30th April, 2019

မန္တလေး JobNation ပွဲကြီးတွင် လစ်လပ်နေရာပေါင်း ၄၀၀ ကျော်အတွက် အလုပ်ခေါ်ယူသွားမည်

မြန်မာနိုင်ငံတွင်ကျင်းပလျက်ရှိသော အလုပ်အကိုင်ပြပွဲများအနက် အကြီးကျယ်အခမ်းနားဆုံးနှင့် နှစ်စဉ်ကျင်းပလေ့ရှိသည့် JobNation အလုပ်အကိုင်ခေါ်ယူပွဲကြီးကို ယခုနှစ်တွင်မန္တလေးမြို့၌ တတိယအကြိမ် ကျင်းပမည်ဖြစ်ပါသည်။ ထိုအလုပ်အကိုင်ပြပွဲကြီးကို မေလ ၁၂ ရက်နေ့တွင် Hotel Marvel Mandalay ၌ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။ ထိုပွဲကြီးကို မြန်မာနိုင်ငံ၏နံပါတ် ၁ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်သည့် JobNet.com.mm မှ စီစဉ်ကျင်းပခြင်းဖြစ်ပါသည်။ ပွဲသို့လာရောက်ပြီး အလုပ်အကိုင်ရှာဖွေမည့်သူများအနေဖြင့်လည်း ပွဲတွင်ပါဝင်သောမြန်မာနိုင်ငံ၏ထိပ်တန်းကုမ္ပဏီ ၂၅ ခုကျော်မှ မန္တလေးမြို့နှင့်အထက်မြန်မာပြည်ရုံးခွဲများအတွက် ခေါ်ယူနေသည့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများကို တွေ့ဆုံနိုင်ပါသည်။

JobNet.com.mm ၏ အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သည် Mr. Matt DeLuca မှ “JobNation လိုမျိုးအလုပ်အကိုင်ခေါ်ယူပွဲဟာဆိုရင် ကိုယ်နဲ့ကိုက်ညီမယ့် ဒါမှမဟုတ် ကိုယ်တကယ်လုပ်ချင်တဲ့အလုပ်ကို တစ်နေရာတည်းမှာ တစ်နေ့တည်းနဲ့ရှာဖွေနိုင်တဲ့အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီပွဲကိုလာရောက်မယ့် အလုပ်အကိုင်ရှာဖွေသူတွေအနေနဲ့လည်း ထိပ်တန်းကုမ္ပဏီတွေက HR တွေနဲ့ လူကိုယ်တိုင်တိုက်ရိုက်တွေ့ဆုံနိုင်ပြီး လက်ရှိမှာခေါ်ယူနေတဲ့လစ်လပ်ရာထူးတွေ ဒါမှမဟုတ် နောက်ပိုင်းမှာ ခေါ်ယူနိုင်ခြေရှိတဲ့အလုပ်အကိုင်အကြောင်းတွေကို ဆွေးနွေးမေးမြန်းနိုင်တယ်။ နောက်ပြီး ကိုယ်နဲ့ကိုက်ညီမယ့် လုပ်ငန်းခွင်အသစ်တွေကိုလည်း ရှာဖွေတွေ့ရှိနိုင်တယ်။ တစ်ချိန်တည်းမှာပဲ ပွဲတက်ရောက်မယ့်သူတွေအနေနဲ့လည်း စိတ်ဓာတ်ခွန်အားတက်ကြွစေပြီး သူတို့ရဲ့အလုပ်အကိုင်လမ်းကြောင်းအတွက် အထောက်အကူပြုစေတဲ့ ဆွေးနွေးဟောပြောပွဲတွေကိုလည်း အခမဲ့လာရောက်နားထောင်နိုင်ပါတယ်။ အဲဒီဆွေးနွေးဟောပြောပွဲတွေမှာဆိုလည်း နယ်ပယ်အသီးသီးကကျွမ်းကျင်ပညာရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။ ဒီနှစ်မှာတော့ ထိပ်တန်းကုမ္ပဏီပေါင်း ၂၅ ခုကျော်က မန္တလေးမြို့မှာရှိတဲ့လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူတွေကို ဦးစားပေးပြီးခေါ်ယူသွားမှာဆိုတော့ တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်” ဟုပြောကြားခဲ့ပါသည်။

