MMR
Myanmar
16th September, 2019
နယ်ပယ်ပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်များပါဝင်မည့် JobNATION Career Talks
ဒစ်ဂျစ်တယ်နည်းပညာကို အပြည့်အဝအသုံးချတဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံးနဲ့ အကြီးမားဆုံး JobNATION အလုပ်အကိုင်ပြပွဲကြီးကျင်းပဖို့ ရက်ပိုင်းပဲလိုပါတော့တယ်နော်။ ဒီအလုပ်အကိုင်ပြပွဲကြီးကို စက်တင်ဘာလ ၂၁ ရက်နေ့ Novotel Yangon Max ဟိုတယ်မှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ JobNet.com.mm မှဦးစီးကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာအခြေစိုက်ကုမ္ပဏီပေါင်း ၆၀ ကျော်ကနေ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ လိုအပ်နေတဲ့လစ်လပ်အလုပ်အကိုင်ပေါင်းများစွာအတွက် သင့်တော်ပြီးအရည်အချင်းရှိသူတွေကို ဒီပွဲမှာခေါ်ယူသွားမှာပါ။ ဒီပွဲမှာအလုပ်ခေါ်ယူသွားမယ့်ကုမ္ပဏီတွေနဲ့ အလုပ်ရှင်တွေဟာ အရင်ကလို CV စာရွက်တွေကို အသုံးပြုပြီးခေါ်ယူသွားမှာ မဟုတ်တော့ပါဘူး။ JobNet ကနေအသစ်တီထွင်လိုက်တဲ့ Digital CV ID ကိုအသုံးပြုပြီး CV စာရွက်တွေမလိုတော့တဲ့ အလုပ်အကိုင်ပြပွဲကြီးကို ပြုလုပ်သွားမှာပါ။
ဒီပြပွဲကြီးကိုတက်ရောက်ပြီး အလုပ်လျှောက်ထားချင်တယ်ဆိုရင် အဓိကပြင်ဆင်ထားရမယ့်အရာကတော့ လုပ်ငန်းပိုင်းဆိုင်ရာအချက်အလက်တွေကို ကိုယ့်ရဲ့ JobNet Profile မှာ အားလုံးပြည့်ပြည့်စုံစုံဖြည့်စွက်ထားပြီး ကိုယ့်ရဲ့ Digital CV ကို အကောင်းဆုံးပြင်ဆင်ထားပါ။ JobNATON ပွဲကြီးမှာ ပြီးပြည့်စုံတဲ့အလုပ်လျှောက်ထားမှုတစ်ခု ဖြစ်ချင်တယ်ဆိုရင်တော့ ဒါဟာအရမ်းကိုအရေးကြီးတဲ့အချက်ပါ။ ပွဲရောက်လို့ အလုပ်လျှောက်ထားချင်တယ်ဆိုရင် အရင်ကလို CV စာရွက်တွေကို အလုပ်ရှင်ကိုသွားပေးမယ့်အစား ကိုယ့်ဖုန်းထဲကအဲဒီ Digital CV ID ကို အလုပ်ရှင်ကိုပြလိုက်ပါ။ အဲဒီအခါမှာ အလုပ်ရှင်ကနေ Click တစ်ချက်နှိပ်ပြီး အဲဒီ ID ကို Scan ဖတ်လိုက်ရုံနဲ့ ကိုယ့်ရဲ့ Digital CV ဟာ အလုပ်ရှင်ရဲ့ Database ထဲမှာအလိုအလျောက်ရောက်ရှိသွားပြီး ပြီးပြည့်စုံတဲ့အလုပ်လျှောက်ထားမှုတစ်ခုကို ရရှိမှာဖြစ်ပါတယ်။ အဲဒီအပြင် ပွဲကိုရောက်တဲ့အခါမှာ ကုမ္ပဏီတစ်ခုချင်းစီကလတ်တလောခေါ်ယူနေတဲ့လစ်လပ်အလုပ်အကိုင်တွေကို သိရှိချင်တယ်ဆိုရင်လည်း အဲဒီကုမ္ပဏီတွေရဲ့ Digital ID ကို Scan ဖတ်လိုက်ရုံနဲ့ ခေါ်ယူနေတဲ့အလုပ်အကိုင်တွေကို တွေ့မြင်ရမှာဖြစ်ပြီး Click တစ်ချက်နှိပ်ပြီး အလုပ်လျှောက်ထားရုံပါပဲ။ Digital CV ID ကို ဘယ်လိုပြင်ဆင်ပြီး အလုပ်လျှောက်ထားရမလဲဆိုတာကို ပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင်တော့ ဒီနေရာမှာ အသေးစိတ်ဝင်ရောက် ကြည့်ရှုလိုက်ပါ။
