14th September, 2018

အရည်အချင်းအရှိဆုံး ဝန်ထမ်းတွေကို ဘယ်လိုစွဲဆောင်ကြမလဲ

အရည်အချင်းအရှိဆုံး ဝန်ထမ်းတွေကို ဘယ်လိုစွဲဆောင်ကြမလဲ

လုပ်ငန်းအဖွဲ့အစည်းတစ်ခု အောင်မြင်တိုးတက်လာခြင်းဟာ လုပ်ငန်းမှာ ပါဝင်လုပ်ဆောင်နေကြတဲ့ ဝန်ထမ်းတွေရဲ့ မောင်းနှင်အားကြောင့် ဖြစ်လာရခြင်း ဖြစ်ပါတယ်။ ဝန်ထမ်းကောင်းတွေကို ပိုင်ဆိုင်ထားဖို့အတွက် ဝန်ထမ်းခေါ်ယူ ခန့်အပ်ရာမှာ အရည်အချင်းရှိသူတွေကို ခေါ်ယူနိုင်ဖို့က အရေးကြီးပါတယ်။ အရည်အချင်းရှိပြီး ကုမ္ပဏီအတွက် အသင့်လျော်ဆုံးဖြစ်မယ့် လူတွေကို ကုမ္ပဏီမှာ လာရောက်အလုပ်လုပ်ကိုင်ချင်လာအောင် စွဲဆောင်တဲ့အခါ အသုံးဝင်မယ့် အကြံဉာဏ်တချို့ကို Job Net မှ တစ်ဆင့် မျှဝေလိုက်ပါတယ်။

 

နာမည်ကောင်းတည်ဆောက်ခြင်း

 

ကိုယ့်ရဲ့ကုမ္ပဏီအကြောင်းကို အင်တာနက်ပေါ်မှာ ရှာဖွေလို့ရတဲ့ ကုမ္ပဏီဖြစ်အောင် လုပ်ထားရင် ကုမ္ပဏီမှာ အလုပ်လုပ်ချင်သူတွေ ပိုများနေမှာပါ။ အရည်အချင်းရှိတဲ့လူတွေကလည်း ဂုဏ်သတင်းကျော်ကြားတဲ့ ကုမ္ပဏီကောင်းတွေမှာ လုပ်ချင်တဲ့အတွက် ကိုယ့်ရဲ့ကုမ္ပဏီအကြောင်း လူတွေကြားမှာ ပျံ့နှံ့အောင် Branding (နာမည်ကောင်းတည်ဆောက်ခြင်း)ကို လုပ်ကြသလို ကုမ္ပဏီရဲ့ ဝန်ထမ်းခန့်အပ်မှုဆိုင်ရာအကြောင်းကိုလည်း အလုပ်ရှာဖွေနေသူတွေ စိတ်ဝင်စားလာအောင် လုပ်ထားလို့ရပါတယ်။ ဥပမာဆိုရင် www.jobnet.com.mm က ပေးအပ်တဲ့ Myanmar Employer Awards ဆုကို ဆွတ်ခူးထားတဲ့ ကုမ္ပဏီတွေဟာ ကုမ္ပဏီကောင်းတွေဖြစ်ကြောင်း ဂုဏ်သတင်းကျော်ကြားတာမို့လို့ အဲ့ဒီကုမ္ပဏီတွေမှာလည်း အလုပ်လုပ်ချင်သူတွေ များပါတယ်။

 

အင်တာဗျူးသူတွေကိုလေ့ကျင့်ပေးထားခြင်း

 

အလုပ်ခန့်အပ်တဲ့နေရာမှာ လုပ်လို့ရနိုင်တာ အများကြီးရှိပါတယ်။ ဝန်ထမ်းကောင်းဖြစ်ဖို့ အလားအလာရှိသူတွေကို အင်တာဗျူးမှာ မရရှိလိုက်နိုင်တာမျိုး မဖြစ်အောင် အင်တာဗျူးသူတွေကိုလည်း ကုမ္ပဏီဘက်က လေ့ကျင့်ပေးထားလို့ရပါသေးတယ်။ ကုမ္ပဏီရဲ့ CEO ဖြစ်နေရင်တောင် အင်တာဗျူးတဲ့နေရာမှာ ပါဝင်ဖို့မလိုရင် ဝင်မပါတာ ပိုသင့်လျော်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုလည်း အင်တာဗျူးမှာ ပါဝင်စေပြီး လုပ်ငန်းဆိုင်ရာမေးခွန်းတွေကို မေးမြန်းစေတာမျိုးလည်း ပြုလုပ်နိုင်ပါသေးတယ်။

အရည်အချင်းကိုဦးစားပေးခြင်း

 

