ဘ၀မှာ ပြောင်းလဲမလား၊ လက်ရှိ အခြေအနေကို လက်ခံထားမလားဆိုတာ ကိုရွေးချယ်ရပါတယ်။ လက်ရှိဘ၀အခြေ အနေကို လက်ခံမထားနိုင်ရင် ပြောင်းလဲရပါမယ်။ မပြောင်းလဲနိုင်ရင်တော့ လက်ရှိ အခြေအနေကို လက်ခံလိုက်ရုံမှတခြား အခြားမရှိနိုင်ပါဘူး။ ပြောင်းလဲတာနဲ့ပတ် သက်ပြီး အီတလီနိုင်ငံသား စာရေးဆရာ Niccolo Machiavelle အခုလိုပြော ခဲ့ဖူးပါတယ်။ ‘‘အပြောင်းအလဲတိုင်းက အခြား အပြောင်းအလဲများဖြစ်ပေါ်လာစေဖို့ လမ်းစဖွင့်ထားစမြဲဖြစ်တယ်’ အပြောင်းအလဲလုပ်ရာမှာရင်ဆိုင်ရ မယ့် စိန်ခေါ်မှုတွေ၊ ကြုံတွေ့ရမယ့်ဖြစ်လေ့ ဖြစ်ထရှိတဲ့အမှားတွေရှိပါတယ်။ အခုတစ်ပတ်မှာတော့ အပြောင်းအလဲကိုစီမံခန့်ခွဲ ရာမှာ ရှောင်ကျဉ်ရမယ့်အမှားတွေကိုဖော် ပြပေးချင်ပါတယ်။
အပြောင်းအလဲကိုစီမံ ခန့်ခွဲရာမှာရှောင်ကျဉ်ရမယ့်အမှားတွေရှိပါ တယ်။ တချို့အဖွဲ့အစည်းတွေ၊ လုပ်ငန်း တွေမှာကိုယ်တိုင်အမှားလုပ်မိလို့လုပ်မိမှန်း မသိဘဲနဲ့မှားတတ်ပါတယ်။
အောင်နိုင်ဖို့အတွက် နည်းဗျူဟာမရှိတာ
ကိုယ့်ရဲ့အဖွဲ့အစည်း၊ လုပ်ငန်းဌာန တွေမှာ နည်းဗျူးဟာမရှိတာကလည်း ဦး တည်ချက်မရှိဘဲ လမ်းပျောက်နေတဲ့ယာဉ် တစ်ခုလိုပါပဲ။ အပြောင်းအလဲကိုစီမံခန့်ခွဲ ရာမှာ နည်းဗျူးဟာကအရေးကြီးပါတယ်။ ကိုယ်ကဘယ်သွားချင်မှန်းမသိ၊ ရောက်နေ တဲ့နေရာက ဘယ်နေရာမှန်းမသိ၊ ဦးတည် ချက်မရှိဘဲ ရောက်ရာပေါက်ရာသွားနေလို့ မဖြစ်ပါဘူး။ သတ်မှတ်ချက်တစ်ခုရှိရပါ မယ်။ တစ်နည်းအားဖြင့် နည်းဗျူဟာတစ် ခုရှိရပါမယ်။ နည်းဗျူဟာမရှိတဲ့တိုက်ပွဲက အရှုံးနဲ့အဆုံးသတ်ရမှာပဲဖြစ်ပါတယ်။
လုံလောက်တဲ့ခေါင်းဆောင်မှုမရှိတာ
ခေါင်းဆောင်တော်တော်များများက စီမံခန့်ခွဲမှုကို အလွန်အကျွံ့အာရုံစိုက်ကြပြီး တော့ ခေါင်းဆောင်မှုတွေမှာအားနည်း တတ်ကြပါတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်မှာရှိရမယ့် ခေါင်းဆောင်မှု အရည်အချင်း၊ အရည်အသွေးနဲ့ စီမံခန့်ခွဲ တို့ကိုဘက်ညီအောင် မျှတအောင်အသုံးပြု သင့်ပါတယ်။ အပြောင်းအလဲကိုစီမံခန့်ခွဲ ရာမှာ ဖြစ်တတ်တဲ့အမှားတစ်ခုက လုံ လောက်တဲ့ခေါင်းဆောင်မှုမပေးနိုင်တာက လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ကျွမ်းကျင်မှုနဲ့ ရင်းမြစ်အားနည်းတာ
