1st April, 2019

Professionals များအကြားတွင် စိတ်ဝင်စားမှုအများအပြားရရှိခဲ့သော JobNation

စိတ်လှုပ်ရှားစရာအကောင်းဆုံးနှင့် အကြီးမားဆုံးအလုပ်အကိုင်ပြပွဲကြီးတစ်ခုဖြစ်သော JobNation ပွဲကြီးကို Novotel Yangon Max တွင် မတ်လ ၂၃ ရက်နေ့ စနေနေ့ JobNet.com.mm မှ ပြုလုပ်ကျင်းပခဲ့သည်။ ထိုပွဲကြီးသို့ လုပ်ငန်းနယ်ပယ်အသီးသီးမှ အတွေ့အကြုံရှိအလုပ်ရှာဖွေသူပေါင်း ၁၂၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်တွင် စတင်ကျင်းပခဲ့သော JobNation အလုပ်အကိုင်ပြပွဲကြီးသည် တစ်နှစ်လျှင်နှစ်ကြိမ်ကျင်းပပါသည်။ JobNet.com.mm ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr. Matt De Luca မှ “ဒီအလုပ်အကိုင်ပြပွဲကြီးမှာ ကျွန်တော်တို့ သိသိသာသာကြီး သတိထားမိတာတစ်ခုကတော့ လုပ်ငန်းနယ်ပယ်အသီးသီးက အတွေ့အကြုံရှိပြီးသားသူတွေ အများကြီးတက်ရောက်ခဲ့တာကို တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့အဓိကစီးပွားရေးလုပ်ငန်းက အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဒ်ဖြစ်ပေမဲ့လည်း ကုမ္ပဏီတွေနဲ့ အတွေ့အကြုံရှိကျမ်းကျင်သူတွေကို ပိုပြီးတွေ့ဆုံချိတ်ဆက်နိုင်စေတဲ့ အခွင့်အရေးတွေရအောင် အရည်အသွေးကိုဦးစားပေးပြီး ကြီးကျယ်ခမ်းနားတဲ့အလုပ်အကိုင်ပြပွဲတွေကို တစ်နှစ်မှာ အရေအတွက်အနည်းငယ်သာ ကျင်းပပါတယ်။ ဒီပွဲကိုတက်ရောက်ပြီး အလုပ်ရှာဖွေခဲ့တဲ့လုပ်ငန်းအတွေ့အကြုံရှိကျွမ်းကျင်သူတွေဟာဆိုရင် ထိပ်တန်းကုမ္ပဏီပေါင်း ၅၀ ကျော်က အလုပ်ခေါ်ယူသူတွေနဲ့ တစ်နေရာတည်းမှာတွေ့ဆုံနိုင်ယုံသာမက တချို့ကုမ္ပဏီတွေရဲ့ Virtual Reality (VR) နည်းပညာကို စမ်းသပ်အသုံးပြုကြည့်ရှုပြီး အဲဒီကုမ္ပဏီတွေရဲ့လက်တွေ့လုပ်ငန်းခွင်တွေကို အလည်အပတ်သွားရောက်နိုင်ပါတယ်။ ဒါဟာလည်း အလုပ်ရှာဖွေသူတွေအနေနဲ့ ကုမ္ပဏီတွေရဲ့အလုပ်လုပ်ပုံအသေးစိတ်နဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေတွေကို သေချာသိနိုင်တာကြောင့် တကယ်ကိုကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒီနှစ်မှာဆိုရင် ကုမ္ပဏီပေါင်း ၅၀ ကျော်ပါဝင်ပြီးတော့ အလုပ်အကိုင်နယ်ပယ်အားလုံးနီးပါးမှာ လုပ်ငန်းအတွေ့အကြုံရှိကျွမ်းကျင်သူတွေကို  ခေါ်ယူနေပါတယ်။ ဒီနေ့မှာ အများဆုံးခေါ်ယူနေတဲ့နယ်ပယ်တွေကတော့ အရောင်းကဏ္ဍ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍနဲ့ ဒစ်ဂျစ်တယ်ဈေးကွက်ဖော်ဆောင်ရေးကဏ္ဍတွေဖြစ်ပါတယ်။” ဟုပြောခဲ့ပါသည်။