တချို့သော ကုမ္ပဏီတွေက ဝန်ထမ်းခေါ်ယူတဲ့အခါ ဈေးကွက်ထဲက ပေးတဲ့နှုန်းထားအတိုင်းပဲ လစာကို သတ်မှတ်ကြလေ့ရှိပါတယ်။ တကယ်လို့ အရည်အချင်းရှိသူတစ်ဦးကို တွေ့ပြီဆိုရင် သူ့ရဲ့လုပ်ရည်ကိုင်ရည်က သာမာန်ထက် ထူးခြားသာလွန်နေပြီဆိုရင် လစာကို အခြားသောကုမ္ပဏီတွေထက် မိမိတို့ဘက်က အနည်းငယ်လောက်ပိုပေးလိုက်တာက အားသာချက်တစ်ခု ဖြစ်လာစေပါတယ်။ ကုမ္ပဏီအတွက် အကျိုးကျေးဇူးကောင်းတွေ ဖြစ်လာစေမယ့် ဝန်ထမ်းတွေက လစာပိုပေးတဲ့ ကုမ္ပဏီကိုပဲ လာချင်ကြမှာပါ။ Job Net မှာ ဖော်ပြထားတဲ့ အလုပ်အကိုင်တချို့မှာ မြင့်မားတဲ့လစာနှုန်းတွေကိုပါ တစ်ပါတည်း ဖော်ပြထားလို့ အလုပ်လျှောက်သူတွေအနေနဲ့ ကုမ္ပဏီကို ပိုစိတ်ဝင်စားလာကြတာကို တွေ့ရမှာပါ။

 

ဝန်ထမ်းအတွက်အကျိုးရှိစေမယ့်အစီအစဉ်တွေကမ်းလှမ်းခြင်း

ဝန်ထမ်းတွေရဲ့ အလုပ်အကိုင်လမ်းကြောင်း တိုးတက်လာစေမယ့် အစီအစဉ်တွေ ပြုလုပ်ပေးနေတဲ့ ကုမ္ပဏီမှာ လူတိုင်း လုပ်ချင်ကြပါတယ်။ အရည်အချင်းရှိပြီး ကိုယ့်ရဲ့ကုမ္ပဏီအတွက် အသင့်တော်ဆုံးဖြစ်မယ့်လူတွေကို ဒီအကြောင်းအရာတွေနဲ့ ကမ်းလှမ်းနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်အလိုက် ချီးမြှင့်မြှောက်စားပေးဦးမယ့် ထပ်တိုးအစီအစဉ်တွေရှိနေတဲ့ လုပ်ငန်းတွေမှာလည်း အလုပ်လုပ်ချင်ကြတာမို့ ဒါကလည်း အစီအစဉ်အကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။

 

အကောင်းဆုံး Job Portal နဲ့ လက်တွဲခြင်း

 

Jobnet.com.mm အနေနဲ့ မိတ်ဖက်ကုမ္ပဏီ အသီးသီးရဲ့ လိုအပ်တဲ့ဝန်ထမ်းကောင်းတွေကို အချိန်မရွေးရရှိနိုင်ဖို့ အမြဲမပြတ် အလေးထားနေပါတယ်။ Job Net နဲ့ မိတ်ဖက်အဖြစ် ရှိနေခြင်းဟာလည်း ဝန်ထမ်းကောင်းတွေကို လက်မလွှတ်တမ်း ရနိုင်စေမယ့် နည်းလမ်းတစ်ခု ဖြစ်နိုင်ပါသေးတယ်။

 

How to attract the most suitable candidates

To be a reputable, profitable and successful enterprise, it depends on the performance of employees in the organization. In engaging employees, it is important to get well-experienced employees. Therefore, JobNet shares the useful ways regarding attracting the most suitable candidates.

 

Promoting Company Brand

If a company makes themselves find easily out on the internet, the company can attract more job seekers. As well-experienced and skillful people desire to work at well-known companies, the companies promote their images to be popular among people and attract talent job seekers. For example, the companies which won Myanmar Employer Awards offered by www.jobnet.com.mm have a good reputation, so, many job seekers want to get jobs at the companies.

 

Training Interviewers for a Job interview

There are many ways to get talent applicants in employment. If a company trains interviewers for a job interview, candidates with great potential can be engaged. It is more suitable that a CEO will not include in a job interview if it is not necessary. Current employees are let do a job interview with applicants.

 

Having a preference for proficiency and talent

When some companies have recruitment of staff, they offer payment according to the market rate. If a company finds out a qualified candidate and appreciates his or her skills and experiences, they can attract the talent candidate offering a high salary. Talent candidates tend to join the companies which offer high payment. Some companies that advertise job functions together with high salary on JobNet.com.mm, so, job seekers are more interested in the companies than others.

 

Providing incentive programs

Everybody wants to work at the companies which offer competency training and incentive programs. Companies can offer good employees through the ways. Incentives and rewards programs are also good plans to attract qualified employees.

 

Using Best Job Portal for recruitment

JobNet.com.mm always values its partner companies to engage with talent and qualified staff. Advertising job posts on JobNet is a good way to attract good candidates.