ယခုနှစ်တွင်ကျင်းပမည့် JobNation Mandalay 2019 တွင်ပါဝင်သည့်ကုမ္ပဏီများအနက် Ooredoo၊ KBZ နှင့် SK Herbal တို့သည် ပလက်တီနမ်အဆင့်ကူညီပံ့ပိုးသူများအဖြစ်ပါဝင်ကြပြီး စီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီးတွင် ဦးဆောင်နေသောကုမ္ပဏီပေါင်း ၂၀ ကျော်လည်း ပါဝင်ပါသည်။ ကုမ္ပဏီများအနေဖြင့်လည်း ထိုအလုပ်အကိုင်ပြပွဲတွင်ပါဝင်ခြင်းအားဖြင့် မိမိတို့ကုမ္ပဏီအတွက်အလားအလာရှိသည့် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူများကို ခေါ်ယူနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အလုပ်ရှာဖွေသူများကြားတွင် မိမိကုမ္ပဏီ၏နာမည်ကောင်းကို ပိုမိုတည်ဆောက်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အလုပ်အကိုင်ဈေးကွက်၌ မိမိကုမ္ပဏီ၏ပုံရိပ်ကို ပိုမိုတိုးတက်လာစေနိုင်ပါသည်။

 “ဒီနှစ်ပြုလုပ်တဲ့ မန္တလေးအလုပ်အကိုင်ပြပွဲကြီးမှာ ပါဝင်တဲ့ကုမ္ပဏီအရေအတွက်ဟာဆိုရင် မနှစ်ကထက်ကို နှစ်ဆပိုပြီးများလာတယ်။ အဲဒါဟာ ဘာကိုပြနေတာလဲဆိုရင် မန္တလေးမြို့ရဲ့ဖွံ့ဖြိုးမှုတွေဟာသိသိသာသာ တိုးတက်လာတယ်။ နောက်ပြီး အဲဒီကုမ္ပဏီတွေကနေ ဒေသခံကျွမ်းကျင်သူတွေအတွက်ရည်ရွယ်ထားပြီး ခေါ်ယူနေတဲ့လစ်လပ်ရာထူးအလုပ်အကိုင်တွေဟာဆိုရင်လည်း ပိုပြီးများလာတယ်လို့ပြောလို့ရတယ်။ အဲဒါကြောင့် ဒေသခံအလုပ်အကိုင်ရှာဖွေနေသူတွေအတွက် ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေပိုပြီးရှိလာတယ်။ လက်ရှိမှာအလုပ်အကိုင်ရှာဖွေနေတဲ့ ဒါမှမဟုတ် အလုပ်အကိုင်လမ်းကြောင်းပြောင်းဖို့စဉ်းစားနေတဲ့ မန္တလေးရဲ့လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူတွေကို ဒီပွဲကြီးကို လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီ JobNation အလုပ်အကိုင်ပြပွဲကြီးကိုလာရောက်လိုက်လို့ ကုန်သွားမယ့်အချိန်တွေက ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းတိုးတက်မှုအတွက် အရမ်းကိုအသုံးဝင်တဲ့အချိန်တွေဖြစ်မယ်လို့ ပြောချင်ပါတယ်” ဟု Mr. DeLuca မှ ဆက်လက်ပြောကြားခဲ့ပါသည်။

ထိုအလုပ်အကိုင်ပြပွဲနှင့်ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများနှင့် ပွဲတက်ရောက်ရန်စာရင်းပေးသွင်းခြင်းများကို သိရှိလိုပါက JobNation Mandalay 2019 Event Page တွင်ရှာဖွေ၍ ဝင်ရောက်လေ့လာနိုင်ပါသည်။