20th November, 2015
Made in Myanmar deserves to go worldwide
Share
Blog Link Copied
မြန်မာပြည်တွင်
ထုတ်လုပ်သည့် Made in Myanmar ကဲ့သို့သော မြန်မာ့ထုတ်ကုန် ပစ္စည်းများအား
ကမ္ဘာသိအောင် လုပ်ဆောင်သင့်ကြောင်း သမ္မတ၏ စီးပွားရေးနှင့် လူမှုရေးအကြံပေး ဒေါက်တာ
အောင်ထွန်းသက်က ပြောကြားသည်။
“ကျွန်တော်တို့နိုင်ငံက Made in Myanmar
ကို ကမ္ဘာကျော်အောင် လုပ်ရမယ်။ အခုထိ မရှိသေးဘူး။ Made in Myanmar ဆိုတာလုပ်ရမယ်။
Made in Thailand တောင်ရှိနေပြီ Made in Myanmar ကို လုပ်ပေးပါ။ အသင်းအနေနဲ့လည်း
လုပ်ပေးပါ။ UMFCCI လည်း လုပ်ပေးပါ။ ပြည်တွင်းမှာတင် ကျေနပ်မနေပါနဲ့”ဟု
၎င်းင်းကပြောသည်။
UMFCCI တွင်
ကျင်းပပြုလုပ်သည့် Globle
Enterpreneurship Week 2015 တွင် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်
လုပ်ငန်းရှင်များ အသင်းနှင့် UMFCCI အား တိုက်တွန်း ပြောကြားလိုက်ခြင်း ဖြစ် သည်။
“Made in Myanmar ဖြစ်ဖို့ဆိုရင်တော့ အများကြီးလုပ်ဖို့
လိုလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်းမှာရှိတဲ့ ပစ္စည်းတစ်ခုကို ပြည်တွင်းမှာပါ
မကဘူး။ ပြည်ပမှာပါ ဖော်ထုတ်ပြီးတော့ ရောင်းနိုင်ရမယ်။ ပြည်ပထုတ်ပြီး
ရောင်းဖို့ဆိုရင် ပစ္စည်းက ကောင်းရမယ်။ ၀ယ်သူကို ထိရောက်တဲ့ နည်းလမ်းနဲ့
အသိပေးရမယ်။ ၀ယ်သူလိုချင်တဲ့နေရာ လိုချင်တဲ့အချိန်မှာ လိုချင်တဲ့ပမာဏ ရောက်အောင်
ဖန်တီးပေးရမယ်”ဟု မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ
ဦးဝေဖြိုးက ပြောသည်။
ထို့အပြင်
ဝယ်သူပေးဝယ်သည့် ဈေးနှုန်းနှင့် အရည်အသွေး ထိုက်တန်သည့် ပစ္စည်းများ၊ ၀ယ်သူအား
စိတ်ကျေနပ်မှု ပေးနိုင်သည့် ပစ္စည်းများလုပ်ဆောင်ရန် လိုအပ်ပြီး ထိုကဲ့သို့
အချက်များအား လုပ်ဆောင်ပေးနိုင်မည်ဆိုပါက Made in Myanmar ကို လုပ်ဆောင်နိုင်မည်
ဖြစ် ကြောင်း ၎င်းထံမှ သိရသည်။
Global Entrepreneurship
Week 2015 တွင် မြန်မာနိုင်ငံ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းမှ
သူများနှင့် လုပ်ငန်းရှင်တစ်ဦးလျှင် နာရီဝက်ခန့် ဆွေးနွေးနိုင်မည့် Speed
Mentoring အစီအစဉ်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
Ref : The Messenger