25th November, 2015

Negative impact on economy due to high dollar exchange rates

ဗဟိုဘဏ်က ရွေးကောက်ပွဲကာလတွင် ရည်ညွှန်း ငွေလဲနှုန်းကို ဆက်တိုက်မြှင့်တင်မှုကြောင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲဖြစ်လာကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များက ပြောသည်။   ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များသို့ လေလံဈေးကွက် ဖြင့် ရောင်းချသောရည်ညွှန်းငွေ လဲနှုန်းများကို ၁၈ ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၄ ကျပ်တိုးမြှင့် ခဲ့သည်။ နိုဝင်ဘာ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ရည်ညွှန်းနှုန်း ထားသည် ၁၂၇၇ ကျပ်ဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်၌ တစ်ဒေါ်လာ လျှင် ၁၂၉၁ ကျပ်အထိမြင့်တက်လာသည်။ 

 

ဗဟိုဘဏ် တရားဝင်ရည် ညွှန်းငွေလဲနှုန်းသည် ပြင်ပဈေး ကွက်ပေါက်ဈေးအခြေအနေပေါ် မူတည်၍ ဈေးနှုန်းအတိုးအလျှော့ ပြုလုပ်လေ့ရှိသည်။ သို့သော် နိုဝင်ဘာလဆန်းမှစ၍ ဗဟိုဘဏ် က သတ်မှတ်သော ရည်ညွှန်းငွေ လဲနှုန်းသည် ပြင်ပ ဈေးကွက် ပေါက်ဈေးနှင့် ချိန်ညှိမှုမရှိဘဲ ဆက်တိုက်မြှင့်တင်လာသည်မှာ ထူးခြားကြောင်း ပြည်တွင်းဘဏ်လုပ်ငန်းကျွမ်းကျင်သူ တစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။

 

ပြင်ပဈေးကွက်တွင် ငွေလဲနှုန်းသည် နိုဝင်ဘာ ၁၆ ရက်၌ အမေရိကန် တစ်ဒေါ်လာလျှင် ၁၂၈၄ ကျပ်ခန့်ရှိသော်လည်း ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်း မှာ ၁၂၈၈ ကျပ်သို့မြှင့်ခဲ့သည်။ နိုဝင်ဘာ ၁၇ ရက်တွင် ပြင်ပဈေး ကွက်၌ ငွေလဲနှုန်းမှာ တစ်ရက်အ တွင်း ဆက်တိုက်မြင့်တက်ပြီး ည နေဈေးပိတ်ချိန်၌ ၁၂၉၀ ကျပ်ဖြစ် ခဲ့သည်။  ထိုနေ့တွင် ဗဟိုဘဏ်က ရည်ညွှန်း ငွေလဲနှုန်းမှာ ၁၂၈၉ ကျပ်ဖြစ်သည်။ နိုဝင်ဘာ ၁၈ ရက်တွင် နံနက်ပိုင်းဈေးဖွင့်ချိန်၌ တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ်ဖြင့် စတင်ခဲ့ပြီး မွန်းလွဲပိုင်း၌ တစ် ဒေါ်လာလျှင် ၁၂၉၅ ကျပ်သို့ ပြန်လည်ကျဆင်းလာသည်။ 

 

‘‘အစိုးရက ဆွဲတင်နေတော့ မနေ့ကစပြီး လိုက်တက်လာတာ ပါ။ ဈေးကွက်မှာတော့ အဝယ် နည်းပြီး အရောင်းများတယ်’’ဟု ရွှေဘုံသာလမ်းမှ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။  လက်ရှိတွင် ကုန်သွယ်ရေး၌ သွင်းကုန်များနေပြီး လယ်ယာ ထွက်ကုန် ပြည်ပတင်ပို့မှုလည်း လျော့ကျလာသည်။ မြန်မာ့လယ် ယာထွက်ကုန်တွင်ဆန်နှင့်ပြောင်းဖူးစေ့မှာ တရုတ်နိုင်ငံသို့ နယ်စပ် ကုန်သွယ်ရေးဖြင့် တင်ပို့နေရသော်လည်း အဓိက ပို့ကုန်ဖြစ်သော ပဲမျိုးစုံမှာလက်ကျန်နည်းပြီး တင်ပို့မှုများစွာ လျော့နည်းနေသည်။

 

‘‘အခုလိုပဲ ဈေးဆက်တက် နေမယ်ဆိုရင် စီးပွားရေးလုပ်ငန်း တွေမှာ အခက်အခဲတွေဖြစ်လာ မှာပါ။ ဒီအချိန်က ပို့ကုန်ထက် သွင်းကုန်များနေတယ်’’ဟု ပြည်ပ သို့ ဆန်တင်ပို့နေသော လုပ်ငန်း ရှင် ဦးမျိုးသူရအေးက ပြောသည်။

 

ရွေးကောက်ပွဲကာလတွင် ဗဟိုဘဏ်က တရားဝင်သတ်မှတ် ထားသော ငွေလဲနှုန်းကို ဆက် တိုက် မြှင့်တင်နေခြင်းသည် နိုင်ငံ ခြားအရန်ငွေလျော့နည်းလာခြင်း ကြောင့် ဖြစ်နိုင်ကြောင်း ဘဏ် လုပ်ငန်းနှင့် ဆက်စပ်နေသော စီး ပွားရေးလုပ်ငန်းရှင်များက သုံး သပ်မှုများရှိနေသည်။  မြန်မာနိုင်ငံတွင် နိုင်ငံခြား ငွေလဲနှုန်းမှာ အစိုးရအပြောင်းအ လဲ တည်ငြိမ်စွာ ပြောင်းလဲပြီး နောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု များဝင်ရောက်လာမှ ပြန်ကျနိုင် သည်ဟု ဦးသန်းလွင်က သုံးသပ် သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များစွာ ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံပါက နိုင်ငံခြားဝင်ငွေ များစွာရရှိပြီး မြန်မာကျပ်ငွေ တန်ဖိုး ပြန်လည်မြင့်တက်လာမည်ဟု ၎င်းက ပြောကြားသည်။   

 

Ref:7Day Daily