19th November, 2015

How the foreign investment law & the local investment law will change the future of Myanmar

ကြန့်ကြာနေသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ ကို အတည်မပြုနိုင်မီ အသုံးပြုနိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ကို ပြင်ဆင်ပြဋ္ဌာန်းရေးစီစဉ်နေကြောင်း သတင်းရရှိသည်။ 

 

ယခင်က နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသား များ ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကို တစ်ခုတည်းပေါင်းကာ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအဖြစ် ပြဋ္ဌာန်းရန် မူကြမ်းများရေးဆွဲပြီး ဖြစ်သော်လည်း အတည်ဖြစ်ရန်မှာ ကြန့်ကြာနေနိုင်သေး၍ မူလဥပဒေများကို ပြင်ဆင်သည့်ဥပဒေများ ပြဋ္ဌာန်းရန် စီစဉ်ခြင်းဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောသည်။ ‘‘အဓိကကတော့  တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေအတွက် ဥပဒေကိုပြင်ဆင်သွားမှာ ဖြစ်ပါ တယ်။ တိုင်းနဲ့ ပြည်နယ်တွေရဲ့ လုပ်ကိုင်ခွင့်တွေနဲ့ တစ်ပြေးညီ ဖွံ့ဖြိုးမှုတွေရရှိအောင် ပြင်ဆင်တဲ့ ပုဒ်မတွေထည့်ဖို့ပါ’’ ဟု ၎င်းက ပြောသည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အတည်ဖြစ်ရန် ဥပဒေကြမ်းများ ရေးဆွဲခြင်းနှင့် အတည်ပြုခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။  နိုဝင်ဘာ ၁၇ ရက်က နိုင်ငံ ပိုင်သတင်းစာတွင် အများပြည်သူ များ အကြံပြုလေ့လာနိုင်ရန် ဖော် ပြထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဥပဒေနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကို ပြင် ဆင်သည့်  ဥပဒေကြမ်းများ၌  ရင်းနှီးမြှုပ်နှံမှုများနှင့်  ပတ်သက်၍ တိုင်းဒေသကြီးနှင့်  ပြည်နယ် အစိုးရအဖွဲ့များကို လုပ်ပိုင်ခွင့်ခွဲ ဝေပေးရန် ရေးဆွဲထားသည့် ပုဒ်မနှစ်ခုစီ ဖြည့်စွက်ထားကြောင်း တွေ့ရသည်။ 

 

Ref : 7Day Daily