12th March, 2018

10,000 job seekers attend JobNet VR career fair

The country’s number one online job portal JobNet.com.mm welcomed over 10,000 job seekers to their recent career fair, which was powered by the medium of virtual reality.

Human resource professionals from 40 of Myanmar’s leading companies exhibited, talking to many eager, prospective new recruits. As an added bonus, companies such as Unilever, Metro, Heineken, CB Bank and Ooredoo showcased their actual office environments with a virtual reality walk-through.

Chief Human Resource Officer for Ooredoo, Cecile Umaná said, “This JobNet VR job fair has been a great success, and it paves the way for more innovation at subsequent events. Ooredoo is delighted to take part and we look forward to more HR initiatives from JobNet.”

JobNet’s Managing Director, Matt De Luca said, “As an online recruitment platform JobNet’s career fairs play an important part in bringing our job seekers and employers together offline. It was great to see job seekers and employers interacting and using the power of virtual reality to take a look inside a number of workplaces.”

“Of course we have to top this event and we’re currently organizing our next career fair to be held in May that focuses on the sales and marketing profession. As well as meeting the country’s top companies, job seekers will have the opportunity to listen to presentations by leading sales and marketing experts.”

မြန်မာနိုင်ငံ၏ ပထမဆုံးသော ၃၆၀ ဒီဂရီ သုံးဖက်မြင် (3D) ပုံရိပ် VR နည်းပညာသုံး အလုပ် အကိုင် ပြပွဲ ကို အလုပ်အကိုင်ရှာဖွေသူ တစ်သောင်းဝန်းကျင် တက်ရောက်ခဲ့

အလုပ်အကိုင်ရှာဖွေသူများကိုယ်တိုင် ကုမ္ပဏီများ၏ ရုံးခန်းများသို့ ရောက်ရှိသွားရသကဲ့သို့ခံစားရသည့် ၃၆၀ ဒီဂရီ သုံး ဖက်မြင် (3D) ပုံရိပ် ဗွီဒီယို များကို ကြည့်ရှု၍ အလုပ် လျောက်ထားကြသည့် Virtual Reality (VR) နည်း ပညာ  သုံး အလုပ် အကိုင် ပြပွဲ တစ်ခုကို  မတ်လ ၁၀ ရက်နေ့ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ အလုပ်အကိုင်ရှာဖွေသူပေါင်း တစ်သောင်းနီးပါးတက်ရောက်ခဲ့ကြောင်း မြန်မာပြည်၏ ထိပ်တန်း အလုပ်အကိုင်ရှာဖွေရေး Website ဖြစ်သော JobNet.com.mm မှ သိရသည်။

အဆိုပါ အလုပ်အကိုင်ပြပွဲတွင် မြန်မာပြည်၏ ထိပ်တန်းကုမ္ပဏီကြီးများဖြစ်သော Unilever ၊ Heineken၊ CB Bank၊ အော်ရီဒူး၊ Metro၊ Wall street English စသော ကုမ္ပဏီများအပါအ၀င် ကုမ္ပဏီပေါင်း ၄၀ ကျော်မှ အထွေထွေ အလုပ်အကိုင်များကို ပြသခဲ့ကြပြီး အလုပ်အကိုင်ရှာဖွေသူများအနေဖြင့် ၎င်းတို့ လျောက်ထားသော ကုမ္ပဏီ ထဲသို့ ကိုယ်တိုင်သွားရောက်၍ လေ့လာ ရ သကဲ့သို့ ခံစားရမည့် Virtual Reality နည်းပညာကို အသုံးပြုထား ခြင်းဖြစ်ပြီ မြန်မာနိုင်ငံတွင် တက်ရောက်သူအများဆုံး အလုပ်အကိုင်ပြပွဲအဖြစ် မှတ်တမ်းတင်ခဲ့သည်။

