30th October, 2018
မန္တလာမြေပေါ်က အကြီးမားဆုံး အခွင့်အလမ်းကောင်းတစ်ခု
Share
Blog Link Copied
သင်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအထင်ရှားဆုံးမြို့တော်ဖြစ်တဲ့ မန္တလေးနဲ့ အနီးတဝိုက်မှာ နေထိုင်သူတစ်ဦး ဖြစ်ပါသလား။ နှစ်တစ်နှစ် မကုန်ဆုံးမီမှာ အလုပ်အကိုင်လမ်းကြောင်းကောင်းတစ်ခုပေါ် ခိုင်ခိုင်မာမာ အခြေချဖို့ အလုပ်တစ်ခုကိုရော လိုက်လံရှာဖွေနေသူတစ်ဦးလား။ ကုမ္ပဏီကြီးတွေ၊ အလုပ်အကိုင်လမ်းကြောင်း တိုးတက်အောင်မြင်လာအောင် အကြံပေးသွားမယ့် စကားဝိုင်း ဆွေးနွေးပွဲတွေ ပါဝင်မယ့် အလုပ်အကိုင်ပြပွဲကို သွားရောက်ခြင်းက သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါတယ်။ ဒီလိုမျိုး အလုပ်အကိုင်ပြပွဲကို သွားရောက်ခြင်းက ခိုင်မာတဲ့ အလုပ်အကိုင်တစ်ခုကို ရရှိဖို့အတွက် အခွင့်အရေးတစ်ခုပါပဲ။
မြန်မာနိုင်ငံက အလုပ်အကိုင်ရှာဖွေနေသူတွေနဲ့ ဝန်ထမ်းကောင်းတွေ ရှာဖွေနေတဲ့ ကုမ္ပဏီတွေကို တွေ့ဆုံပေးမယ့် ပွဲကြီးတစ်ခုကို Job Net က မန္တလေးမှာ မကြာမီ ပြုလုပ်ပေးတော့မှာပါ။ Job Nation ဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အလုပ်အကိုင်ပြပွဲဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၁၀ ရက်နေ့မှာ မန္တလေးမြို့၊ Hilton Hotel မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။
မန္တလေးမြို့အပါအဝင် အထက်မြန်မာပြည်တဝိုက်မှာ နေထိုင်ကြတဲ့ လူငယ်တွေအနေနဲ့ အကောင်းဆုံး အလုပ်အကိုင် အခွင့်အလမ်းတွေကို Job Nation Mandalay မှာ လာရောက်ရယူနိုင်ပါတယ်။ နိုင်ငံတကာအခြေစိုက် နည်းပညာကုမ္ပဏီကြီးတွေ အပါအဝင် မတူညီတဲ့ ကုမ္ပဏီလုပ်ငန်း ၂၀ ခန့်က ဒီပွဲမှာ ပါဝင်ပြီး ဝန်ထမ်းတွေကို လာရောက်ခေါ်ယူကြမှာပါ။ မန္တလေးနဲ့ အထက်မြန်မာပြည်တဝိုက် ခန့်အပ်မယ့် ရာထူးနေရာတွေအပြင် မြန်မာပြည်တွင်းအခြားနေရာတွေမှာခန့်အပ်မယ့် ရာထူးနေရာတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းကို ရှာဖွေနေသူတွေအတွက်လည်း အခွင့်အလမ်းတွေ ရရှိဦးမှာ ဖြစ်ပါတယ်။
ဝန်ထမ်းလိုအပ်နေတဲ့ ကုမ္ပဏီတွေက လာရောက်ခေါ်ယူကြမှာ ဖြစ်တဲ့အတွက် အလုပ်ရဖို့က သေချာနေပါပြီ။ ကုမ္ပဏီပေါင်း ၂၀ ကနေ လိုအပ်နေတဲ့ ရာထူးနေရာတွေကို ခေါ်ယူမှာမို့ အခွင့်အလမ်းတွေက အရမ်းများပြားလို့ လက်မလွှတ်လိုက်ပါနဲ့။ လုပ်ငန်းနယ်ပယ်မှာ အောင်မြင်နေသူတွေကလည်း အလုပ်အကိုင်လမ်းကြောင်း တိုးတက်ဖို့အတွက် ဆွေးနွေးအကြံပြုမယ့် စကားဝိုင်းဆွေးနွေးပွဲတွေကိုလည်း ဝင်ရောက် လေ့လာခြင်းက ကိုယ့်အတွက် အကျိုးရှိစေမှာပါ။ ပညာရှင်တွေရဲ့ ဆွေးနွေးပွဲမှာ သိလိုတာတွေလည်း ဝင်ရောက်မေးမြန်းနိုင်ပါသေးတယ်။ ဒါကြောင့်မို့လို့ နိုဝင်ဘာ ၁၀ ရက်၊ Hilton Hotel မှာ ပြုလုပ်မယ့် Job Nation Mandalay အလုပ်အကိုင်ပြပွဲကို လာဖြစ်အောင်လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီအလုပ်အကိုင်ပြပွဲကြီးကို အခမဲ့ လာရောက်နိုင်မှာ ဖြစ်ပါတယ်။ အခကြေးငွေ တစ်စုံတစ်ရာ ပေးအပ်ဖို့ (လုံးဝ) လုံးဝမလိုပါဘူး။ အဲဒီတော့ ကိုယ့်ရဲ့ CV တွေကိုသာ အကောင်းဆုံး ပြင်ဆင်ထားလိုက်တော့နော်။ သိပ်မကြာသေးခင်ကလည်း Job Nation Yangon ကို အောင်မြင်စွာ ကျင်းပခဲ့ပြီးပါပြီ။ အဲ့ဒီပွဲတုန်းကလည်း အလုပ်ရှာဖွေနေသူပေါင်း နှစ်သောင်းကျော် လာရောက်ခဲ့ကြပါတယ်။ မန္တလာမြေက လူငယ်တွေအတွက်လည်း အကောင်းဆုံးအလုပ်အကိုင်တစ်ခုကို အရယူဖို့အတွက် နိုဝင်ဘာ ၁၀ ရက်၊ မန္တလေးမြို့ Hilton Hotel မှာ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ Job Nation Mandalay ရှိနေပါ့မယ်။ Job Nation Mandalay ကို လာရောက်ဖို့အတွက် ဒီလင့်ခ်မှာနှိပ်ပြီး အခမဲ့ စာရင်းသွင်းလို့ ရနေပါပြီ။