MMR
Myanmar
26th June, 2019
နိုင်ငံတကာလုပ်ငန်းအတွေ့အကြုံရှိသူများ တက်ရောက်ခဲ့သော JobNet Singapore Job Fair
စင်္ကာပူနိုင်ငံရှိမြန်မာနိုင်ငံသားများအတွက် ပြုလုပ်ကျင်းပသည့် တစ်ခုတည်းသော မြန်မာ့အလုပ်အကိုင်ပြပွဲကြီးတစ်ခုဖြစ်သည့် Myanmar Job Expo in Singapore ပွဲကြီးကို ဒုတိယအကြိမ်အဖြစ် JobNet မှ အောင်မြင်စွာကျင်းပခဲ့ပါသည်။ ထိုပွဲတွင် မြန်မာ့ထိပ်တန်းကုမ္ပဏီပေါင်း ၂၀ ကျော်ပါဝင်ပြီး အမိမြေသို့ပြန်လည်အခြေချနေထိုင်နိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းကောင်းများကို ရှာဖွေနေသည့် မြန်မာနိုင်ငံသားပေါင်း ၇၀၀ ကျော်လည်း တက်ရောက်ခဲ့ပါသည်။ နှစ်ရက်တာကျင်းပခဲ့သောထိုပွဲကြီးကို စင်္ကာပူနိုင်ငံ Novotel Clarke Quay ဟိုတယ်တွင် ၂၀၁၉ ခုနှစ် ဇွန်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင်တို့တွင် ပြုလုပ်ခဲ့ပါသည်။
အထူးသဖြင့် စင်္ကာပူနိုင်ငံတွင် လုပ်ငန်းပိုင်းဆိုင်ရာ၌ ကျွမ်းကျင်ပြီးအတွေ့အကြုံရှိ မြန်မာနိုင်ငံသားအများစုရှိသည့်အတွက်ကြောင့် ကုမ္ပဏီများအနေဖြင့်လည်း ထိုပွဲတွင်ဝင်ရောက်၍ အလုပ်ခေါ်ယူခဲ့ခြင်း ဖြစ်ပါသည်။ ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်သူများသည် နိုင်ငံတကာလုပ်ငန်းအတွေ့အကြုံ၊ လုပ်ငန်းခွင့်အလေ့အထများနှင့် လေ့ကျင့်သင်ကြားမှုများရှိသည့်အတွက်ကြောင့် လုပ်ငန်းရှင်များမှလည်း ထိုကဲ့သို့ကျွမ်းကျင်သူများကို မကြာခဏဆိုသလို ရှာဖွေလေ့ရှိပါသည်။
ထိုပွဲသို့ လာရောက်အလုပ်အကိုင်ရှာဖွေခဲ့သူများအပေါ် အလုပ်ခေါ်ယူခဲ့သောကုမ္ပဏီများမှပြောပြထားသော သူတို့၏အမြင်တွေကို သိရှိလိုပါက အထက်ကဗီဒီယိုမှာကြည့်ရှုလိုက်ပါ။ ထို့အပြင် JobNet မှ စက်တင်ဘာလတွင် ရန်ကုန်မြို့၌ထပ်မံကျင်းပမည့် အလုပ်အကိုင်ပြပွဲမှာလည်း ဝင်ရောက်ပါဝင်နိုင်စေရန် ဖိတ်ခေါ်လိုက်ပါတယ်။
Hot Topics
Top Employers
Recent Articles
2025 JobNATION Yangon အလုပ်အကိုင်ပြပွဲအတွက် အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုမျိုးပြင်ဆင်မလဲ
2024 November- Top 10 Industries and Job Functions with the most Jobs
2024 JobNATION Yangon အလုပ်အကိုင်ပြပွဲအတွက် အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုမျိုးပြင်ဆင်မလဲ
JobNATION Mandalay အလုပ်အကိုင်ပြပွဲအတွက် အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲ
JobNATION Yangon အလုပ်အကိုင်ပြပွဲအတွက် အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုမျိုးပြင်ဆင်မလဲ
Follow us