အပြောင်းအလဲဆိုတာ ပန်းတိုင်တွေ ကိုကျော်ဖြတ်ပြီး တိုက်တွန်းနှိုးဆော်မှုမပါဘဲ မဖြစ်လာနိုင်ပါဘူး။ မှန်ကန်တဲ့ကျွမ်း ကျင်မှုနဲ့ရင်းမြစ်တွေအားနည်းတာကလည်း အပြောင်းအလဲကိုစီမံခန့်ခွဲတဲ့နေရာမှာ မှား တတ်တဲ့အမှားတစ်ခုပါ။ အဖွဲ့အစည်းတိုင်း ကတစ်ခါတလေမှာ ရိုးရှင်းစွာကျရှုံးတတ်ပါ တယ်။ အဲဒါက လုံလောက်တဲ့အချိန်တွေ ရယ်၊ လူတွေရယ်၊ အလုပ်ကိုအပြောင်း လဲဖြစ်စေတဲ့အင်အားတွေကိုဆုံးရှုံးလိုက်ရ လို့ပါ။ အပြောင်းအလဲကိုစီမံခန့်ခွဲရာမှာ လူသားရင်းမြစ်တွေကလည်းအရေးကြီးသလို အပြောင်းအလဲကိုဖြစ်စေတတ်တဲ့အချိန် ကလည်းအရေးကြီးပါတယ်။
ရေရှည်အကျိုးကိုသာ အာရုံစိုက်တာ
ရေရှည်အကျိုးကိုသာအာရုံစိုက် တာကအဖွဲ့အစည်းတွေအတွက်အပြောင်း အလဲကိုစီမံခန့်ခွဲရာမှာ ရှောင်ရမယ့်အမှား လို့ဆိုပါတယ်။ အဲဒီအတွေးအမြင်တွေကို စွန့်လွတှ်လိုက်ပါ။ သေးငယ်တဲ့ရေတိုပန်း တိုင်တွေနဲ့ ရေတိုအောင်မြင်မှုတွေကတစ် ဆင့် အခွင့်အလမ်းတစ်ခုစီတိုင်းကိုရယူနိုင် ပါတယ်။ ရေရှည်အကျိုးစီးပွားကိုအာရုံစိုက် ပြီးရေတိုအကျိုးစီးပွားကိုလျစ်လျူရှုတာက လည်း အောင်မြင်သင့်သလောက်မအောင် မြင်တဲ့အကြောင်းအချက်တစ်ခုဖြစ်နေပါ တယ်။ အဖွဲ့အစည်းတိုင်းမှာ ရေတို၊ ရေရှည် အကျိုးနှစ်ရပ်စလုံးကို အာရုံစိုက်သင့်ပါ တယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အသင်းအဖွဲ့နဲ့ဆိုင် တဲ့အလေ့အထတွေကို မသိကျိုးကျွံ့ ပြုတာ
အပြောင်းအလဲလုပ်တဲ့အဖွဲ့အစည်း တိုင်းကြုံရတာက စိန်ခေါ်မှုတွေကိုပါ။ နဂို ရှိရင်းစွဲအနေအထားထက် သိသိသာသာ ပိုပြီးပြောင်းလေ စိန်ခေါ်မှုများလေလေပါပဲ။ အဖွဲ့အစည်းနဲ့ဆိုင်တဲ့၊ အသင်းအဖွဲ့နဲ့ ဆိုင်တဲ့အလေ့အထတွေကို မသိကျိုးကျွံ့ပြု နေတာကလည်း အပြောင်းအလဲကိုစီမံခန့် ခွဲရာမှာ ရှောင်သင့်တဲ့အမှားတစ်ခုပါ။ အပြောင်းအလဲလို့ဆိုရာမှာ လူအား လုံးက အပြောင်းအလဲဆိုတာကိုလက်ခံ တာတော့မဟုတ်ပါဘူး။ နဂိုရှိရင်းစွဲအခြေ အနေအတိုင်းလည်ပတ်သွားချင်တဲ့သူတွေ ရှိသလို၊ လက်ရှိအခြေအနေကိုပြောင်းလဲ ပစ်ချင်သူတွေလည်း မနည်းပါဘူး။ t ပြောင်းအလဲဆိုရာမှာ ကောင်းတဲ့အပြောင်း အလဲလည်းရှိသလို၊ မကောင်းတဲ့အပြောင်း အလဲလည်းရှိပါတယ်။ မကောင်းတဲ့အ ပြောင်းအလဲနဲ့ ပြောင်းလဲဖို့ဦးတည်နေတဲ့ ကုမ္ပဏီအဖွဲ့အစည်းဆိုရင်တော့အဲဒီ ကုမ္ပဏီရဲ့အနာဂတ်က ရင်လေးစရာပါပဲ။ အပြောင်းအလဲကိုစီမံခန့်ခွဲရာမှာ ကောင်း သောပြောင်းလဲခြင်းနောက်ကိုမလိုက်ဘဲ မသိကျိုးကျွံ့ပြုနေတာကလည်း ရှောင်သင့် တဲ့အမှားတစ်ခုဖြစ်ပါတယ်။
