MMR
Myanmar
20th November, 2015
Korean company secures permit for ships maintenance in Myanmar
မြန်မာနိုင်ငံရှိ ပင်လယ်ကူးသင်္ဘောများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် တည်ဆောက်ခြင်းတို့ကို ကိုရီးယား အခြေစိုက် သင်္ဘော ကုမ္ပဏီတစ်ခုက လုပ် ကိုင်ခွင့်ရရှိသွားကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံရှိပင်လယ်ကူး သင်္ဘောများကို နိုင်ငံတကာ အဆင့်မီ နည်းပညာအတိုင်း လုပ်ဆောင်နိုင်ရန် ကိုရီးယား အခြေစိုက် KR သင်္ဘောကုမ္ပဏီနှင့် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ နိုဝင်ဘာ ၁၁ ရက်တွင် သဘောတူလက်မှတ်ရေး ထိုးခဲ့သည်။
မြန်မာနိုင်ငံတွင် သင်္ဘောအ သစ်တည်ဆောက်ခြင်း၊ သင်္ဘော များကို နိုင်ငံတကာအသိအမှတ် ပြုလက်မှတ်ရယူခြင်း၊ နည်းပညာ ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း တို့ကို KR ကိုရီးယားကုမ္ပဏီနှင့် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ သင်္ဘောများကို နိုင်ငံတကာနည်းစနစ်အတိုင်း လုပ်ဆောင်နိုင်ရန်အတွက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန မှ လွိုက်စ်၊ UK ၊ V V ၊ APS ကုမ္ပဏီလေးခုကို ခွင့်ပြုပေးထားရာ KRအပါအဝင် ကုမ္ပဏီ ၅ ခု ရှိလာပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
‘‘မြန်မာနိုင်ငံက သင်္ဘော တွေတည်ဆောက်တာကနေ နိုင် ငံတကာ အဆင့်အတိုင်း လုပ်နိုင် ဖို့ လုပ်ငန်းရှင်တွေက ကုမ္ပဏီ ၅ ခု ရွေးချယ်ခွင့်ရှိတယ်။ စစ်ဆေး တာတွေ၊ နိုင်ငံတကာ နည်းပညာ အတိုင်း လုပ်ဆောင်တာတွေအ တွက်’’ဟု ၎င်းက ပြောသည်။ နိုင်ငံတကာ ပင်လယ်ရေပိုင် နက်အတွင်း ဖြတ်သန်းသွားလာ နိုင်သည့် မြန်မာသင်္ဘော ၁၄ စီးရှိပြီးယင်းတို့ကို မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းက ပိုင်ဆိုင် ကြောင်း သတင်းရရှိသည်။
Ref : 7day Daily
Hot Topics
Top Employers
Recent Articles
Follow us