လုပ်ငန်းခွင်မှာ ခေါင်းဆောင်အကြီး အကဲတစ်ယောက်အနေနဲ့ ဝန်ထမ်းတွေရဲ့ ယုံကြည်မှုရအောင်ဘယ်လိုတည်ဆောက် မလဲ။ ယုံကြည်မှုဆိုတာ နေရာတိုင်းမှာ မရှိ မဖြစ်လိုအပ်တဲ့အရာဖြစ်လို့ လုပ်ငန်းခွင်ဆို တာမှာလည်း လိုအပ်တဲ့အရာတစ်ခုဖြစ်ပါ တယ်။ ဝန်ထမ်းနဲ့ ခေါင်းဆောင်အကြီးအကဲကြားမရှိမဖြစ်လိုအပ်တာကတော့ ယုံ ကြည်မှုပါ။ လုပ်ငန်းခွင်တစ်ခုမှာ ခေါင်း ဆောင်နဲ့ ဝန်ထမ်းကြားယုံကြည်မှုပျက်စီး သွားတဲ့အခါ မလိုလားအပ်တဲ့ပြဿနာ တွေ၊ မလိုလားအပ်တဲ့ဆုံးရှုံးမှုတွေဖြစ်လာ နိုင်ပါတယ်။
ဒီတစ်ပတ်မှာတော့ ခေါင်းဆောင် အကြီးအကဲနဲ့ဝန်ထမ်းကြားမှာ ရိုးရှင်းလွယ် ကူစွာနဲ့ ယုံကြည်မှုတစ်ခုကိုဘယ်လိုတည် ဆောက်ယူကြမလဲဆိုတာကို ဖော်ပြပေး ချင်ပါတယ်။ ခေါင်းဆောင်အကြီးအကဲဆို တာ ဝန်ထမ်းအားလုံးရဲ့စံပြပုဂ္ဂိုလ်တစ် ယောက်လို့ဆိုကောင်းဆိုနိုင်ပါတယ်။ လေး စားမှုနဲ့အားကျအတုယူစရာတွေပြည့်နေတဲ့ လူတစ်ယောက်ပါ။ ဝန်ထမ်းအားလုံးရဲ့ ယုံ ကြည်အားကိုးမှုတွေကိုရရှိပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုအချက်တွေနဲ့ ယုံကြည်မှုတည် ဆောက်မလဲ။ ဖတ်ကြည့်ကြရအောင်ပါ။
ကောင်းမွန်တဲ့ရလဒ်တွေအတွက် အသိအမှတ်ပြုတာ
ဝန်ထမ်းတစ်ယောက်ရဲ့စွမ်းဆောင် ရည်ကို အသိအမှတ်ပြုစကားပြောကြား တာက ပိုက်ဆံမကုန်ဘဲဝန်ထမ်းတစ် ယောက်ရဲ့ကုန်ထုတ်လုပ်မှုကိုချီးမြှောက်တဲ့ သဘောပါ။ ကောင်းမွန်တဲ့ရလဒ်တွေ အတွက်အသိအမှတ်ပြုကြောင်းပြောကြား ပါ။ ကောင်းမွန်တဲ့အိုင်ဒီယာတွေအတွက် အများရှေ့မှာချီးမြှောက်တဲ့စကားဆိုပါ။ ဒါတွေကမလိုအပ်ဘူးလို့မတွေးလိုက်ပါနဲ့။ ကိုယ့်ရဲ့ခေါင်းဆောင်အကြီးအကဲတစ် ယောက်ရဲ့အားပေးစကားပြောကြားမှု၊ အသိအမှတ်ပြုမှုတို့က ဝန်ထမ်းတိုင်းအ တွက်အားဆေးတစ်ခွက်ပါပဲ။
ဘယ်လောက်အလုပ်ပင်ပန်းပင်ပန်း ကိုယ့်ရဲ့ခေါင်းဆောင်ဆီကအသိအမှတ်ပြု မှုတစ်ခုခုရရှိလိုက်တဲ့အခါမှာ အဲဒီပင်ပန်း မှုတွေက အလိုလိုပျောက်ကွယ်သွားပါ တယ်။ ဒါ့အပြင်ဝန်ထမ်းတွေရဲ့စိတ်အား တက်ြွကမှုနဲ့ယုံကြည်မှုတို့ကိုပါရရှိစေနိုင်ပါ တယ်။
သာတူညီမျှဆက်ဆံရေးထားရှိတာ