ပျော်ပွဲရွှင်ပွဲ တွေ အလွန်အကျွံကျင်းပတာ
အဖွဲ့အစည်းတွေမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ၊ အစီအစဉ်အသစ်တွေနဲ့ အတူ ကြီးမားတဲ့အခမ်းအနားတွေ၊ ပျော် ပွဲရွငှ်ပွဲတွေကျင်းပလေ့ရှိပါတယ်။ ဒါက အပြောင်းအလဲကို စီမံခန့်ခွဲရာမှာ ရှောင်ရ မယ့် အမှားတစ်ခုဖြစ်နေပါတယ်။
နည်းလမ်းဟောင်းအတိုင်းသွားတာ
ကိစ္စရပ်တစ်ခုခုကိုထပ်ခါထပ်ခါ နည်းလမ်းတစ်ခုထဲအသုံးပြုပြီးလုပ်ကိုင်တာ ကလည်း အပြောင်းအလဲကိုစီမံခန့်ခွဲရာမှာ ရှောင်သင့်တဲ့အချက်ဖြစ်ပါတယ်။ ကိစ္စရပ် တိုင်းမှာနည်းလမ်းတစ်ခုကိုပုံသေသတ်မှတ် ပြီးလုပ်ကိုင်တာထက် အသစ်အသစ်သော နည်းလမ်းတွေကိုတီထွင်ကြံဆပြီးလုပ်ကိုင် ရမှာဖြစ်ပါတယ်။ အရင်တစ်ပတ်ကလုပ်တဲ့ နည်းလမ်းထက် အခုတစ်ပတ်မှာပိုပြီး ကောင်းမွန်တဲ့နည်းလမ်း၊ ပိုပြီးစနစ်ကျတဲ့ နည်းလမ်း၊ ပိုပြီးမြန်ဆန်တဲ့နည်းလမ်းစတာ တွေကို တစ်ခါထက်တစ်ခါပိုမိုကောင်းမွန် တဲ့နည်းလမ်းတွေကို ဆန်းသစ်တီထွင်ပြီး လုပ်ဆောင်ရမှာပါ။ တစ်ခါလာလည်းဒီနည်းလမ်း၊ တစ်ခါ လာလည်းဒီနည်းလမ်းအတိုင်းမပြောင်းလဲ တာကပျင်းဖို့ကောင်းပါတယ်။ အလုပ်မှာ လည်းအောင်မြင်မှုရဖို့အခွင့်အလမ်းနည်းပါ တယ်။ ကမ္ဘာကြီးကနည်းပညာအသစ်တွေ၊ စိတ်ကူးစိတ်သန်းအသစ်တွေ၊ အတွေး အမြင်အသစ်တွေနဲ့လည်ပတ်နေပါတယ်။ စိတ်ကူးဟောင်း၊ နည်းလမ်းဟောင်းဆိုတာ အနောက်မှာကျန်ခဲ့ပါပြီ။ အပြောင်းအလဲ ကိုစီမံခန့်ခွဲရာမှာ နည်းလမ်းဟောင်း၊ စိတ် ကူးဟောင်းတွေကို ချန်ထားခဲ့ဖို့မမေ့ပါနဲ့။
Communication အားနည်းတာ
အပြောင်းအလဲကိုစီမံခန့်ခွဲရာမှာ လိုအပ်တဲ့အစိတ်အပိုင်းကတော့အလုပ် သမားစုနဲ့ချိတ်ဆက်တာပါပဲ။ လက်ခံတဲ့ သူနဲ့ခွင့်ပြုတဲ့သူအချိတ်အဆက်မိမိဆက် သွယ်ခြင်းမရှိတာကလည်း မှားတတ်တဲ့ အမှားဖြစ်ပါတယ်။ ဘယ်လိုလုပ်ငန်းခွင်မှာ မဆို Communication အားနည်းတာက လုပ်ငန်းခွင်မှာကြီးမားတဲ့လိုအပ်ချက် တစ်ခုပါ။ ခေါင်းဆောင်နဲ့ ဝန်ထမ်းဖြစ်စေ၊ ဌာနတစ်ခုနဲ့တစ်ခုဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခုဖြစ်စေ Communication အားကောင်းဖို့လိုပါတယ်။ အပြောင်းအလဲ ကိုစီမံခန့်ခွဲရာမှာ Communicationအား နည်းတာကလည်း ရှောင်ရမယ့်အမှားထဲ မှာပါဝင်ပါတယ်။
REF: The Opportunity Journal