26th July, 2018

စီးပွားရေးလုပ်ငန်းများအတွက် Digital Marketing ၏ အရေးပါမှု

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှု တဟုန်ထိုး တိုးတက်လာသည့် အကျိုးဆက်က ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ဈေးကွက်ဝန်ဆောင်မှု ကြော်ငြာရာတွင် အသုံးချရမည့်လမ်းကြောင်းအသစ်ခု ဖြစ်လာစေခဲ့သည်။ တီဗီ၊ ရေဒီယို၊ စာနယ်ဇင်း အစရှိသည့် လမ်းကြောင်းများတွင် ကြော်ငြာသည့် သမားရိုးကျအဆင့်မှ အင်တာနက်ပေါ်သို့ လုပ်ငန်းအသီးသီး မဖြစ်မနေ ခုန်တက်လာရသည်။ လက်ရှိအပြောင်းအလဲက အချို့သောလုပ်ငန်းများအတွက် Digital Marketing ကို အသုံးချရန် အဆင်သင့်မဖြစ်သေး။ လုပ်ငန်းကြီးမျာားကမူ ယင်းနည်းလမ်းကို ပြည့်ပြည့်ဝဝ အသုံးချနေပြီဖြစ်သည်။ JobNet က ယခုတင်ဆက်မည့် အကြောင်းအရာမှာ မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ်မှာ Digital Marketing အခန်းကဏ္ဍ မည်မျှအရေးကြီးသည်ဟူသောအကြောင်းအရာအား ဆွေးနွေးမှုဖြစ်သည်။ အထက်ပါခေါင်းစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ Digital Marketing နယ်ပယ်မှ ကျွမ်းကျင်သူများ၏ ဆွေးနွေးမှုများကို မေးမြည်းကာ စုစည်းတင်ဆက်လိုက်ပါသည်။

 

_ ကိုရန်နိုင်ဦး (Digital Marketing Consultant)

 

Digital Marketing က ဒီနေ့ခတ်မှာ ဘယ်လောက်အရေးပါလဲ

“Digital Marketing ဘယ်လောက်အရေးပါလဲဆိုတာ အလုပ်ဖြစ်တယ်ဆိုတဲ့ ရှုထောင့်ကနေစဉ်းစားရင် သိနိုင်တယ်။ အလုပ်ဖြစ်တယ်၊ Business ကို ပိုပြီးတော့အထောက်အကူပြုတယ်၊ ပိုပြီးတော့ကောင်းစေတယ်ဆိုတာက အေဂျင်စီတွေများလာတာရော Digital Marketer တွေ များလာတာရော Digital Marketing သင်တန်းတွေများလာတာရော ကြည့်ရင် ဘယ်လောက်အရေးပါတယ်ဆိုတာ သိနိုင်ပါတယ်”


Digital Marketing အကူးအပြောင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေ ဘာတွေပြင်ဆင်ထားသင့်လဲ
Offline ကနေ Digital Marketing  ကူးမယ်ဆိုရင် ပြီးပြီးရော အေဂျင်စီတစ်ခုအပ်လိုက်သည်သော်လည်းကောင်း၊ လူခန့်လိုက်သည်သော်လည်းကောင်း ဒါနဲ့တင်မပြီးသွားဘူး။ ပိုင်ရှင်ကိုယ်၌က Digital Marketing ဆိုတာဘာလဲ၊ Social Media ဆိုတာ ဘာလဲဆိုတာ အခြေခံအသိပညာလေးတော့ ရှိထားသင့်တယ်လို့ ကျွန်တော်ထင်တယ်။ အဲ့ဒီအခြေခံအသိပညာရှိထားတော့မှ ဒါမျိုးကလုပ်သင့်တယ်၊ ဒါမျိုးက မလုပ်သင့်ဘူးဆိုတာကို ကျွန်တော်တို့က နားလည်မှာ။ ထပ်ပြောရမယ်ဆိုရင် ပိုင်ရှင်ကိုယ်၌က ဆုံးဖြတ်မယ့်လူကိုယ်၌က အချိန်ပေးဖို့လိုတယ်။

နောက်တစ်ခုက စတိုရီတစ်ခုပဲဖန်တီးတာမဟုတ်ဘူး ဒီကုမ္ပဏီရဲ့ Business ရဲ့ စတိုရီပေါင်းများစွာကို ဖန်တီးရတာဖြစ်တဲ့အတွက် ပိုပြီးတော့အချိန်ပေးရတယ်။ နောက်ဆုံးတစ်ခု … ကိုယ့်အကြောင်းကို ကိုယ်ဘယ်လိုပြောမလဲ၊ သူများစိတ်ဝင်စားအောင် ဘယ်လိုပြောမလဲဆိုတဲ့ အတတ်ပညာ၊ ကျွန်တော်တို့ကတော့ Content Marketing လို့ ခေါ်တာပေါ့။