ဝန်ထမ်းအချင်းချင်း ကိုယ်သဘော ကျတဲ့သူဆိုတစ်မျိုးဆက်ဆံတာ၊ သဘော မကျတဲ့သူဆိုတစ်မျိုးဆက်ဆံတာမျိုးမလုပ် ဘဲသာတူညီမျှဆက်ဆံရေးကိုတည် ဆောက်နိုင်တာကလည်း ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကိုတည်ဆောက်တာပဲဖြစ်ပါတယ်။ ဘက်လိုက်တဲ့ခေါင်းဆောင်မျိုး၊ အလုပ်ရှင် မျိုးကို ဘယ်ဝန်ထမ်းကမှသဘောမကျပါ ဘူး။ ကိုယ့်ရဲ့ဝန်ထမ်းအားလုံးကိုတန်းတူ ဆက်ဆံပြီးကျောသားရင်သားမရွေးအုပ်ချုပ် နိုင်မယ်ဆိုရင် ဝန်ထမ်းအားလုံးရဲ့ယုံကြည် မှုကိုရရှိနိုင်ပါတယ်။
လုပ်ငန်းခွင်အတွင်းမှာ သူ့လူကိုယ့်လူ ခွဲခြားဆက်ဆံတတ်တာမျိုး၊ ကိုယ်နဲ့အဆင် ပြေလို့မျက်နှာသာပေးဆက်ဆံတာမျိုး၊ ကိုယ်နဲ့နီးစပ်လို့အခွင့်အရေးပေးတာမျိုး စတာတွေက လုပ်ငန်းခွင်အတွင်းမှာဝန် ထမ်းတွေရဲ့ ယုံကြည်မှုကိုပျက်ပြားစေနိုင် တာကိုသတိပြုရပါမယ်။
ပေးထားတဲ့ကတိကို တည်အောင်ထိန်းသိမ်းတာ
ကတိပေးရတာလွယ်ပါတယ်၊ ကတိတည်ဖို့ ကြိုးစားရတာသာ ခက်ခဲ တာ’ Boris Johnson
ဝန်ထမ်းနဲ့အကြီးအကဲကြားကတိ ပေးစကားထားရှိမိတဲ့အခါ အကြီးအကဲ ဘက်ကနေပြီးတော့ အဲဒီကတိကိုတည်တံ့ အောင်ထိန်းသိမ်းနိုင်တာကလည်း ကိုယ့်ရဲ့ ဝန်ထမ်းတွေနဲ့ယုံကြည်မှုကိုတည်ဆောက် ခဲ့တာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့ ကတိစကားထားရှိမိတဲ့အခါ ကိုယ့်ဘက်က တည်တံ့နိုင်အောင်ကြိုးစားပါ။ ပေးထားတဲ့ ကတိကိုတည်အောင်ကြိုးစားနိုင်တာက ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကိုတည်ဆောက် တာပဲဖြစ်ပါတယ်။
အမှားတွေ၊ ဆုံးရှုံးမှုတွေကို ဝန်ခံတာ
ခေါင်းဆောင်ပီသတဲ့အကြီးအကဲ တစ်ယောက်က ကိုယ့်ရဲ့အမှားတွေ၊ ဆုံးရှုံး မှုတွေကိုဝန်ခံတတ်ဖို့လိုပါတယ်။ ဒီလိုမ ဟုတ်ဘဲ ကိုယ့်ရဲ့အမှားတွေကို ဝန်ထမ်း တွေအပေါ်အပြစ်ပုံချတာ၊ အပြစ်တင်တာ တွေက ခေါင်းဆောင်မပီသတဲ့လုပ်ရပ်တစ် ခုပါ။ ဒီလုပ်ရပ်တွေကြောင့် သင်က ကိုယ့် ရဲ့လက်အောက်ဝန်ထမ်းတွေရဲ့ ယုံကြည်မှု ကိုမရရှိနိုင်ပါဘူး။ ခေါင်းဆောင်ပီသတဲ့ အကြီးအကဲတစ်ယောက်က ကိုယ့်လုပ်ရပ် အမှားအတွက်ဝန်ခံဖို့ဝန်မလေးသလို၊ တောင်းပန်ဖို့လည်းဝန်မလေးတတ်ပါဘူး။ ကိုယ်ကအလုပ်ရှင်တစ်ယောက်ဆိုရင် ကိုယ့်ရဲ့ဝန်ထမ်းတွေယုံကြည်မှုရဖို့အတွက် ရိုးသားဖို့လိုပါတယ်။
များများနားထောင်ပြီး နည်းနည်းပြောတာ
