20th November, 2015

High turnover can be linked with poor management.

လုပ်ငန်းခွင်တွင်းတွင် သာမန်အားဖြင့် တည်ငြိမ်မှုရှိပြီး အခြားလုပ်ငန်းများ နည်းတူလစာ  ပေးထားနိုင်ပါလျက် ၀န်ထမ်းများအလုပ်မှ နုတ်ထွက်မှု များလာလျှင် အလယ်အလတ်တန်း  မန်နေဂျာများ၏ လုပ်ငန်းခွင်တွင်း အပြုအမူကို စောင့်ကြည့်အကဲခတ်ရမည်ဖြစ်ကြောင်း  မကြာသေးမီကထုတ်ဝေသည့် Harvard Business Review စာစောင်ပါ သုတေသန   ဆောင်းပါးတစ်စောင်က တိုက်တွန်းထားသည်။ 

 

လုပ်ငန်းခွင်ပေါင်းများစွာမှ နှုတ်ထွက်လာသော ၀န်ထမ်းများကို တွေ့ဆုံမေးမြန်းချက်များအရ   ကုမ္ပဏီ၏ မူဝါဒကောင်းမွန်ပြီး မိမိတို့၏ ကျွမ်းကျင်မှုနဲ့ လုပ်ကိုင်ရသောလုပ်ငန်းမှာ   ဆီလျှော်အပ်စပ်သော်လည်း မိမိတို့တိုက်ရိုက် ဆက်ဆံရသည့် အထက်လူကြီးနှင့်   ဆက်ဆံရေး အဆင်မပြေသောကြောင့် အလုပ်နှုတ်ထွက်သည့် ၀န်ထမ်းအရေအတွက်မှာ  မေးမြန်းချက်ကိုဖြေဆိုသည့် ၀န်ထမ်းအရေအတွက်၏ ၈၀ ရာခိုင်နှုန်းခန့် ရှိသည်ကို တွေ့ရသည်။ 

 

ထိုဝန်ထမ်းများ၏ ထိုသို့ စိတ်ခံစားချက်များကို သက်ဆိုင်ရာအလုပ်၏ စီအီးအိုများက သိရှိမှု  နည်းပါးကြောင်းကိုလည်း လေ့လာတွေ့ရှိခဲ့သည်။  ၀န်ထမ်းများသည် ဒါရိုက်တာအဖွဲ့ အပြောင်းအလဲနှင့် စီအီးအိုအပြောင်းအလဲတို့ထက် မိမိနဲ့   နီးနီးစပ်စပ် အလုပ်လုပ်ရမည့် အထက်အကြီးအကဲ သို့မဟုတ် ကြီးကြပ်သူ အပြောင်းအလဲကို   ပိုမိုစိတ်ဝင်စားကြောင်း လေ့လာမှုတွင် တွေ့ရသည်။ 

 

ဝန်ထမ်းများသည် သူတို့ နားမလည်သည်များကို လမ်းညွှန်ပေးနိုင်ပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိအောင်  နားလည်မှုပေးကာ အားပေးအားမြှောက်လုပ်သည့် မန်နေဂျာများနှင့် အလုပ်လုပ်ရသည်ကု  နှစ်သက်ကာ လုပ်ငန်းခွင်တွင်း တိုးတက်မှုလည်း ရရှိကြသည်ကိုတွေ့ရသည်။  လုပ်ငန်းခွင်တွင်း လူ့စွမ်းအား အရင်းအမြစ်ထိန်းသိမ်းနိုင်မှု ဖွံ့ဖြိုးအောင်လုပ်နိုင်မှုတွင်  အလယ်အလတ်တန်း မန်နေဂျာများ၏ အခန်းကဏ္ဍမှာ အရေးကြီးသည်ဆိုသည့်အချက်ကို  စီအီအိုများ ပိုမိုအလေးထားသင့်သည်ဟု သုတေသီများက ထောက်ပြထားသည်။ 

 

Ref: Myanmar Times