Watch the video highlights

အော်ရီဒူး မြန်မာ၏ Chief Human Resources Officer ဖြစ်သူ Ms.Cecile Umana က“ဒီလို တီထွင်ဆန်းသစ်မှုတွေနဲ့အတူ အောင်မြင်တဲ့အလုပ်အကိုင်ရှာဖွေရေး ပွဲကြီးကို Ooredoo အနေနဲ့ ပါဝင်ခွင့်ရတာ အရမ်းဝမ်းသာရပါတယ်။ အနာဂတ်မှာလဲ JobNet နဲ့ လက်တွဲလုပ်ဆောင်သွားဖို့ အများကြီးရှိပါသေးတယ်။”ဟု ပြောသည်။

ကောင်းမွန်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ရှိခြင်းသည်ဝန်ထမ်းတိုင်းမျှော်လင့် လေ့ရှိကြသောအရာ တစ်ခု ဖြစ်ပြီးကောင်းမွန်သော ကုမ္ပဏီ များ အနေဖြင့် ၀န်ထမ်းများ အတွက် ကောင်းမွန် သော လုပ်ငန်း ခွင် နေရာများ ဖန်တီး ပေး ရန် အရေးကြီး ကြောင်း JobNet က နားလည် သဘောပေါက်သဖြင့်ယခုကဲ့သို့ VR နည်းပညာသုံး Job Fair တစ်ခုကို ကျင်းပပြု လုပ်ရခြင်း ဖြစ် ကြောင်း JobNet.com.mm ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Matt De Luca က ပြောသည်။

“ကောင်းမွန်တဲ့ လုပ်ငန်းခွင်ရှိတာဟာ ၀န်ထမ်းတွေကို လုပ်ငန်းခွင်မှာ ပျော်ရွင်စေပြီး ၀န်ထမ်းတွေရဲ့ စွမ်းဆောင် ရည်ကို မြင့်တက်လာစေပါတယ်။ သာယာပျော်ရွင်ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်၊ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရှိတဲ့ နေရာမှာ အလုပ် လုပ်ကိုင်ရသူတွေဟာ လုပ်ငန်းခွင်မှာ မြဲကြပါတယ်။ ပြီးတော့ ကုမ္ပဏီအတွက်လည်း အလုပ်တွေပိုပြီး လုပ်ကိုင် နိုင်ကြပါတယ်။ ဒါကြောင့်လုပ်ငန်းခွင်အတွင်း ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရေး နှင့် စိတ်ဖိစီးမှုနည်း ပါစွာ အ လုပ်လုပ် ကိုင်နိုင် ရေး၊ ကျန်းမာရေးနဲ့ သင့်လျော်သောလုပ်ငန်းခွင်ရှိရေးစတဲ့ အခြေအနေ တွေကို Professional တွေက လည်း ရွေးချယ် လုပ်ကိုင် လာကြတာကြောင့် ခုလို VR နည်း ပညာသုံးတဲ့ အလုပ် အကိုင်ပြပွဲ တစ်ခုကို ပြုလုပ် ရတာ ပါ။”ဟု ၎င်းက ပြောသည်။

ထို့အပြင် အလုပ်အကိုင်လာရောက်လျောက်ထားသူများသည် မြန်မာနိုင်ငံရှိ ထင်ကြားကျော်ကြားသော လူ့စွမ်းအား အရင်းအမြစ် (HR) ကဏ္ဍတွင် အထူးကျွမ်းကျင်သော HR Manager များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး အဆိုပါ VR အလုပ်အကိုင်ပြပွဲအတွင်း သက်ဆိုင်ရာ ကုမ္ပဏီများအတွက် အင်တာဗျူး အခန်း ငယ်များ ထားရှိ၍ အလုပ် လျောက်ထားသူ၏ အရည်အချင်းကို နှစ်သက်ပါက ချက်ချင်းအင်တာဗျူး၍ အလုပ် အကိုင် ခန့်ထားပေးခဲ့ကြောင်းလည်းသိရသည်။

မကြာမီအချိန်အတွင်း Sales and Marketing နယ်ပယ်ရှိ Experts များမှ ဟောပြောဆွေးနွေးပေးမည့် Sales and Marketing Career Fair တစ်ခုကို ကျင်းပသွားရန် JobNet.com.mm က စီစဉ်နေသည်။