18th November, 2015

Angel Investment in Myanmar

စွန့်ဦးတီထွင်လုပ်ငန်း ရှင်များ၏ စီးပွားရေးလုပ်ငန်းများ ရေရှည်ရှင်သန်နိုင်ရေး ရင်းနှီး မြှုပ်နှံငွေ အထောက်အပံ့ပေးမည့် Angel Investment Groupထူထောင်ရန် စီစဉ်နေကြောင်း စွန့်ဦးတီထွင်လုပ်ငန်းရှင်များအ သင်းမှ သတင်းရရှိသည်။

 

     အဆိုပါ အဖွဲ့ ဖွဲ့စည်းနိုင်ရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် နိုဝင်ဘာ ၅ ရက်က စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဆွေးနွေးခဲ့ ကြခြင်း ဖြစ်သည်။  ‘‘ကျွန်တော်တို့ လက်ရှိလုပ်ငန်းရှင် ခုနစ်ဦးလောက် စုစည်းပြီး ပါပြီ။ ဆယ်ဦးပြည့်ရင်တော့ အဖွဲ့ စတင်ဖွဲ့စည်းပြီး လုပ်ငန်းစတင် လို့ရပါပြီ’’ ဟု မြန်မာနိုင်ငံ စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ  ဦးဝေဖြိုးက  ပြောကြားသည်။        

 

ယင်းအဖွဲ့ကို လာမည့် ၂၀၁၆ဒီဇင်ဘာတွင် စတင်နိုင်မည်ဖြစ် ပြီး စွန့်ဦးတီထွင်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ခြင်းနှင့် လုပ်ငန်းအတွက် လိုအပ် သည့် နည်းပညာ အကူအညီပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။  လက်ရှိတွင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များသည် ရင်းနှီးမြှုပ် နှံငွေရရှိရန် အခက်အခဲများရှိနေ ပြီး ဘဏ်ချေးငွေမှာလည်း တစ် နှစ်သက်တမ်းရှိသည့် ကာလတို သာဖြစ်၍ လုပ်ငန်းလည်ပတ်ရန် အခက်အခဲများ ရှိနေကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များက ပြောသည်။ 

 

‘‘စွန့်ဦးတီထွင်လုပ်ငန်းရှင် တွေ ကြုံနေတဲ့ အခက်အခဲက ရင်းနှီးမြှုပ်နှံဖို့ ငွေမရှိဘူးဆိုပြီး ပြောနေကြတယ်။ တကယ်တော့ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ရှိတဲ့ လူငယ် လုပ်ငန်းရှင်တွေကတကယ်ကိုယ် ဘာလုပ်ချင်လဲဆိုတာကို တိတိကျကျသိဖို့ လိုတယ်’’ဟု ဦးဝေဖြိုးကပြောသည်။  ထိုသို့ လုပ်ကိုင်မည့် လုပ် ငန်းအမျိုးအစားကို အတိအကျ သိရှိပါက လုပ်ကိုင်မည့်ပတ်ဝန်း ကျင်တွင် ဖြစ်နိုင်ခြေ ရှိ၊မရှိ လေ့လာသုံးသပ်ပြီး လုပ်ငန်း စတင်သင့်ကြောင်း  ၎င်းက  အကြံပြုသည်။ 

 

Ref : 7Day Daily   jobnet.com.mm