27th September, 2018
အလုပ်အကိုင်ပေါင်းများစွာကို ဖန်တီးပေးနိုင်ခဲ့သည့် JobNation
Share
Blog Link Copied
ပြီးခဲ့တဲ့ Sep 22 ရက်နေ့ (စနေနေ့) က ကျင်းပခဲ့သည့် JobNation အလုပ်အကိုင်ပြပွဲကြီးမှာအလုပ်ရှာဖွေသူပေါင်း ၂၀,၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ တက်ရောက်ခဲ့သည့် အလုပ်လာရောက်ရှာဖွေသူအယောက်ဆီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ ဒီပွဲကြီးက ၂၀၁၈ခုနှစ် မြန်မာနိုင်ငံရဲ့အကြီးမားဆုံးသောအလုပ်အကိုင်ပြပွဲကြီးလို့ပြောနိုင်ပါတယ်။ ဒီပွဲမှာ အလုပ်အကိုင်ပေါင်း ၃၀၀၀ ကျော်ကို မြန်မာနိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီကြီး ၆၅ ခုကျော်ကနေ ၀န်ထမ်းသစ်များကိုရွေးချယ်ခေါ်ယူခဲ့ကြပါတယ်။ ပညာရှင်များမှလည်း အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်လမ်းကြောင်းများတိုးတက်ကောင်းမွန်စေဖို့ ဗဟုသုတများစွာကိုလည်းဝေမျှပေးသွားခဲ့ပါတယ်။ JobNation ဟာအလုပ်အကိုင်ရှာဖွေပွဲဆိုတာထက် လုပ်ငန်းခွင်ဆိုင်ရာ workshop နှင့် ပညာရှင်တွေရဲ့ ဆွေးနွေးဟောပြောမှုတွေ အပြင် Personal grooming ပိုင်းဆိုင်ရာ make up tutorial တွေ ကိုပါအလုပ်လာရောက်ရှာဖွေသူတွေအတွက် ပြသပေးသွားခဲ့ပါတယ်။
ဒီပွဲမှာ Motivation speaker တွေက Job Seeker တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်းစဉ်တွေနဲ့ သူတို့ရဲ့အတွေ့အကြုံတွေ၊ ဗဟုသုတတွေကို ဝေမျှပေးသွားခဲ့ကြပါတယ်။ ဒါ့အပြင် လာရောက်နားထောင်တဲ့သူ တွေရဲ့ အပြန်အလှန်မေးခွန်းတွေနဲ့ ပွဲကြီးကမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စိတ်ဝင်စားဖွယ်ရာ ကောင်းခဲ့ပါတယ်။
နောက်ထပ်စိတ်ဝင်စားစရာအစီအစဉ်တစ်ခုကတော့ Job Seeker တိုင်းအခမဲ့ဝင်ရောက်ကံစမ်းနိုင်တဲ့ Lucky Draw အစီအစဉ်တွေထည့်သွင်းပေးခဲ့တာဖြစ်တဲ့အတွက် အလုပ်တွေလည်းရှာရင်း ဆုကြီးတွေကို ပိုင်ဆိုင် နိုင်ခဲ့တဲ့ Job Seeker တွေရဲ့ အပျော်တွေဖုံးလွှမ်းနေတဲ့မျက်နှာကို မြင်တွေခဲ့ရပါတယ်။
JobNet.com.mm ကနေကျင်းပပေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသော အလုပ်အကိုင်ပြပွဲ Job Nation ပွဲကြီးမှာ ကုမ္ပဏီပေါင်း ၆၅ ခုကျော်ဝင်ရောက်ပြသခဲ့တဲ့ အတွက် Job Seeker တွေကိုယ်တိုင် ကိုယ့်နဲ့သင့်တော်တဲ့အလုပ်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ခဲ့ပြီး စိတ်ကျေနပ်မှုတွေနဲ့ ပြည့်စုံနေတဲ့ အလုပ်အကိုင်ပြပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
နောက်လာမယ့် JobNet.com.mm ကနေ ကျင်းပပြုလုပ်ပေးသွားမယ့် အလုပ်အကိုင်နဲ့ပတ်သတ်တဲ့ပွဲတွေမှာလည်း သင့်အတွက် အလုပ်အကိုင်အခွင့်အလမ်းတင်မက အခြားသောဗဟုသုတတွေကို လေ့လာနိုင်မှာဖြစ်တဲ့အတွက်လာရောက်ခဲ့ကြဖို့မမေ့ပါနဲ့နော်။ ဒီထက်ပိုပြီး အလုပ်အကိုင်များကိုရွေးချယ်လျှောက်ထားနိုင်ဖို့အတွက်လည်း JobNet.com.mm မှာ Register လုပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ရှာဖွေနိုင်ပါတယ်။