Yangon Region Chief Minister U Phyo Min Thein received Myanmar Employer Awards committee at 5:00 Pm on June 19 at Yangon Region Government office. During the meeting, matters relating to the vision and mission of the Myanmar Employer Awards were discussed.
During his address to the MEA, he welcomed the MEA’s Program, saying that it will strongly support the development of the human resources and private sector.
“The MEA will bring good things for our country. Strong competition is accelerating development and change. The MEA will support the development of employment and private sector”.
Representatives from JobNet.com.mm, the MEA’s supporting partner, included Justin Sway CEO, and Matt De Luca Managing Director, who said that the Myanmar Employer Awards (MEA) 2018 will held on Friday 30 November. This year’s awards will build on the MEA’s mission, to support and encourage excellence in human resource management in Myanmar.
Matt said “The Myanmar Employer Awards serve to support and recognize employers for their outstanding achievements and consistent efforts in effective HR best practices, including work-place culture and environment”.
He said again that, growing competition among companies to attract and retain employees meant that it is especially important to develop the human resources management behavior throughout the country.
The inaugural Myanmar Employer Awards in 2017 attracted 120 competitor companies, and Matt said this year they are expecting around 200 companies to participate.
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မြန်မာ့ အလုပ်ရှင် ဆုပေးပွဲ ကော်မတီကို လက်ခံတွေ့ဆုံ
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာ့အလုပ်ရှင် ဆုပေးပွဲကော်မတီ ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးတွင် လက်ခံ တွေ့ဆုံပြီး မြန်မာ့လုပ်ငန်းရှင်များ ဆုပေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ရှေ့ဆက်လုပ်ကိုင်ရမည်များကို ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု ဖွံ့ဖြိုးရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံဖြိုးရေးအတွက် အထောက်အကူ များစွာ ပေးနိုင်သည့် မြန်မာ့လုပ်ငန်းရှင်များ ဆုပေးပွဲကဲ့သို့ အစီအစဉ်များ ပေါ်ပေါက်လာခြင်းကို ကြိုဆိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
“ကျနော်တို့ နိုင်ငံအတွင်းမှာ ဒီလိုအစီအစဉ်မျိုး ရှိတာ ကောင်းပါတယ်။ ယှဉ်ပြိုင်လိုစိတ်ရှိတာနဲ့ သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှုက ပိုမိုအရှိန်ရလာမယ်။ မြန်မာနိုင်ငံရဲ့ အလုပ်ရှင်ကဏ္ဍ ဖွံဖြိုးရေးနဲ့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် အများကြီး အထောက်အကူပြုပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာလုပ်ငန်းရှင်များ ဆုပေးပွဲကော်မတီကို အဓိကပံ့ပိုးကူညီလျက်ရှိသည့် JobNet.com.mm ၏ အမှုဆောင်အရာရှိချုပ် Mr.Justin Sway နှင့် Mr.Matt De Luca တို့ တက်ရောက်ကာ မြန်မာလုပ်ငန်းရှင်များ ဆုပေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို တင်ပြခဲ့သည်။
လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ဆိုင်ရာ အလေ့အထကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် ရည်ရွယ် ကာ မြန်မာ့လုပ်ငန်းရှင်များ ဆုပေးပွဲ Myanmar Employer Awards ကို ၂၀၁၇ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလ တွင်လည်း ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့လုပ်ငန်းရှင်များ ဆုပေးပွဲကို အဓိကပံ့ပိုးလျက်ရှိသည့် Jobnet.com.mm ၏ အုပ်ချုပ်မှု ဒါရိုက်တာ Mr.Matt De Luca က ပြောသည်။
အုပ်ချုပ်မှု ဒါရိုက်တာ Matt က “မြန်မာ့လုပ်ငန်းရှင် ဆုပေးပွဲဟာ ကျနော်တို့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းခွင် ဝန်းကျင်၊ လုပ်ငန်းခွင် ယဉ်ကျေးမှု စတာတွေ အပါအဝင် လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာ အကောင်းဆုံး အလေ့အထတွေ ထွက်ပေါ်လာအောင် အားစိုက်ဆောင်ရွက်နေမှုနဲ့ အောင်မြင်မှု တွေကို အသိအမှတ်ပြု ပံ့ပိုးပေးနိုင်ဖို့ အတွက် ရည်ရွယ်ပြု လုပ်တာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။