12th September, 2018

အလုပ်ဘယ်လိုရှာကြမလဲ

ပထမဦးဆုံးအလုပ်ရှာတာပဲဖြစ်ဖြစ်၊ လက်ရှိအလုပ်ကိုငြီးငွေ့လို့ အလုပ်သစ်ပြောင်းရှာချင်တာပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ အခက်အခဲရှိမှာပါပဲ။ ဒါပေမယ့်သေချာပြင်ဆင်ပြီးလျှောက်ထားမယ်ဆိုရင်တော့ စိတ်ဖိစီးမှုသိပ်မရှိဘဲလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုဘယ်အချက်တွေကိုပြင်ဆင်ကြမလဲ….

ကိုယ်နဲ့သင့်တော်မယ့်အလုပ်တွေကိုအရင်ဆုံးရှာဖွေပါ

အရင်ဆုံး ကိုယ်နဲ့သင့်တော်မယ့် ကိုယ်ရဲ့တက်လမ်းအတွက် အမှန်တကယ်အထောက်အကူပြုနိုင်မယ့် အလုပ်တွေကို သေချာ စာရင်းပြုစုထားပါ။ ဒါ့အပြင် ကိုယ်လုပ်ချင်တဲ့ကုမ္ပဏီအကြောင်းတွေကို သေချာလေ့လာပြီး စာရင်းပြုစုထားမယ်ဆိုရင်တော့ အလုပ်ရှာရတာ အချိန်ကုန်သက်သာပြီး ထိရောက်မှုရှိမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ Network ကို အသုံးချပါ

အလုပ်ရှာတဲ့အခါ သင့်ရဲ့သူငယ်ချင်း၊ ဆွေမျိုးနဲ့ မိတ်ဆွေတွေကတဆင့် သင့်ရဲ့အခွင့်အလမ်းသစ်တွေကို ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် ယနေ့ခေတ်မှာ လူသုံးများလာတဲ့ social network တွေကနေတဆင့်လည်း ကိုယ့်ရဲ့အလုပ်အကိုင်အခွင့်လမ်းသစ်တွေကို ရှာဖွေနိုင်ပါတယ်။ ဥပမာအနေနဲ့ မြန်မာနိုင်ငံရဲ့ နံပါတ်တစ် Job portal ဖြစ်တဲ့ JobNet.com.mm မှာဝင်ရောက်ကြည့်ရှုပြီး ကိုယ်နဲ့သင့်တော်တဲ့အလုပ်အကိုင်တွေနဲ့ ကိုယ်လုပ်ချင်တဲ့ ကုမ္ပဏီတွေကို မိမိစိတ်ကြိုက်ရှာဖွေပြီး တိုက်ရိုက်လျှောက်ထားနိုင်တာတွေရှိပါတယ်။

အလုပ်အကိုင်ပြပွဲတွေတက်ရောက်ကြမယ်

တခါတလေ အလုပ်ရှာနေရင်း ဘယ်နေရာမှာ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ရှာရမလဲဆိုပြီး လမ်းပျောက်တတ်တာတွေရှိပါတယ်။ ဒါပေမယ့် အလုပ်အကိုင်ပြပွဲတွေကိုတက်ရောက်ပြီး ကုမ္ပဏီတွေနဲ့တိုက်ရိုက်တွေ့ဆုံ လျှောက်ထားနိုင်တဲ့အခွင့်အရေးရှိနေပါတယ်။ အလုပ်ရှာဖွေနေတဲ့သူတွေအတွက် လာမယ့် စက်တင်ဘာ ၂၂ ရက်နေ့၊ Novotel Hotel မှာ JobNet မှ ပြုလုပ်သည့် JobNation ပွဲကြီးကို နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် ဒီလင့်ခ်မှာ https://goo.gl/7uKrBT စာရင်းသွင်းပြီး အလုပ်အကိုင်သစ်တွေကို လာရောက်ရှာဖွေနိုင်ပါတယ်။

