1st October, 2019

အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ JobNet ရဲ့ Digital CV ID အလုပ်အကိုင်ပြပွဲ

JobNet.com.mm အနေနဲ့ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီပေါင်း ၆၀ ကျော်နဲ့အတူ ဒစ်ဂျစ်တယ်နည်းပညာကိုအပြည့်အဝအသုံးပြုထားတဲ့ JobNATION အလုပ်အကိုင်ပြပွဲကြီးကို Novotel Yangon Max ဟိုတယ်မှာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီလိုမျိုး နည်းပညာအသုံးချတဲ့ပထမဆုံးအလုပ်အကိုင်ပြပွဲကြီးကို အလုပ်အကိုင်ရှာဖွေသူပေါင်း ၁၀၀၀၀ ကျော် တတ်ရောက်ခဲ့ပါတယ်။ ဒီအလုပ်အကိုင်ပြပွဲကြီးမှာ အလုပ်လာရောက်ရှာဖွေလျှောက်ထားသူတွေသာမက အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံရဲ့ပထမဆုံး Digital ID နည်းပညာဖြစ်သည့် QR Code ကို Scan ဖတ်သည့်နည်းပညာကိုအသုံးပြုခဲ့ကြသည့်အတွက် ပိုမိုမြန်ဆန်ထိရောက်တဲ့ အလုပ်ခေါ်ယူမှုနဲ့ အလုပ်လျှောက်ထားမှုလုပ်ငန်းစဉ်တွေကို တွေ့ကြုံခဲ့ကြပါတယ်။ အလုပ်ရှာဖွေလျှောက်ထားသူတွေအနေနဲ့လည်း မိမိလျှောက်ထားလိုတဲ့ကုမ္ပဏီတွေရဲ့ Digital ID ကို Click တစ်ချက်နှိပ်ပြီး Scan ဖတ်လိုက်ရုံနဲ့ အဲဒီကုမ္ပဏီရဲ့အကြောင်းတွေအပြင် ခေါ်ယူနေတဲ့အလုပ်အကိုင်တွေကို မြင်တွေ့ရမှာဖြစ်ပြီိး မိမိနဲ့ကိုက်ညီတဲ့အလုပ်တွေကို အချိန်တိုတိုအတွင်းမှာ လျှောက်ထားနိုင်ခဲ့ပါတယ်။ အဲဒီအပြင် နယ်ပယ်အသီးသီးက လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်တွေရဲ့ အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးနဲ့ပတ်သက်တဲ့ ဗဟုသုတရစရာဆွေးနွေးဟောပြောပွဲတွေလည်း များစွာပါဝင်ခဲ့ပါတယ်။ ဒါဆိုရင် JobNet ရဲ့ပထမဦးဆုံး Digital ID Career Fair ပုံရိပ်တွေကို အထက်မှာဖော်ပြထားတဲ့ဗီဒီယိုထဲမှာ လေ့လာကြည့်ရှုလိုက်ပါ။ လာမယ့်နှစ်မှာကျင်းပမယ့် JobNet ကအလုပ်အကိုင်ပြပွဲတွေကို စိတ်ဝင်စားတယ်ဆိုရင်လည်း JobNet မှာ Register ပြုလုပ်ထားပြီး အဲဒီကပေးပို့မယ့်သတင်းအီးမေးတွေကိုလည်း အရယူထားလိုက်ပါနော်။