ခေါင်းဆောင်အကြီးအကဲလုပ်သူက ဝန်ထမ်းတွေရဲ့အသံကိုများများနားထောင် ရပါမယ်။ သူတို့လိုအပ်ချက်ကဘာလဲ၊ သူတို့ဖြစ်ချင်တာကဘာလဲ၊ ဘယ်လိုဖြစ် သင့်သလဲစတာတွေကိုနားထောင်ရပါမယ်။ တစ်ခါတစ်ရံမှာ ကိုယ်ဖြစ်ချင်တာချည်းပြော နေလို့မရပါဘူး။ ဝန်ထမ်းတွေရဲ့လိုအပ်ချက် တွေကိုသိအောင်ကြိုးစားရပါမယ်။ ကိုယ့် ရဲ့လက်အောက်ဝန်ထမ်းတစ်ယောက်က အလုပ်ခွင်အတွင်းမှာ ဘယ်လိုအခက်အခဲ တွေရင်ဆိုင်နေရသလဲ၊ သူဘာတွေလိုအပ် နေသလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေကြုံတွေ့ နေရသလဲစတဲ့အချက်တွေကိုဂရုစိုက်တဲ့ အလုပ်ရှင်တစ်ယောက်က ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကိုအလွယ်တကူပဲရရှိနိုင်ပါတယ်။
ကျင့်ဝတ်တွေကိုထိန်းသိမ်းတာ
ကျင့်ဝတ်ဆိုတာက ဥပဒေအရအရေး ယူလို့မရတဲ့လူမှုရေးတွေ၊ အရေးကိစ္စတွေ ကိုဆိုလိုပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ ထိန်းသိမ်းရမယ့်လူမှုကျင့်ဝတ်တွေအများ ကြီးရှိပါတယ်။ ခေါင်းဆောင်ကောင်းတစ် ယောက်က အဲဒီလူမှုကျင့်ဝတ်တွေကို မ ဖောက်ဖျက်မိစေဖို့လိုပါတယ်။ လူမှုကျင့် ဝတ်တွေကိုစောင့်ထိန်းတာက ဝန်ထမ်း အားလုံးရဲ့ယုံကြည်မှုကိုရရှိနိုင်ပါတယ်။
တခြားသူတွေကိုယုံကြည်တာ၊ ကိုယ့်ကိုယ် ကိုယ်လည်း ယုံကြည်မှုအပြည့်ရှိတာ
အလုပ်ခွင်မှာတစ်ဦးနဲ့တစ်ဦးယုံ ကြည်မှုတည်ဆောက်နိုင်တာက လုပ်ငန်း အဖွဲ့အစည်းအတွက်ကောင်းမွန်တဲ့ရလဒ်တွေ ဖြစ်စေနိုင်ပါတယ်။ လုပ်ငန်းခွင်မှာအလုပ် ရှင်တစ်ယောက်အနေနဲ့ယုံကြည်မှုအပြည့် ရှိဖို့လိုအပ်ပါတယ်။ ကိုယ်က အများရဲ့ စံပြ ခေါင်းဆောင်တစ်ယောက်အနေနဲ့ရှိရမှာပါ။ စိန်ခေါ်မှုတွေကိုယုံကြည်မှုရှိရှိဖြတ်သန်း နိုင်ဖို့ ကိုယ်တိုင်ယုံကြည်မှုရှိဖို့လိုသလို တခြားသူတွေကိုလည်း ယုံကြည်တဲ့စိတ်မျိုး ထားရှိရပါတယ်။
လက်အောက်ဝန်ထမ်းတွေကိုယုံ ကြည်ပါ။ လုပ်ပိုင်ခွင့်ပေးလိုက်ပါ။ အသေး စိတ်လိုက်ပြီးစီမံခန့်ခွဲတာထက် တစ်ခါတစ်ရံမှာ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ပေး ကြည့်လိုက်ပါ။ ယုံကြည်မှုဆိုတာအပြန် အလှန်သဘောတရားတစ်ခုပါပဲ။ ကိုယ့် အပေါ်ယုံကြည်အားကိုးတဲ့သူတွေအပေါ် ကိုယ်ကလည်းပြန်ပြီးယုံကြည်ပေးသင့်ပါ တယ်။
Credit : theopportunityjournal
Credit : ကျော့ကေခိုင်