CV ကိုသေချာပြင်ဆင်ထားပါ

ရိုးရှင်းတဲ့ CV ပုံစံတွေထက် ကိုယ်တက်ကျွမ်းတဲ့ပညာရပ်တွေကို ဖော်ပြပေးနိုင်မယ့် CV ကောင်းကောင်းတစ်စုံလိုပါတယ်။ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေ ဖုန်းနံပါတ်နဲ့ email လိပ်စာတွေကိုသေချာပြည့်စုံစွာ ဖြည့်စွက်ထားခြင်းက အလုပ်ရှင်တွေ သင့်ကိုဆက်သွယ်တဲ့ အခါလွယ်ကူနိုင်မှာဖြစ်ပါတယ်။  ဒါ့အပြင် ကိုယ် volunteer လုပ်ထားတဲ့အတွေ့အကြုံတွေရှိခဲ့ရင်လည်း ထည့်သွင်းဖော်ပြနိုင်ပါတယ်။  ဒီလိုတွေပြင်ဆင်ဖို့ဆိုရင် internet က ကိုးကားတာဖြစ်ဖြစ်၊ အတွေ့အကြုံရှိတဲ့သူတွေကို မေးမြန်းတာဖြစ်ဖြစ်လုပ်ပြီး CV ကိုစွဲဆောင်မှုရှိအောင်ပြင်ဆင်ထားပါ။

အင်တာဗျုးအချိန်တွင်းမှာ အလုပ်ခန့်ချင်လာအောင်

ကိုယ်သင်ထားတဲ့ပညာရပ်တွေ၊ လုပ်နိုင်စွမ်းတွေကို အကောင်းဆုံးနဲ့ ပြောဆိုတတ်အောင်လေ့ကျင့်ထားပါ။ ကိုယ့်ကိုသာခန့်အပ်လိုက်ရင် ကုမ္ပဏီအတွက် ဘယ်လောက်ထိအကျိုးရှိနိုင်ကြောင်းကို မေးမြန်းသူတွေသိအောင် တခြားသူတွေနဲ့မတူတဲ့ ကိုယ့်ရဲ့အားသာချက်ကို ပြောဆိုနိုင်တာက သင့်အတွက် အခွင့်အရေးကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် အင်တာဗျုးအချိန်အတွင်း ကိုယ့်ရဲ့အပြောအဆို၊ အပြုအမူတွေ နဲ့ ဝတ်ပုံစားပုံတွေကို သေချာဂရုတစိုက်လုပ်ဆောင်လိုက်ပါ။

Follow up လုပ်ဖို့မမေ့ပါနဲ

အင်တာဗျုးတစ်ခါဖြေပြီးတာနဲ့တော့ အရာရာအကုန်ပြီးမြောက်သွားပြီလို့မယူဆလိုက်ပါနဲ့။ ကိုယ့်ရဲ့အင်တာဗျုးတဲ့အခြေအနေတွေနဲ့ ဘယ်တော့အကြောင်းပြန်မလဲဆိုတာတွေကိုသေချာမေးခဲ့ပါ။ တခါတလေ ဒုတိယအကြိမ်၊ တတိယအကြိမ် အင်တာဗျုးလုပ်တာတွေရှိတတ်ပြီး Process ကြာနေတာတွေဖြစ်တတ်ပါတယ်။

အလုပ်တစ်ခုကိုရှာဖွေကိုရတာ စိန်ခေါ်မှုတစ်ခုပါပဲ။ ဒီအချက်တွေကိုလေ့လာပြီး သင့်ရဲ့ အလုပ်အကိုင်သစ်တစ်ခုကို အကောင်းဆုံးရှာဖွေရှာဖွေပြီး အောင်မြင်တဲ့ career တစ်ခုကိုတည်ဆောက်လိုက်ရအောင်။