3rd August, 2018
နည်းပညာနှင့် အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင်ပြပွဲနှင့် ဆွေးနွေးပွဲ
Share
Blog Link Copied
နည်းပညာနှင့် အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင်ပြပွဲနှင့် ဆွေးနွေးပွဲကို သြဂုတ်လ ၁၂ ရက် တနင်္ဂနွေနေ့ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
အဆိုပါ နည်းပညာနှင့် အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင်ပြပွဲနှင့် ဆွေးနွေးပွဲ Technology & Engineering Career Conference တွင် နည်းပညာနှင့် အင်ဂျင်နီယာနယ်ပယ်မှ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများစွာက ဟောပြောဆွေးနွေးမှု များလည်း ပြုလုပ်မည်ဖြစ်သည်။
“မြန်မာနိုင်ငံမှာ နည်းပညာနဲ့ အင်ဂျင်နီယာလုပ်ငန်းနယ်ပယ်တွေဟာ လျင်လျင်မြန်မြန်ပဲ ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်နေတဲ့ ကဏ္ဍတွေအတွက် လိုအပ်နေတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တဲ့အတွက် အရမ်းကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ် ”ဟု Jobnet.com.mm ၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ Mr. Matt De Luca က ပြောသည်။
အော်ရီဒူး၊ ကမ္ဘောဇ၊ Grab နှင့် Huawei စသည့် မြန်မာနိုင်ငံအခြေစိုက် စီးပွားရေး လုပ်ငန်းကြီး များစွာက နယ်ပယ်စုံမှ နည်းပညာကျွမ်းကျင်လုပ်သားများစွာကို ရှာဖွေလျက်ရှိပြီး မိမိနှင့် သင့်တော်မည့်ရာထူးအလုပ်အကိုင်များကို ယခုလင့်တွင်ဝင်ရောက်ရှာဖွေနိုင်ပါသည်။
အဆိုပါ စီးပွားရေးလုပ်ငန်းများစွာက ယခုပြပွဲနှင့် ဆွေးနွေးပွဲတွင် ဆော့ဖ်ဝဲ၊ ဟာဒ်ဝဲနှင့် နက်ဝက်ကင်း အင်ဂျင်နီယာများ၊ ပရိုဂရမ်ရေးဆွဲသူများ၊ ၀က်ဘ်ဆိုက်နှင့် မိုဘိုင်း App ရေးသားသူများ၊ ဆိုက်ဘာလုံခြုံရေး စသည့် နည်းပညာရှင်များစွာကို ရှာဖွေမည်ဖြစ်သည်။
ထို့ပြင် JobNet နှင့် ချိတ်ဆက်ထားသည့် မြန်မာ့ထိပ်တန်း ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာ ကုမ္ပဏီကြီးများ ကလည်း အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ လုပ်သားများစွာကို ရှာဖွေလျက်ရှိသည်။
QS, QA နှင့် စီမံကိန်းစီမံခန့်ခွဲသူများ၊ လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာများ၊ ဓာတုဗေဒ၊ မက်ကယ်ထရောနစ်၊ အီလက်ထရောနစ် အင်ဂျင်နီယာများ၊ ဒီဇိုင်းအင်ဂျင်နီယာများစသည့် အင်ဂျင်နီယာပေါင်းများစွာကို ခေါ်ယူမည်ဖြစ် ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ၁၂ လလောက်ကိုပဲ ကြည့်မယ်ဆိုရင် နည်းပညာနှင့် အင်ဂျင်နီယာကဏ္ဍနဲ့ ပတ်သက်တဲ့ ကုမ္ပဏီအရေ အတွက်ရော အမျိုးအစားပါ တိုးတက်လာတဲ့ သက်သေတွေရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဆက်လက်ဖွံ့ဖြိုး တိုးတက်ဦးမယ့် လက္ခဏာလည်း ဖြစ်ပါတယ်” ဟု Mr Matt De Luca က ပြောသည်။