1st April, 2017

Research states Handsome men are hard to get promotion

 

ရုပ်ရည်ချောမောသော အမျိုးသားများ ရာထူးတိုးနိုင်ခြေ နည်းပါးကြောင်း လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပြီ ဖြစ်သည်။   

 

ရုပ်ရည် ချောမောသော အမျိုးသားများအား ၄င်းတို့၏ အထက်လူကြီး အမျိုးသားက ပြိုင်ဘက်အဖြစ် သတ်မှတ်လေ့ ရှိသောကြောင့် ယင်းအမျိုးသားများ ရာထူးတိုးရန် မလွယ်ကူခြင်း ဖြစ်သည်။         အထက်လူကြီး၏ မနာလို ၀န်တိုမှုကြောင့် ရုပ်ရှည်ချောမောသော အမျိုးသားများသည် ကိုယ်ရည် ကိုယ်သွေးကို ပြသရမည့် ရာထူးရာခံများကို မရရှိဘဲ သာမန် ရာထူးများဖြင့်သာ ကျေနပ်ကြရသည်။   

 

လန်ဒန် တက္ကသိုလ်ရှိ စီမံခန့်ခွဲမှု ကောလိပ်နှင့် အမေရိကန် ပြည်ထောင်စု မေရီလင်း တက္ကသိုလ်တို့မှ သုတေသန ပညာရှင်များက ရုံးခန်းများအား လေ့လာမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမျိုးသားများက အခြား အမျိုးသားများအား ၀န်ထမ်းအဖြစ် ခန့်ထားရာတွင် အလုပ်ရှင် သို့မဟုတ် အထက်လူကြီးသည် အလုပ်လျှောက်သည့် အမျိုးသား၏ ဆွဲဆောင်မှု ရှိမရှိကို မူတည်ပြီး အလုပ်ခန့်ထားလေ့ ရှိကြောင်း သုတေသန ပညာရှင်များ တွေ့ရှိခဲ့သည်။ 

 

Credit : messenger news journal