Digital Marketing ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲ
“Digital Marketing ဆိုတဲ့ ကိုယ်၌က Digital ဆိုတာသည် ပလတ်ဖောင်း Marketing သည် အတတ်ပညာ။ ဆိုလိုတဲ့သဘောက Digital ပလတ်ဖောင်းတွေကို အသုံးပြုပြီးတော့ လူတွေကို ကိုယ့်ရဲ့စီးပွားရေးအကြောင်း ဒါမှမဟုတ် ကိုယ့်အကြောင်း ဒါမှမဟုတ် ကိုယ်သိစေချင်တဲ့အကြောင်းကို သိအောင်လုပ်ခြင်းသည် Digital Marketing လို့ပဲ ယူဆလို့ရတယ်”

 

_ မချမ်းမြေ့ခိုင် (Head of Operations, Amara Digital Marketing Agency)

Digital Marketing က ဒီနေ့ခတ်မှာ ဘယ်လောက်အရေးပါလဲ
“Brand တွေက တခြား Brand လုပ်လို့ရှိရင် ငါလည်းလုပ်မှရမယ်ဆိုပြီးတော့ လိုက်လုပ်တဲ့အခါကျတော့ ဘာလုပ်ရမှန်းသိပ်မသိသေးရင်တောင် Brand တွေက ဝင်ဝင်ပြီးလုပ်ကြတော့ မြန်မာနိုင်ငံမှာကတော့ အရမ်းကိုပွင့်လင်းပြီးတော့ ဖွံ့ဖြိုးစပြုနေပြီလို့ ပြောလို့ရပါတယ်”

Digital Marketing အကူးအပြောင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေ ဘာတွေပြင်ဆင်ထားသင့်လဲ

Digital Marketing မှာ ကျတော့ user တွေနဲ့ ပိုပြီးတော့ သူတို့နဲ့ဆက်ဆံရေးကို တည်ဆောက်ရတယ်။

သူတို့နဲ့ပိုပြီးတော့ ဆက်ဆံရေးကို တည်ဆောက်ပြီးတော့ ကိုယ့်ရဲ့အမှတ်တံဆိပ်အပေါ် လူတွေအမြင်ကောင်းလာအောင် အဲ့လိုမျိုး လုပ်ရတဲ့အပိုင်းကိုသွားတယ်။ ဒါပေမဲ့ မြန်မာပြည်က လုပ်ငန်းရှင် အထူးသဖြင့် ပြည်တွင်းလုပ်ငန်းရှင်အတော်များများကကျတော့ သူတို့က ကြော်ငြာမယ် ကြော်ငြာခသုံးမယ်ဆိုရင် ဒစ်ဂျစ်တယ်ပဲဖြစ်ဖြစ် offiline မှာပဲ ဖြစ်ဖြစ် သူတို့အနေနဲ့ Sales ကို ဦးတည်တာများတယ်။ Digital Marketing ကနေ Sales လုပ်လို့မရဘူးလို့ ပြောမဟုတ်ဘူး။ လုပ်လို့ရတယ်။ ဒါပေမဲ့ အဲ့တစ်ခုတည်းကိုပဲအာရုံစိုက်နေရင်ကျတော့ Digital Marketing က ပေးနိုင်တဲ့ အကျိုးရလဒ်တွေကို အကုန်မသုံးနိုင်ဘူး ဖြစ်နေတာပေါ့နော်။ အဲ့ဒီတော့ ဈေးရောင်းရဖို့ရယ်၊ Sales ရလဒ်တက်ဖို့အပြင် ကိုယ့်အမှတ်တံဆိပ်ရဲ့ ဂုဏ်သိက္ခာပေါ့ ၊ လူတွေ ကိုယ့်အမှတ်တံဆိပ်အပေါ် ကောင်းတဲ့အမြင် ဖြစ်လာအောင် လုပ်တဲ့အပိုင်းမှာလည်း အာရုံစိုက်ဖို့လိုတယ်လို့ထင်ပါတယ်။”


