28th April, 2020

JobNet နှင့် ဆိုက်ဘာလုံခြုံရေး၏အရေးပါဝင်မှု

“JobNet Myanmar ဟာဆိုရင် လစဉ်ထောင်ပေါင်းများစွာသော အလုပ်ခေါ်ယူနေသူတွေနဲ့ အလုပ်ရှာဖွေနေသူတွေ အဓိကအားထားပြီး အသုံးပြုနေတဲ့မြန်မာနိုင်ငံရဲ့ထိပ်တန်းအလုပ်အကိုင်ဝက်ဘ်ဆိုက်ဒ်တစ်ခု ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကုမ္ပဏီအနေနဲ့ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်နဲ့ဆိုက်ဘာလုံခြုံရေး (Cyber-security) တို့ကို အထူးတင်းကြပ်စွာ ဂရုတစိုက်လုပ်ကိုင်ပါတယ်။ အဲဒီအပြင် လုပ်ငန်းရှင်များနဲ့အလုပ်ရှာဖွေသူတွေရဲ့ ကိုယ်ရေးအချက်လက်တွေကို ကာကွယ်ဖို့အတွက်လည်း လုံခြုံရေးကိစ္စအဝဝကိုလုပ်ဆောင်ထားပါတယ်။”

JobNet Myanmar ဟာဆိုရင် စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၃၀၀၀ ကျော်မှ အလုပ်အကိုင်ခေါ်ယူမှုအတွက် အဓိကအားထားပြီးအသုံးပြုနေတဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းအလုပ်အကိုင်ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကုမ္ပဏီအနေနဲ့ သုံးစွဲသူတွေရဲ့သတင်းအချက်အလက်နဲ့ ဆိုက်ဘာလုံခြုံရေးကိုအထူးတင်းကြပ်ထားပြီး လုပ်ငန်းရှင်တွေနဲ့ အလုပ်ရှာဖွေလျှောက်ထားသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ဖို့အတွက်လည်း မရှိမဖြစ်လုပ်ဆောင်ရမယ့်လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်ထားပါတယ်။

ယခုအချိန်မှာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ နည်းပညာကိုအပြည့်အဝအသုံးပြုပြီး နေအိမ်မှအွန်လိုင်းအသုံးပြု လုပ်ကိုင်ရတဲ့လုပ်ငန်းခွင်ကို ကူးပြောင်းနေတဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီဟာ လုပ်ငန်းရဲ့ဆိုက်ဘာလုံခြုံရေးစနစ်လုပ်ထုံးလုပ်နည်းတွေတိုးမြှင့်ပြီး မိမိရဲ့စီးပွားရေးလုပ်ငန်း၊ လုပ်ငန်းမိတ်ဖက်တွေနဲ့ သုံးစွဲသူတွေကိုကာကွယ်ပေးဖို့အတွက်လည်း ပိုမိုလုပ်ကိုင်ဆောင်ရွက်နေပါတယ်။

အဲဒီအတွက်ကြောင့်လည်း JobNet အနေနဲ့ အထူးအရေးကြီးတဲ့လုပ်ဆောင်မှုတွေကို ချမှတ်ဆောင်ရွက်နေပါသည်။ နောက်ပြီး လုံခြုံရေးကာကွယ်မှုအဆင့်တွေကိုပိုမိုကောင်းမွန်သေချာစေဖို့အတွက်လည်း Amazon Website Service မှ Amazon Hosting Infrastructures တွေနဲ့ server တွေ၊ Physical security တွေ၊ Firewall နဲ့ လုံခြုံရေးဝင်ရောက်မှုစနစ်တွေပါဝင်တဲ့ အကောင်းဆုံးကာကွယ်မှုစနစ်တွေကို အသုံးပြုထားပါတယ်။

စနစ်တစ်ခုလုံးရဲ့လုပ်ဆောင်လည်ပတ်မှုအားလုံးကို တင်းကြပ်တဲ့လျှို့ဝှက်အမှတ်သင်္ကေတသတ်မှတ်ခြင်း၊ စစ်ဆေးခြင်းစနစ်တွေနဲ့ထိန်းချုပ်ထားသလို ဝက်ဆိုက်လုံခြုံမှု SSL certificate protocols များကိုလည်းဖြည့်သွင်းထားပါတယ်။ အဲဒီအပြင် ပြင်ပမှခြိမ်းခြောက်မှုတွေကိုခြေရာခံလိုက်ယူပြီး တိုက်ခိုက်သူကိုတိတိကျကျသိရှိနိုင်တဲ့ အဆင့်မြင့်အချိန်ပြည့်စောင့်ကြည့်ဆော့ဖ်ဝဲလ်တွေကိုလည်း ထည့်သွင်းထားပါတယ်။

အဲဒါကြောင့် ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်လာရင် JobNet ဟာအဆင်မြှင့်လုံခြုံရေးစနစ်နဲ့ သတင်းအချက်အလက်အားလုံးကို ထိန်းချုပ်စီမံခန့်ခွဲထားပါတယ်။ နောက်တစ်ချက်ကတော့ နည်းပညာအသစ်အသစ်တွေထပ်မံထွက်ရှိလာတာကြောင့် များစွာသောလုပ်ငန်းစနစ်တွေဟာ အဲဒီနည်းပညာအသစ်တွေနဲ့ကိုက်ညီအောင်ပြုလုပ်ရတဲ့ရသလို စဉ်ဆက်မပြတ်ထပ်မံပြင်ဆင်ဖြည့်စွက်နေရမှာ ဖြစ်ပါတယ်။ JobNet အနေနဲ့လည်း မိမိတို့ရဲ့ဝက်ဘ်ဆိုက်ကို စဉ်ဆက်မပြတ်ပြင်ဆင်ဖြည့်စွက်နေပြီး ရေရှည်လုပ်ငန်းဆောင်တာတွေအတွက် အလုပ်ခေါ်ယူနေသူတွေနဲ့ အလုပ်လျှောက်ထားသူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အမြဲမပြတ်ထိန်းသိမ်းကာကွယ်လျက်ရှိပါတယ်။