ထိပ်တန်းကုမ္ပဏီများမှာ ခေါ်ယူနေသော လစ်လပ်ရာထူးပေါင်းများစွာနှင့်အတူ ဤ JobNation အလုပ်အကိုင်ပြပွဲကြီးသည် အလုပ်ခေါ်ယူမှုထက်ပင်ပိုပါသည်။ ဤပွဲကြီးတွင် နယ်ပယ်ပေါင်းစုံမှကျွမ်းကျင်ပညာရှင်များ၏ အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးနှင့် ပတ်သက်သော စိတ်ဝင်စားစရာကောင်းသည့်ဆွေးနွေးဟောပြောပွဲများလည်း ပါဝင်ခဲ့ပါသည်။ ထိုဆွေးနွေးဟောပြောပွဲများသို့ တက်ရောက်နားထောင်သူများအနေဖြင့်လည်း အလုပ်အကိုင်လမ်းကြောင်းအစီအစဉ်ရေးဆွဲခြင်း၊ အလုပ်အကိုင်ဈေးကွက်အခြေအနေ၊ အလုပ်ရှင်များ၏တောင်းဆိုချက်များနှင့် နယ်ပယ်တစ်ခုချင်းစီတွင် အလုပ်အကိုင်လမ်းကြောင်းကို ဘယ်လိုတိုးတက်အောင်ပြုလုပ်မလဲဆိုသည့် လက်တွေ့ကျသောသတင်းအချက်အလက်များကို လေ့လာနားထောင်ခွင့်ရခဲ့ပါသည်။

JobNation အလုပ်အကိုင်ပြပွဲကြီးတွင် ပါဝင်သည့်ကုမ္ပဏီများအနေဖြင့်လည်း အရည်အချင်းနှင့် အလားအလာရှိသော ဝန်ထမ်းများကို ရှာဖွေစုဆောင်းနိုင်ခဲ့သည့်အပြင် ပါဝင်သောကုမ္ပဏီအများစုသည် ဈေးကွက်ထဲတွင် မိမိတို့ကုမ္ပဏီများ၏အမှတ်တံဆိပ်ပိုမိုသိထားမိလာပြီး နာမည်ဂုဏ်သတင်းကိုထင်ရှားလာစေရန် အဆိုပါဆွေးနွေးဟောပြောပွဲများတွင်ပါဝင်ပြီး မိမိတို့၏ကုမ္ပဏီအကြောင်းကိုတင်ဆက်ဆွေးနွေးဟောပြောခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အရမ်းကိုအပြိုင်အဆိုင်များလာသော အလုပ်အကိုင်ဈေးကွက်တွင် ကုမ္ပဏီများသည် အကောင်းဆုံးဝန်ထမ်းများကို ခန့်အပ်ထားနိုင်ရေးအတွက် ကုမ္ပဏီ၏နာမည်ကောင်းတည်ဆောက်ရေးကိုပို၍ အလေးပေးအာရုံစိုက်လာကြပါသည်။

Unilever ကုမ္ပဏီ၏ Senior Human Resources Business Partner Manger တစ်ဦးဖြစ်သော Mr. Paul Nyan Myint Soe မှ “ကျွန်တော်တို့က အလုပ်တစ်ခုလိုချင်တာမဟုတ်ဘဲနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကိုလိုချင်တဲ့ အရည်အချင်းနဲ့ အလားအလာရှိအလုပ်လျှောက်ထားသူတွေကို ရှာဖွေနေတာဖြစ်ပါတယ်” ဟု ပြောခဲ့ပါသည်။

