1st August, 2018

အရှေ့တောင်အာရှမှာ မြင့်တက်လာတဲ့ နည်းပညာအလုပ်အကိုင်များ

ကမ္ဘာတစ်ဝန်းမှာ အင်တာနက် အသုံးပြုမှုနှုန်း အဆက်မပြတ် တိုးတက်လာတာနဲ့အမျှ နည်းပညာ မျှဝေနိုင်မှုနှုန်း၊ စီးဆင်း မှုနှုန်း မြန်ဆန် တိုးတက်လာပါတယ်။ ဒါကြောင့်ပဲ နည်းပညာအခြေခံ ကုမ္ပဏီတွေဟာ မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့လာ နေပါ တယ်။

၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ အရှေ့တောင်အာရှဒေသတွင်း အင်တာနက်အသုံးပြုသူ သန်း ၇၀ ကျော် မြင့်တက်လာခဲ့ပြီး လက်ရှိမှာ အင်တာနက်အသုံးပြုသူပေါင်း သန်း ၃၃၀ ရှိတယ်လို့ Google က ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ Google ရဲ့ South East Asia Internet Economy အမည်ရှိ ထုတ်ပြန်ချက်ထဲမှာပဲ အရှေ့တောင်အာရှနိုင်ငံက လူတွေဟာ ဖုန်းနဲ့အင်တာနက်ကို အသုံးပြုမှုနှုန်းအမြင့်ဆုံးဖြစ်တယ်လို့လည်း အဆိုပါထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

We Are Social ဝက်ဘ်ဆိုက်က ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ အရှေ့တောင်အာရှမှာ လူဦးရေ ၆၄၄.၁ သန်း ရှိပြီး အင်တာနက်အသုံးပြုသူ ဦးရေဟာ ၃၃၉.၂ သန်း ရှိတယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အင်တာနက် အသုံးပြုမှုနှုန်းဟာ အရှေ့တောင်အာရှမှာ ၃၁% မြင့်တက်လာခဲ့ပါတယ်။ ကိန်းဂဏန်းအရဆိုရင်တော့ အင်တာနက်အသုံးပြုသူဦးရေဟာ သန်း ၈၀ ကျော်ထိ တိုးပွားလာတာတွေ့ရပါတယ်။

သတင်းအချက်အလက်နည်းပညာနဲ့ မိုဘိုင်းဆက်သွယ်ရေးနည်းပညာ သုံးစွဲမှု တိုးတက်လာတဲ့အပေါ် အခြေခံ ပြီး လူမှုဘဝနေထိုင်မှု စံနှုန်းနဲ့ နည်းပညာအခြေခံ ပစ္စည်းသုံးစွဲမှုနှုန်းတွေကလည်း မြင့်တက်လာပါတယ်။ ဥပမာပြောရရင် ရန်ကုန်မြို့ လမ်းမကြီးပေါ်မှာ Manual လူက ၁၀၀ ရာခိုင်နှုန်း မောင်းနှင်ရတဲ့ ကားတွေအစား ကွန်ပြူတာစနစ်အခြေခံ Auto အလိုအလျောက် စနစ်သုံး ကားတွေ အစားထိုးလာနေပါတယ်။ မြန်မာနိုင်ငံတဝှမ်းက ကျေးရွာတွေဆီမှာ လက်ဆွဲမီးအိမ် အစား နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ထုတ်စက်တွေ နေရာယူနေပါပြီ။

လူမှုဘဝတွေကို နည်းပညာနဲ့ ဆက်စပ်လာတာနဲ့အမျှ နည်းပညာကဏ္ဍမှာ ဝန်ဆောင်မှုပေးမယ့် ဝန်ထမ်းလိုအပ်ချက် တွေကလည်း တိုးပွားလာခဲ့ပါတယ်။ အိုင်တီနဲ့ နည်းပညာနယ်ပယ် တိုးတက်လာမှုဟာ စီးပွားရေးလုပ်ငန်းသစ်တွေကို ပိုမိုတွင်ကျယ်လာစေခဲ့သလို နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် အလုပ် အကိုင်အခွင့်အလမ်း တွေလည်း ပိုမို များလာနေပါတယ်။

အခြားသော အရှေ့တောင်အာရှနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံမှာလည်း ဒီလိုပါပဲ။  နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ဟာ ပိုမိုမြန်ဆန်လာခဲ့သလို နည်းပညာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း တိုးပွားလာခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်း တွေမှာ နည်းပညာကို ပိုမိုချဲ့ထွင်အသုံးချလာကြပါတယ်။

