23rd July, 2018

Job Portal အသုံးပြုခြင်းရဲ့ အားသာချက်များ

Job Portal  အသုံးပြုခြင်းရဲ့ အားသာချက်များ

နည်းပညာတွေ တိုးတက်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ အလုပ်ရှာဖွေရတာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ယှဉ်မယ်ဆိုရင် အရမ်းကို ကွာဟသွားပါပြီ။ ယခင်ကာလတွေမှာဆိုရင် အလုပ်ခေါ်စာတွေကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ လိုက်လံရှာဖွေခဲ့ကြရပါတယ်။ ယနေ့ခေတ်မှာတော့ အင်တာနက်ကိုအသုံးပြုပြီး Job Portal တွေကနေ ကိုယ်လိုချင်တဲ့ အလုပ်အကိုင်ကို တိတိကျကျနဲ့ အမြန်ဆုံးရရှိနိုင်နေပြီ ဖြစ်ပါတယ်။

Job Portal ဆိုတာ

အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေပေးတဲ့ Job Portal ဆိုတာ အရှင်းဆုံးပုံစံနဲ့ ပြောရရင်တော့ ကုမ္ပဏီတွေရဲ့ အလုပ်ခေါ်စာတွေကို စုစည်းဖော်ပြပေးတဲ့ ဝက်ဘ်ဆိုက်လို့ ပြောနိုင်ပါတယ်။ Job portal တွေမှာ ဝန်ဆောင်မှုအမျိုးမျိုး ပေးကြပြီး အခြေခံ ၄ မျိုးကတော့ မရှိမဖြစ် ပါဝင်နေမှ Job Portal ကောင်းတစ်ခုဖြစ်ပါတယ်။ အဲ့တာတွေကတော့

(၁) သင်ရဲ့ ကျွမ်းကျင်မှုနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်များစွာကို တစ်နေရာတည်းမှာ ရှာနိုင်ပါတယ်။

(၂) တကယ်လို့ သင့်ရဲ့ အီးမေးလ်ကို အသုံးပြုပြီး စာရင်းသွင်းမယ်ဆိုရင် အပတ်စဉ်ဆိုသလို သင့်နဲ့ ကိုက်ညီတဲ့အလုပ်အကိုင်များစွာကို တွေ့ရမှာဖြစ်ပါတယ်။

(၃) သင်လျှောက်ထားမယ့် ကုမ္ပဏီတွေအကြောင်းကိုလည်း တိတိကျကျလေ့လာနိုင်ပါမယ်။

(၄) အသုံးပြုသူအတွက်ကိုယ်ပိုင်သီးသန့် ကိုယ်ရေးရာဇဝင်ကို တည်ဆောက်နိုင်ပါမယ်။ အမြဲတမ်း ထပ်မံဖြည့်သွင်းပြင်ဆင်နိုင်ပါတယ်။

အထက်ပါ အခြေခံအချက် လေးခုနဲ့ မပြည့်စုံတဲ့ ဝက်ဘ်ဆိုက်တစ်ခုကို Job Portal ကောင်း တစ်ခုလို့ ပြောလို့မရပါဘူး။ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး Job Portal ဖြစ်တဲ့ Jobnet.com.mm မှာ ဆိုရင် အဲဒီအချက်လေးချက်ထက်သာမက ပိုမိုစုံလင်တဲ့ အချက်အလက်တွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အချိန်ကုန်၊ ငွေကုန်သက်သာစေမယ့် Job Portal

Job Portal တွေဟာ CV ကို လူကိုယ်တိုင် သွားပေးရတာမျိုး မဟုတ်တဲ့အတွက် အချိန်ကုန်သက်သာ၊ လူပင်ပန်းသက်သာပါတယ်။  ကုမ္ပဏီတွေရဲ့ အလုပ်ခေါ်စာ ကြော်ငြာတွေကို ဝက်ဘ်ဆိုက်တစ်ခုအဖြစ် စုစည်းဖော်ပြထားတာမို့လို့ ကိုယ်လိုချင်တဲ့ ကုမ္ပဏီကနေ ကိုယ်လုပ်ချင်တဲ့အလုပ်ကို ရှာဖွေပြီး လျှောက်ထားရုံသာ ဖြစ်ပါတယ်။  အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း အများကြီး ဖော်ပြထားတာဖြစ်လို့ ကိုယ့်အတွက် အကောင်းဆုံး အလုပ်အကိုင်ကို စေ့စေ့စပ်စပ် ရှာဖွေနိုင် ပါတယ်။ ကိုယ့်ရဲ့ CV ကို ကိုယ်တိုင် အကောင်းဆုံးပြင်ဆင်နိုင်ပြီး Job Portal ပေါ် တင်ထားရုံနဲ့ အလုပ်ခေါ်ယူမယ့် ကုမ္ပဏီနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်မှာဖြစ်လို့ အထူးတလည် ငွေကုန်ကြေးကျခံစရာ မလိုတော့တာ အားသာချက်ပါ။