ထိုအလုပ်အကိုင်ပြပွဲကြီးတွင် ပွဲသို့လာရောက်ကြသော အလုပ်အကိုင်ရှာဖွေသူအများအပြားသည် ထိပ်တန်းကုမ္ပဏီများ၏ဆိုင်ခန်းနေရာသို့ အဆက်မပြတ်သွားရောက်လေ့လာခဲ့ကြပါသည်။ ထိုကုမ္ပဏီများထဲတွင် Ooredoo, Unilever, Shop.com.mm နှင့် IKBZ အာမခံလုပ်ငန်းတို့သည် ပလက်တီနမ်အဆင့်ကူညီပံ့ပိုးပေးသူများဖြစ်ပါသည်။ အလုပ်ရှာဖွေသူများအနေဖြင့် ထိုကုမ္ပဏီကြီးများ၏ လက်တွေ့လုပ်ငန်းခွင်အခြေအနေကို Virtual Reality (VR) နည်းပညာကို အသုံးပြုပြီး သွားရောက်လေ့လာခွင့်ရရှိခဲ့ကြပါသည်။

ပွဲသို့တက်ရောက်ခဲ့သော အလုပ်ရှာဖွေသူတစ်ဦးမှလည်း “ကျွန်မရဲ့ရည်ရွယ်ချက်ကတော့ နောက်ကျရင် နိုင်ငံတကာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကျွန်မဒီနေ့ ဒီပွဲကိုလာခဲ့တာပါ။” ဟု စနစ်တကျပြင်ဆင်လာသောသူမ၏ CV တွေကို ကိုင်ပြီးပြောခဲ့ပါသည်။ အဲဒီအပြင် သူမကဆက်ပြီး “အလုပ်ရှင် ဒါမှမဟုတ် အလုပ်ခေါ်ယူနေတဲ့သူတွေနဲ့ ပထမဆုံးတွေ့ဆုံတဲ့အခါမှာ ကိုယ့်ရဲ့ပုံရိပ်ကလည်းအရမ်းအရေးကြီးတယ်လေ။ အဲဒါကြောင့် ဒီကိုလာတဲ့အခါမှာ သပ်သပ်ရပ်ရပ်နဲ့ သေချာဝတ်စားလာခဲ့ပါတယ်” ဟုဖြေခဲ့သည်။

သူမ၏သူငယ်ချင်းတစ်ဦးဖြစ်သူမှ ပြောပြခဲ့သည်မှာ သူမမှာအလုပ်ရှိပြီးသားဖြစ်သော်လည်း သူမ၏သူငယ်ချင်းအတွက် အဖော်လိုက်လာခဲ့ခြင်းဖြစ်သည်။ သူမ၏သူငယ်ချင်းမှ ကုမ္ပဏီများကိုလေ့လာနေချိန်တွင် သူမအနေဖြင့် ပညာရှင်များ၏ဆွေးနွေးဟောပြောပွဲများကို တက်ရောက်နားထောင်ရန်ဖြစ်ပြီး ထိုဆွေနွေးဟောပြောပွဲများမှ ရရှိခဲ့သော ဗဟုသုတများသည် သူမ၏အလုပ်အကိုင်လမ်းကြောင်းအတွက် အထောက်အကူဖြစ်ပါသည် ဟုပြောပြခဲ့ပါသည်။ 

JobNet.com.mm အနေဖြင့်လည်း နောက်ထပ်ကြီးကျယ်ခမ်းနားသော JobNation အလုပ်အကိုင်ပြပွဲကြီးကို မေလအကုန်တွင် မန္တလေးမြို့တွင် ကျင်းပရန်စီစဉ်နေပါသည်။ ရန်ကုန်မြို့တွင်လည်း JobNation အလုပ်အကိုင်ပြပွဲကြီးကို စက်တင်ဘာလတွင် နောက်ထပ်တစ်ကြိမ်ထပ်မံ ကျင်းပမည်ဖြစ်ပါသည်။