မြန်မြန်ဆန်ဆန် တိုးတက်နေတဲ့ နည်းပညာနောက်ကို လူ့စွမ်းအား အရင်းအမြစ်တွေက အမီမလိုက်နိုင်တဲ့ ဖွံဖြိုးစ နိုင်ငံတွေအဖို့ ကျွမ်းကျင် လုပ်သားရှားပါးမှုကို အမြဲတစေ ကြုံတွေ့နေတာကြောင့် နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေက အမြဲတမ်းဖြစ်ပေါ်နေပါတယ်။

နည်းပညာနဲ့ဘွဲ့ရထားပြီး အသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်မယ်ဆိုရင်တော့ ကိုယ့်အတွက် အခွင့်အလမ်း ကောင်းတွေက အမြဲတမ်းရှိနေဦးမှာပါ။ မြန်မာနိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုဟာ အရှိန်ကောင်းကောင်းနဲ့ လမ်း
ကြောင်း တစ်ခုပေါ်ကို ရောက်နေပါပြီ။ ဆက်လက်ပြီး ဖွံ့ဖြိုးလာမယ့် အနာဂတ်ကောင်းတွေလည်း ရှိနေပါတယ်။

ကမ္ဘာတစ်ဝန်းက အလုပ်အကိုင်ရှာဖွေပေးတဲ့ ဝက်ဘ်ဆိုက်တွေမှာ ဆိုရင်လည်း နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းတွေကို ပိုမိုရှာဖွေလာကြပါတယ်။ စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ပညာရှင်တွေရဲ့ သုံးသပ်ချက်ကလည်း နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင်ဟာ ယခုချိန်မှစပြီး နောင်ကာလတွေမှာ အကောင်းဆုံးအလုပ်အကိုင် တွေထဲက တစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်းဖြစ်တဲ့ Forbes က ၂၀၂၄ ခုနှစ်မှာ နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းတွေဟာ လက်ရှိထက် ၁၂ ရာခိုင်နှုန်း ပိုတိုးလာမယ်လို့ ခန့်မှန်းဖော်ပြခဲ့ပါတယ်။ ဝက်ဘ်ဆိုက်တွေ များပြားလာတဲ့အခါ Web development ၊ Cyber security ၊ Analysts ကဏ္ဍတွေ အတွက် ဝန်ထမ်းခန့်အပ်မှုတွေလည်း လိုအပ်လာပါတယ်။ နည်းပညာနယ်ပယ်ထဲက ခေါ်ယူမှု အများဆုံး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ထိပ်တန်း အလုပ်အကိုင်ရှာဖွေပေးရေး ဝက်ဘ်ဆိုက်ဖြစ်တဲ့ JobNet မှာလည်း နည်းပညာပိုင်းဆိုင်ရာ အလုပ်ခေါ်ယူစာများကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းက နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းခန့်အပ်မှုတွေကို လေ့လာ
ကြည့်မယ်ဆိုရင်လည်း ယခင်နှစ်ထက် ၂၅ ရာခိုင်နှုန်းလောက်ကို တိုးတက်လာတာကို တွေ့ရပါတယ်။

ဒါကြောင့်ပဲ နည်းပညာနယ်ပယ်ပိုင်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေနေသူတွေကို ကူညီဖို့ အတွက်လည်း နည်းပညာနဲ့ အင်ဂျင်နီယာ အလုပ်အကိုင်ခေါ်ယူပွဲတစ်ခုကို JobNet က မကြာမီ ကျင်းပဖို့ စီစဉ်နေပါတယ်။

JobNet ရဲ့ Technology and Engineering ဆိုင်ရာ အလုပ်အကိုင် ခေါ်ယူပွဲကြီးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့မှာ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

အဲဒီအလုပ်အကိုင်ခေါ်ယူပွဲမှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီးတွေက ရာနဲ့ချီတဲ့ အလုပ်အကိုင်
လစ်လပ် နေရာတွေကို ခေါ်ယူကြမှာပါ။  နည်းပညာနဲ့ အင်ဂျင်နီယာနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များရဲ့ စကားဝိုင်းဆွေးနွေးပွဲများလည်း ပါဝင်မှာ ဖြစ်တဲ့အတွက် သြဂုတ် ၁၂ ရက်နေ့ ၊ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်မယ့် JobNet ရဲ့ Technology and Engineering Career Conference ကိုလည်း သင့်အနေနဲ့ မဖြစ်မနေ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။