ဒီ JobNATION အလုပ်အကိုင်ပြပွဲကြီးမှာ အလုပ်ခေါ်ယူမှုအခွင့်အလမ်းတွေအပြင် စီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီးက လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်တွေရဲ့ ဆွေးနွေးဟောပြောပွဲတွေကိုလည်း မနက် ၁၀ နာရီမှစတင်ကာ အခမဲ့လာရောက်နားထောင်နိုင်ပါတယ်။ အဲဒီဟောပြောပွဲအစီအစဉ်တွေထဲမှာ မြန်မာနိုင်ငံရဲ့ နည်းပညာနယ်ပယ်၊ စီမံခန့်ခွဲမှုနယ်ပယ်၊ အရောင်းပိုင်းနဲ့ လူ့စွမ်းအားစီမံခန့်ခွဲမှုနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေက အလုပ်ရှာဖွေနေသူတွေအတွက် အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးမှာ လက်တွေ့အသုံးဝင်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကို ဆွေးနွေးပေးသွားမှာပါ။ ဆွေးနွေးဟောပြောသွားမယ့်အကြောင်းအရာတွေနဲ့ ပါဝင်ဟောပြောဆွေးနွေးမယ့်သူတွေကို ဒီနေရာမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။
ထို့အပြင် ဒီပွဲမှာဝင်ရောက်အလုပ်ခေါ်ယူနေတဲ့ထိပ်တန်းကုမ္ပဏီကြီးတွေရဲ့ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာတာဝန်ရှိသူတွေနဲ့ အကြီးတန်းစီမံခန့်ခွဲမှုပိုင်းဆိုင်ရာတာဝန်ရှိသူတွေကလည်း သူတို့ရဲ့အဖွဲ့အစည်းအတွက် ဘယ်လိုမျိုးအရည်အချင်းရှိသူတွေကို ရှာဖွေနေသလဲ၊ ဝန်ထမ်းရွေးချယ်ရာမှာလည်း သင့်တော်တဲ့ဝန်ထမ်းတွေကို ဘယ်လိုမျိုးစီစစ်ရွေးချယ်လေ့ရှိသလဲ၊ ဝန်ထမ်းတွေရဲ့ အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးမှာ ဘယ်လိုမျိုးထောက်ပံ့ပေးလေ့ရှိသလဲ အစရှိတဲ့အကြောင်းအရာတွေကို ဒီပွဲကိုတက်ရောက်လာတဲ့သူတွေကို မျှဝေပေးသွားမှာပါ။
အဲဒါကြောင့် ဒီပွဲကြီးဟာဆိုရင် အလုပ်အကိုင်ခေါ်ယူမှုတစ်ခုတည်းသာမဟုတ်ဘဲ ဗဟုသုတရစရာနဲ့ စိတ်ဓာတ်ခွန်းအားဖြစ်စေမယ့် အလုပ်အကိုင်ဆွေးနွေးဟောပြောပွဲတွေနဲ့ ပေါင်းစပ်ထားတဲ့ JobNATION အလုပ်အကိုင်ပြပွဲကြီးကို လက်လွတ်မခံဘဲတက်ရောက်မယ်ဆိုရင်တော့ ဒီနေရာမှာ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ နောက်ပြီး ဒီပွဲကြီးမှာ ခေါ်ယူသွားမယ့်အလုပ်အကိုင်တွေနဲ့ ပွဲအကြောင်းအရာတွေကို အချိန်နဲ့တပြေးညီသိရှိချင်တယ်ဆိုရင် JobNet JobNATION/Myanmar Biggest Career Fair ဆိုတဲ့ Facebook Event Page ကို Interest ဒါမှမဟုတ် Going လုပ်ထားလိုက်ပါ။ တကယ်လို့ ကိုယ့်ရဲ့သူငယ်ချင်းတွေထဲမှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ရှာဖွေနေတဲ့သူတွေရှိရင်လည်း JobNATION အလုပ်အကိုင်ပြပွဲအကြောင်းကို မျှဝေပေးလိုက်ပါဦးနော်။ ဒါဆို စက်တင်ဘာလ ၂၁ ရက်နေ့ စနေနေ့ကျရင် သူငယ်ချင်းတွေနဲ့အတူ JobNATION အလုပ်အကိုင်ပြပွဲကြီးမှာ JobNet ရဲ့ Digital CV ID နည်းပညာကိုအသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့အလုပ်တွေကို လျှောက်ထားလိုက်ကြရအောင်။
Hot Topics
Top Employers
Recent Articles
JobNATION Mandalay အလုပ်အကိုင်ပြပွဲအတွက် အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲ
JobNATION Yangon အလုပ်အကိုင်ပြပွဲအတွက် အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုမျိုးပြင်ဆင်မလဲ
JobNATION အလုပ်အကိုင်ပြပွဲအတွက် အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုမျိုးပြင်ဆင်မလဲ
JobNATION Mandalay 2020 တွင် အလုပ်အကိုင်ရှာဖွေသူပေါင်း ၃၀၀၀ ကျော်တက်ရောက်ခဲ့
မန္တလေးမြို့တွင် ဒစ်ဂျစ်တယ်နည်းပညာကိုအပြည့်အဝအသုံးပြုပြီး နယ်ပယ်အစုံမှအလုပ်အကိုင်ပေါင်းများစွာကိုခေါ်ယူသွားမည့် JobNATION 2020
Follow us