8th January, 2019

Online မှာအလုပ်လျှောက်မယ်

ဒီနေ့လို နည်းပညာတွေတိုးတက်နေတဲ့ခေတ်မှာ အလုပ်လိုချင်လို့ ဂျာနယ်တွေ၊ သတင်းစာတွေဝယ်ပြီး အလုပ်ခေါ်စာတွေကို သဲကြီးမဲကြီးရှာဖတ်နေရတာတွေ၊ “နင်တို့ကုမ္ပဏီမှာအလုပ်ခေါ်ရင် ငါ့ကိုပြောပါဦးနော်” လို့ အသိမိတ်ဆွေတွေဆီမှာ အကူအညီတောင်းနေရတာတွေ၊ အချိန်ကုန် လူအပင်အပန်းခံပြီး အလုပ်ခေါ်တဲ့နေရာတွေကို ကိုယ်တိုင်အလုပ်လျှောက်လွှာသွားတင်နေရတာတွေ မလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အလုပ်အကိုင်ရှာဖွေနေသူတွေအနေနဲ့ အိမ်ကနေ ထိုင်ရာမထတမ်း ကိုယ့်စိတ်ကြိုက်အလုပ်အကိုင်ကို ရှာဖွေလျှောက်ထားနိုင်တဲ့ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် (Online Job Portal/ Platform) တွေ ပေါ်ပေါက်လာတာကြောင့်ပါ။

ဒါဆို အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဆိုတာဘာလဲ၊ သူ့ရဲ့အားသာချက်တွေကဘာလဲ၊ နောက်ပြီး အဲဒါကို ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးအတွက် ဘယ်လိုမျိုး ထိထိရောက်ရောက် အသုံးချကြမလဲဆိုတာကို မြန်မာနိုင်ငံရဲ့နံပါတ် ၁ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်တဲ့ JobNet.com.mm ကနေ ဖော်ပြပေးလိုက်ပါတယ်။

အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဆိုတာဘာလဲ

အလုပ်အကိုင်ရှာဖွေရေးဝက်ဆိုက် (Online Job Portal/ Platform) ဆိုတာ အလုပ်ရှာဖွေနေသူတွေကို သူတို့စိတ်ကြိုက်လိုချင်တဲ့အလုပ်တွေကိုရှာဖွေနိုင်ပြီး လျှောက်လို့ရအောင်ကူညီပေးသလို အလုပ်ခေါ်ယူနေသူတွေကိုလည်း သူတို့လိုချင်တဲ့အရည်အချင်းရှိသူတွေနဲ့တွေ့ဆုံနိုင်အောင်လုပ်ပေးနိုင်တဲ့ ကြားခံပလပ်ဖောင်းတစ်ခုပါ။ ဥပမာဆိုရင် မြန်မာနိုင်ငံရဲ့ နံပါတ် ၁ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်တဲ့ JobNet.com.mm မှာဆိုရင် လုပ်ငန်းနယ်ပယ်ပေါင်းစုံက ထိပ်တန်းကုမ္ပဏီကြီးတွေက ခေါ်ယူနေတဲ့အလုပ်တွေကိုမြင်တွေ့နိုင်ပြီး ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်တွေကို စိတ်ကြိုက်ရှာဖွေ လျှောက်ထားနိုင်ပါတယ်။

အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ရဲ့အားသာချက်

လူအများစုက အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ကို အလုပ်အကိုင်အေဂျင်စီနဲ့အတူတူပဲလို့ ထင်မှတ်တတ်ပါတယ်။ တကယ်တော့ အနည်းငယ်ကွဲပြားပါတယ်။ လူအများစုသိပြီးဖြစ်တဲ့ အလုပ်အကိုင်အေဂျင်စီဆိုတာ အလုပ်လျှောက်သူတွေရဲ့ CV တွေကိုစုစည်းပြီး လျှောက်ထားတဲ့အလုပ်နဲ့ ကိုက်ညီမှုရှိမရှိဆိုတာကို အဲဒီအေဂျင်စီကပဲ ရှာဖွေဆုံးဖြတ်ပေးတာပါ။ ဒါပေမဲ့ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်မှာတော့ အလုပ်အကိုင်ရှာဖွေသူက ကိုယ့်စိတ်ကြိုက် နယ်ပယ်အစုံကခေါ်ယူနေတဲ့အလုပ်တွေကို ရှာဖွေနိုင်သလို၊ ခေါ်ယူနေတဲ့ကုမ္ပဏီတွေအကြောင်းကိုလည်း လေ့လာနိုင်ပါတယ်။ နောက်ပြီး ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်ကို ကိုယ်တိုင်ဆုံးဖြတ်ပြီး လျှောက်ထားနိုင်ပါတယ်။

အဲဒီအပြင် မြန်မာနိုင်ငံရဲ့နံပါတ် ၁ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ www.jobnet.com.mm မှာဆိုရင် အလုပ်ခေါ်ယူမှုတွေအပြင် အလုပ်အကိုင်နဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေ လစဉ်ခေါ်ယူမှုအများဆုံး အလုပ်အကိုင်တွေနဲ့ ကုမ္ပဏီတွေ ကိုလည်း လေ့လာနိုင်ပါတယ်။ နောက်ပြီး ကိုယ်စိတ်ဝင်စားတဲ့ အလုပ်အကိုင်နယ်ပယ်မှာ နောက်ဆုံးခေါ်ယူနေတဲ့ အလုပ်တွေကို အချိန်နဲ့တပြေးညီကြည့်ချင်တယ်ဆိုရင်လည်း အီးမေးလ်နဲ့ အကြောင်းကြားစာ ပို့ခိုင်းလို့ရပါတယ်။ အလုပ်ခေါ်စာတွေသိချင်လို့ သတင်းစာတွေ ဂျာနယ်တွေ သွားဝယ်နေစရာ မလိုတော့ပါဘူး။ ကိုယ်အမြဲသုံးမယ့် အီးမေးလ်တစ်ခုတော့ရှိထားရင်ကို ကိုယ်နဲ့သင့်တော်တဲ့အလုပ်အကိုင်တွေက ကိုယ့်ဖုန်းထဲကို ရောက်လာနေပါတယ်။

အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ကိုအသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို ဖန်တီးတော့မယ်ဆိုရင်တော့ အခုပဲ www.jobnet.com.mm မှာ စာရင်းပေးသွင်းလိုက်ပါ။ ပြီးရင်တော့ အလုပ်လျှောက်ဖို့လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေကို ပြည့်ပြည့်စုံစုံဖြည့်သွင်းပြီး အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီတွေက HR စီမံခန့်ခွဲသူတွေကို ဆွဲဆောင်လိုက်ပါ။