8th April, 2019
အခွင့်အလမ်းအသစ်တွေကို ဘာကြောင့်အမြဲတမ်းရှာဖွေသင့်တာလဲ
Share
Blog Link Copied
ကိုယ့်ရဲ့အလုပ်ကိုသစ္စာရှိတယ်ဆိုတာဟာ အရေးကြီးပါတယ်။ ဒါပေမဲ့လည်း အပြင်မှာ ဘာတွေဖြစ်ပျက်နေလည်းဆိုတာကို သိဖို့ကလည်း အရေးကြီးပါသေးတယ်။
ကိုယ့်ဟာ လက်ရှိအလုပ်နဲ့ ရင်းနှီးကျွမ်းကျင်ပြီး သက်တောင့်သက်သာရှိတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့လည်း ကိုယ်တကယ်ရချင်တဲ့ ဒါမှမဟုတ် လုပ်ချင်နေတဲ့အလုပ်က ကိုယ့်ရဲ့လက်တစ်ကမ်းမှာပဲ ရောက်နေပြီဆိုရင် ဘာလုပ်မလဲ။ ဒီလိုအခြေအနေမျိုးတွေအတွက် အလုပ်အကိုင်ဈေးကွက်ထဲမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို မျက်ခြေမပျက်စောင့်ကြည့်သင့်ပါတယ်။
ဘယ်လိုကုမ္ပဏီကောင်းကောင်းတွေက ကိုယ်နဲ့ကိုက်ညီမယ့် ဘယ်လိုအလုပ်ကောင်းကောင်းတွေ ခေါ်ယူနေလဲဆိုတာကို လေ့လာနေတာဟာ ကိုယ့်ရဲ့လက်ရှိအလုပ်ရှင်ကို သစ္စာဖောက်တာမဟုတ်ပါဘူး။ အနာဂတ်အတွက် အခွင့်အရေးအသစ်တွေနဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ်နေတာပါ။ ဒီလိုမျိုး လေ့လာတာဟာ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးအတွက် ဘာတွေကောင်းစေလဲဆိုတာကို ကြည့်လိုက်ကြရအောင်။
ဆက်စပ်မှုတွေကနေ အကြံဥာဏ်အသစ်တွေရနိုင်ပါတယ်
အလုပ်အကိုင်ဈေးကွက်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိနေအောင်လုပ်ထားမယ်ဆိုရင် ကိုယ့်ရဲ့လက်ရှိအလုပ်အခြေအနေနဲ့ တာဝန်ယူထားရတဲ့အပိုင်းအတွက် အထောက်အကူဖြစ်စေတဲ့ အတွေးအမြင်အသစ်တွေကို ရနိုင်ပါတယ်။
ဥပမာပြောရမယ်ဆိုရင် ကိုယ်ရဲ့လုပ်ငန်းအတွေ့အကြုံနဲ့သက်ဆိုင်တဲ့ အလုပ်ကောင်းကောင်းတစ်ခုကို ခေါ်ယူနေတဲ့ကြော်ငြာတစ်ခုကိုတွေ့တဲ့အခါမှာ ဘယ်လိုအရည်အချင်းရှိတဲ့သူတွေကိုခေါ်ယူနေလဲ၊ လစာနှုန်းထားတွေဘယ်လိုရှိလဲ၊ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်း တိုးတက်ဖို့အတွက်ဘာတွေပြင်ဆင်သင့်သလဲ အစရှိတာတွေကို သိရှိနိုင်ပါတယ်။ တကယ်လို့ ကိုယ်ရဲ့အရည်အချင်းတွေနဲ့ လက်ရှိအလုပ်မှာလုပ်ရတဲ့တာဝန်တွေက အဲဒီအလုပ်ခေါ်စာမှာဖော်ပြထားတဲ့အရာတွေနဲ့ကိုက်ညီနေပြီး လစာနှုန်းထားမှာတော့ ကိုယ်ကနည်းနေတယ်ဆိုရင် လက်ရှိအလုပ်မှာ လစာတိုးပေးဖို့တောင်းဆိုတာတွေလည်း ပြုလုပ်နိုင်ပါတယ်။
အခွင့်အရေးဆိုတာ တစ်ကြိမ်ပဲလာတယ်
တစ်ခါတလေကျရင် ကိုယ်လိုချင်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေဟာ အမြဲတမ်းခေါ်ယူမနေပါဘူး။ လစ်လပ်သွားတဲ့အခါ ဒါမှမဟုတ် သူ့ရာသီနဲ့သူ ခေါ်ယူနေတာပါ။ အဲဒီအချိန်မှာ ကိုယ်ကမသိလိုက်ဘူးဆိုရင်တော့ အခွင့်အလမ်းကောင်းတွေကိုလွတ်သွားပေါ့။ ကိုယ်တကယ်လိုချင်တဲ့အလုပ်ကိုရဖို့ဆိုရင် အဲဒီအလုပ်တွေကိုလိုက်ပြီး ရှာမှရမှာပါ။ အခွင့်အရေးဆိုတာ နေ့တိုင်းမရောက်လာနိုင်ပါဘူး။ အဲဒါကြောင့် ပိုကောင်းတဲ့အလုပ်အကိုင်ကိုလိုချင်တယ်ဆိုရင် အလုပ်အကိုင်ဈေးကွက်ကိုအမြဲလေ့လာဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခွင့်အရေးဆိုတာ ရှာဖွေနေသူတွေဆီကိုပဲလာပါတယ်။
ဒါဆိုရင် မြန်မာနိုင်ငံရဲ့အလုပ်အကိုင်ဈေးကွက်မှာ ဘယ်လို တိုးတက်မှုတွေနဲ့ အပြောင်းအလဲတွေဖြစ်နေလဲ၊ ဘယ်လိုကုမ္ပဏီကြီးတွေမှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရှိနေပြီလဲ အစရှိတာတွေကို သိချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံကထိပ်တန်း နိုင်ငံတကာအခြေစိုက်ကုမ္ပဏီတွေနဲ့ ပြည်တွင်းကုမ္ပဏီတွေအများစုအသုံးပြုတဲ့ JobNet.com.mm အလုပ်အကိုင်ဝက်ဘ်ဆိုက်ဒ်မှာ ရှာဖွေလေ့လာနိုင်ပါတယ်။
နောက်ပြီး ကိုယ့်ရဲ့ CV ကို ထိပ်တန်းကုမ္ပဏီကြီးတွေက HR မန်နေဂျာတွေ၊ အလုပ်ခေါ်ယူနေသူတွေ အလွယ်တကူမြင်နိုင်စေဖို့ JobNet.com.mm မှာ ကိုယ့်ရဲ့ကိုယ်ပိုင် Profile တစ်ခုပြုလုပ်ပြီး အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ကိုယ်ရေးအချက်အလက်တွေကို ပြည့်စုံအောင်ဖြည့်စွက်လိုက်ပါ။