအလုပ်အကိုင် ၁၀ ကိုလေ့လာကြည့်လိုက်တဲ့အခါမှာ အရောင်းပိုင်း၊ ရုံးပိုင်းဆိုင်ရာစီမံခန့်ခွဲမှုပိုင်း၊ ငွေကြေးနဲ့စာရင်းကိုင်၊ ဝန်ဆောင်မှုပိုင်းနဲ့ ဈေးကွက်ရှာဖွေရေးပိုင်းတွေဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်ကဏ္ဍမှာ ဘယ်အခြေအနေမှာမဆို ရေပန်းအစားဆုံးအလုပ်အကိုင်တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ထူးခြားချက်ကတော့ ပြောင်းလဲလာတဲ့လူမှုဘဝနေထိုင်ပုံစံတွေနဲ့ နည်းပညာကိုအသုံးချမှုတွေများပြားလာတဲ့အတွက်ကြောင့် နည်းပညာအလုပ်အကိုင်တွေနဲ့ ပို့ဆောင်ရေးအလုပ်အကိုင်တွေကို ခေါ်ယူမှုတွေများပြားလာပါတယ်။ နောက်ဆုံးအချက်ကတော့ ဒီနှစ်ပိုင်းမှာ ကုန်ထုတ်လုပ်မှုတွေပြန်လည်လည်ပတ်လာတဲ့အတွက်ကြောင့်လည်း အဲဒီအလုပ်အကိုင်တွေကိုအများအပြားခေါ်ယူနေပါပြီ။

စိန်ခေါ်မှုတွေကြားကနေ ကိုယ်နဲ့အမှန်တကယ်ကြိုက်ညီတဲ့အလုပ်အကိုင်တွေကို တွေ့ရတတ်ပါတယ်။ အဲဒါကြောင့် အခုလတ်တလောမှခေါ်ယူနေတဲ့ အထက်ကအလုပ်အမျိုးအစားတွေပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြားအလုပ်အကိုင်အမျိုးအစားတွေပဲဖြစ်ဖြစ်လေ့လာပြီး ကိုက်ညီတဲ့အလုပ်တွေ့ပါကလျှောက်ထားချင်တယ်ဆိုရင် အခုပဲ JobNet.com.mm မှာစာရင်းပေးသွင်းပြီး လျှောက်ထားနိုင်ပါတယ်။ အရေးကြီးဆုံးကနေ ကိုယ့်ရဲ့ JobSeeeker Profile ကိုမှန်မှန်ကန်ကန်နဲ့ ပြည့်ပြည့်စုံစုံဖြည့်စွက်ပြီး ဆွဲဆောင်မှုရှိပြီးသေချာပြင်ဆင်ထားတဲ့ CV ကိုသေချာချိတ်တွဲပြီးလျှောက်ဖို့ပါပဲ။