24th December, 2020

Myanmar Employer Awards ရရှိတဲ့ကုမ္ပဏီတွေမှာ ဘာကြောင့်အလုပ်လုပ်သင့်သလဲ

ကုမ္ပဏီကောင်းတွေမှာ အလုပ်လုပ်ချင်ကြတာ ဝန်ထမ်းတိုင်းရဲ့ဆန္ဒပါ။ အလုပ်အကိုင်လမ်းကြောင်းတလျှောက် အောင်မြင်တိုးတက်ဖို့အတွက် ကောင်းမွန်တဲ့လုပ်ငန်းခွင်မှာ အလုပ်လုပ်ရဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် အလုပ်လျှောက်တော့မယ်ဆိုရင် နာမည်ကောင်းနဲ့ကျော်ကြားတဲ့ ကုမ္ပဏီတွေကို ဦးစားပေးရွေးချယ်ကြပါတယ်။ လူတစ်ယောက်ရဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်နဲ့ လုပ်ကိုင်နေတဲ့ကုမ္ပဏီရဲ့ပုံရိပ်ဟာ ရာထူး၊ လစာတွေထက် ပိုပြီးသက်ရောက်မှုရှိပါတယ်။ လုပ်ငန်းတစ်ခုရဲ့ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်က မိမိရဲ့အလုပ်လုပ်နိုင်စွမ်းနဲ့ လုပ်ငန်းခွင်စိတ်ဓာတ်တတ်ကြွမှုအပြင် ကျန်းမာရေးကိုပါအကျိုးသက်ရောက်မှုရှိပါတယ်။

ကုမ္ပဏီအဖွဲ့အစည်းကောင်းတွေမှာအလုပ်လုပ်ခွင့်ရခြင်းဟာ မိမိရဲ့လစာငွေထက်ပိုတဲ့ကောင်းကျိုးတွေကို ရရှိစေပါတယ်။ လုပ်ငန်းခွင်ဖွံ့ဖြိုးတိုးတက်မှု၊ သင်ယူလေ့လာနိုင်မှု၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုနဲ့ လူမှုဘဝကိုပါ အထောက်အပံ့ကောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် အလုပ်မလျှောက်ခင်မှာ ကုမ္ပဏီတွေရဲ့အကြောင်းကို အရင်ဆုံးစုံစမ်းသင့်သလို ကောင်းမွန်တဲ့ကုမ္ပဏီမှာ အလုပ်လုပ်ခွင့်ရအောင်လည်း မိမိဘက်ကအားထုတ်ရပါမယ်။

ဒါဆို မြန်မာနိုင်ငံမှာရှိတဲ့ဘယ်လိုမျိုးလုပ်ငန်းအဖွဲ့အစည်းတွေဟာ သူတို့ရဲ့ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုတွေကို ဘယ်လိုအကောင်းဆုံးဖြစ်အောင်ကြိုးစားနေကြသလဲဆိုတာနဲ့ သူတို့ရဲ့လုပ်ငန်းရှင်ပုံရိပ်တွေကို ဘယ်လိုမျိုးထိန်းသိမ်းထားသလဲဆိုတာကို မှန်မှန်ကန်ကန်နဲ့သိရှိနိုင်ဖို့က အလုပ်ရှာဖွေသူတွေအတွက် အလွန်ကိုအရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့နံပါတ်တစ်အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် JobNet.com.mm ကကြီးမှူးကျင်းပတဲ့ Myanmar Employer Awards ရွေးချယ်ပွဲအစီအစဉ်ဟာဆိုရင် နိုင်ငံတစ်ဝှမ်းရှိနယ်ပယ်အသီးသီးက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုနဲ့ ထူးချွန်တဲ့လုပ်ငန်းရှင်တွေအဖြစ်ကြိုးစားအားထုတ်မှုတို့ကို မှန်ကန်စွာအသိအမှတ်ပြုပေးတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီဆုရွေးချယ်ပွဲအစီအစဉ်ဟာ ၂၀၁၇ ခုနှစ်ကတည်းကစတင်ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ် ၂၀၂၀ ခုနှစ်အထိအောင် ၄ နှစ်ဆက်တိုင်မပြတ်မကွက်ကျင်းပခဲ့ပါတယ်။

စီစစ်အကဲဖြတ်မှုတွေကို ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် Deloitte Myanmar က တွဲဖက်အတည်ပြုပေးသည့် အဖွဲ့အစည်းအနေဖြင့်ပါဝင်ခဲ့ပြီး ပြည်တွင်းပြည်ပရှိ လုပ်ငန်းနယ်ပယ်အသီးသီးက လူ့စွမ်းအားစီမံခန့်ခွဲမှုပညာရှင် ၂၄ ဦးက အကဲဖြတ်ရွေးချယ်ခဲ့ကြတာပါ။ ဆုတစ်ခုချင်းစီဟာ မြန်မာနိုင်ငံရှိလူ့စွမ်းအားအရင်းအမြစ်နယ်ပယ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ ထူးချွန်စွာလုပ်ဆောင်ပေးနိုင်ခဲ့တဲ့လုပ်ငန်းရှင်များနဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကို အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီကောင်း၊ CEO ကောင်း၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုစနစ်၊ ဝန်ထမ်းခန့်အပ်မှုစနစ် အစတဲ့ကဏ္ဍတွေမှာ ဆုရခဲ့တဲ့ကုမ္ပဏီတွေမှာအလုပ်လုပ်ရမယ်ဆိုရင် ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်မှာလည်း အောင်မြင်တိုးတက်မှုတွေ ရရှိလာမှာပါ။

အခု ၂၀၂၀ ခုနှစ်အတွက် မြန်မာ့လုပ်ငန်းရှင်ဆုပေးပွဲ (Myanmar Employer Awards) မှာ ဆုရရှိသွားတဲ့ကုမ္ပဏီတွေကိုလေ့လာချင်တယ်ဆိုရင် ဒီနေရာမှာလေ့လာနိုင်ပါတယ်။ ၂၀၂၀ ခုနှစ်အတွက် Myanmar Employer Awards ဆုရရှိသွားတဲ့ကုမ္ပဏီတွေကခေါ်ယူနေတဲ့အလုပ်တွေကို လေ့လာချင်တယ်ဆိုရင် JobNet.com.mm မှာ ဆက်လက်လေ့လာနိုင်ပါတယ်။ ထို့အပြင် ယခင်နှစ်များမှာ ဆုရရှိသွားတဲ့ကုမ္ပဏီတွေကို ဆက်လက်လေ့လာချင်တယ်ဆိုရင်တော့ ဒီနေရာမှာဆက်လက်လေ့လာလိုက်ပါ