Job Portal ကို ကောင်းကောင်းအသုံးချပါ။

JobNet.com.mm ဟာ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး Job Portal အဖြစ်ရပ်တည်နေပါတယ်။ JobNet.com.mm ဝက်ဘ်ဆိုက်ကို အသုံးပြုပြီး အကောင်းဆုံး အလုပ်အကိုင်တွေကို ရရှိဖို့အတွက် register လုပ်ထားဖို့ပဲ လိုပါတယ်။ အဲ့ဒီအတွက် အခကြေးငွေ ပေးအပ်ရတာမျိုးလည်း လုံးဝ မရှိတာက အားသာချက်ပါ။ နောက်တစ်ခုကတော့ အင်တာနက်ဖွင့်ပြီး ဝက်ဘ်ဆိုက်ထဲဝင်၊ profile အချက်အလက်များကို ပြည့်ပြည့်စုံစုံ ဖန်တီးထားရုံနဲ့ ကိုယ့်အချက်အလက်ကိုကြည့်ပြီး အလုပ်ခန့်အပ်ချင်သူက အင်တာဗျူးဖို့ တိုက်ရိုက်ဆက်သွယ်လာနိုင်လို့  အချိန်နဲ့လူအင်အားလည်း သက်သာပါတယ်။

စာရင်းပေးသွင်းဖို့အတွက် ကိုယ်ပိုင်အကောင့်တည်ဆောက်မယ်ဆိုရင် အီးမေးလ်၊ နာမည်ရင်း၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊ လိုချင်တဲ့အလုပ်အကိုင်ရာထူး၊ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းနယ်ပယ်၊ လုပ်ငန်းအတွေ့အကြုံ၊ လက်ရှိနေထိုင်ရာဒေသ စတာတွေကို ဖြည့်သွင်းပြီး ကိုယ့်ရဲ့ CV ကို upload လုပ်ပေးထားရမှာဖြစ်ပါတယ်။

JobNet မှာ အလုပ်အကိုင်နယ်ပယ်ပေါင်း ၃၀ ကျော်ကနေ အလုပ်အကိုင်နေရာပေါင်း မြောက်များစွာကို ဖော်ပြပေးထားပါတယ်။ Register လုပ်ပြီးပြီ ဆိုရင်တော့ မိမိဖြည့်သွင်းထားတဲ့ လျှောက်ထားလိုသောအလုပ်အကိုင် (job title) မှာ အလုပ်ခေါ်ယူမှုတွေ ရှိလာတိုင်း အီးမေးလ်ပေးပို့ပြီး အသိပေးသွားမှာ ဖြစ်ပါတယ်။ ရှာဖွေနေတဲ့ အလုပ်အကိုင်ကို ပြောင်းလဲချင်ရင်လည်း JobNet ဝက်ဘ်ဆိုက်ပေါ်က ကိုယ့်ရဲ့ Profile မှာ ပြန်လည်ပြင်ဆင်လို့ ရပါသေးတယ်။

www.jobnet.com.mm ကို လစဉ် ဝင်ရောက်ကြည့်ရှုသူ ခုနစ်သိန်းကျော်ရှိပြီး လစဉ်လျှောက်လွှာပေါင်း တစ်သိန်း ကျော်ကို လက်ခံရရှိနေပါတယ်။

သင်ရော www.jobnet.com.mmm မှာ register လုပ်ထားပြီးပြီလား။ မလုပ်ရသေးဘူးဆိုရင်တော့ အခုပဲ လုပ်ထားလိုက်တော့နော်။