Digital Marketing ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲ
“ Digital Marketing က အလွယ်ဆုံးပြောလို့ရှိရင်တော့ ပုံမှန် ဈေးကွက်ချဲ့ထွင်တာကို ဒစ်ဂျစ်တယ်နည်းလမ်းတွေနဲ့ လုပ်တာပေါ့။ ဒစ်ဂျစ်တယ်နည်းလမ်းဆိုတဲ့နေရာမှာ သမားရိုးကျ offline က တီဗီ၊ ရေဒီယို၊ မဂ္ဂဇင်းမှာ ကြော်ငြာတာမျိုးမဟုတ်ဘဲနဲ့ အင်တာနက်ကို အဓိကသုံးပြီးတော့ ကြော်ငြာတယ်။ အဲ့ဒီနေရာမှာ ဆိုရှယ်မီဒီယာကိုသုံးချင်သုံးမယ်၊ တခြား search engine တွေ၊ အင်တာနက်မှာရှိသမျှ ဘယ်ဟာကိုသုံးလို့ရမလဲ၊ သုံးလို့ရသမျှ သုံးပြီးတော့ ကြော်ငြာတယ်။


_ ဒေါ်ဝတ်ရည်ချမ်း (CEO, Groupbuyy)

Digital Marketing က ဒီနေ့ခတ်မှာ ဘယ်လောက်အရေးပါလဲ
“ အရင်တုန်းကတော့ သိပ်မသိသာဘူး။ ဒါပေမဲ့ ဒီနှစ်ပိုင်းမှာတော့ Digital Marketing က over 50% လောက် အရေးပါလာတယ်လို့မြင်တယ်။ လုပ်ငန်းတစ်ခုမှာ Brandတစ်ခုဖောက်တာပဲဖြစ်ဖြစ် product တစ်ခု launch လုပ်တာပဲဖြစ်ဖြစ် ၅၀% ကျော်ကျော်လောက်ကို အရေးပါလာတယ်လို့မြင်တယ်။ ဒါကြောင့် ရှိသင့်တဲ့ Department တစ်ခုလည်း ဖြစ်ပါတယ်”


Digital Marketing အကူးအပြောင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေ ဘာတွေပြင်ဆင်ထားသင့်လဲ
“ Open minded ဖြစ်ဖို့လိုတယ်။ အရင်တုန်းက Traditional ကနေ Digital ကို သွားနေပြီဆိုတာကိုလည်း သဘောပေါက်ရမယ်။ မားကတ်အခြေအနေကို နားလည်ရမယ်။ ငါတို့ဒါကိုပြောင်းလဲဖို့လိုနေပြီပေါ့။ ပြီးတော့အခါကျတော့ သုံးစွဲတဲ့ငွေကြေးမှာ Cost efficiency ရှိဖို့လိုတယ်။ အဲ့ကျတော့မှ Cost efficiency ရှိမှရမှာဆိုတဲ့အတွက် ကျွမ်းကျင်တဲ့ expert တွေ ၊ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ ၊ Marketing specialist တွေ အဲ့လိုမျိုးလေးတွေခေါ်ပြီး အလုပ်ခန့်နိုင်ဖို့က အရေးကြီးတယ်။ ရှိသမျှပိုက်ဆံတွေကို အကုန် ပုံအောပြီးကြော်ငြာနေတာမျိုး မဟုတ်ဘဲနဲ့ စည်းစနစ်လေးနဲ့ လမ်းမှန်မှန်လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။”

 

Digital Marketing ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲ

“ အရှင်းဆုံး ပြောရမယ်ဆိုရင်တော့ Digital Marketing ဆိုတာက အင်တာနက်ကိုအသုံးပြုပြီးတော့ အများသူငှာသိအောင် ကိုယ့် product တွေကို Marketing လုပ်တာက Digital Marketing ပဲပေါ့”



_ ဦးအောင်သူရ (Chief Strategic, Ignite Marketing Communication)
Digital Marketing က ဒီနေ့ခတ်မှာ ဘယ်လောက်အရေးပါလဲ

“ အခုခေတ်မှာ Digital Marketing က အရေးကြီးပါတယ်၊ ဒါပေမဲ့ အရေးကြီးဆုံးတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မားကတ်တင်းသဘောတရား အခြေခံကိုပိုင်နိုင်တဲ့အချိန်မှာ ဒစ်ဂျစ်တယ်မားကတ်တင်းက သူ့ရဲ့ အရေးပါတဲ့လိုင်းတစ်ခုလို့ ထင်ပါတယ်”

Digital Marketing အကူးအပြောင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေ ဘာတွေပြင်ဆင်ထားသင့်လဲ
“အဓိက ပြင်ဆင်သင့်တာကတော့ Marketing မှာ Digital Marketing ရဲ့ ကဏ္ဍကို ဘယ်လိုပါဝင်ရမလဲ ဆိုတာကို နားလည်ဖို့ လိုပါတယ်”