MMR
Myanmar
8th May, 2020
ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ JobNet မှထုတ်ပြန်ချက်
အလုပ်အကိုင်ရှာဖွေသူများ၏အချက်အလက်များကို ဧပြီလ ၂၆ နှင့် ၃၀ ရက်ပတ်ဝန်းကျင်တွင် Hack သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ထိပ်တန်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်သော JobNet.com.mm မှ BHA ၏အကူအညီဖြင့် စုံစမ်းမှုများပြုလုပ်နေကြောင်း ပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့ဝက်ဘ်ဆိုက်က အလုပ်ရှာဖွေသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို တစ်စုံတစ်ယောက်ကHackဖို့ကြိုးစားခဲ့ပါတယ်။ အဲဒါကြောင့် နည်းပညာပိုင်းအရ လိုအပ်တဲ့နေရာတွေကို ပြန်လည်ပြင်ဆင်မြှင့်တင်ပြီး တုံ့ပြန်ဆောင်ရွက်လိုက်ပါတယ်။ အခုအချိန်အထိတော့ ဘယ်အချက်အလက်တွေကမှ အပြင်ကိုပေါက်ကြားသွားတာမရှိသေးပါဘူး။ ဒါပေမဲ့လည်း အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးမိမိတို့ website ကိုစစ်ဆေးသွားမှာပါ။ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူတွေလည်း မျှော်မှန်းထားတဲ့အလုပ်အကိုင်ကောင်းတွေကို တွေ့ဆုံနိုင်စေဖို့နဲ့ အလုပ်ရှင်တွေလည်း လုပ်ငန်းနဲ့ကိုက်ညီတဲ့ကျွမ်းကျင်ဝန်ထမ်းတွေကို ရှာဖွေတွေ့ရှိနိုင်စေဖို့အတွက် အခုအချိန်မှာ JobNet အနေနဲ့ မြန်မာနိုင်ငံရဲ့အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်အောင် ရာနှုန်းပြည့်ကြိုးစားလုပ်ဆောင်နေပါတယ်။”
JobNet အနေဖြင့် အလုပ်အကိုင်ရှာဖွေသူများကို ကုမ္ပဏီထောင်ပေါင်းများစွာနှင့် ချိက်ဆက်ပေးနေပါသည်။ ကမ္ဘာတစ်ဝှမ်းမှာရှိသည့်အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာများကဲ့သို့ပင် JobNet မှ အလုပ်အကိုင်ရှာဖွေသူများအနေဖြင့်လည်း မိမိတို့၏လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းများကို အလုပ်ရှင်များမှရှာဖွေတွေ့ရှိနိုင်စေရန်နှင့် ဈေးကွက်ထဲရှိ အကောင်းဆုံးအလုပ်အကိုင်အခွင့်အလမ်းများကို ရရှိနိုင်စေရန် မိမိတို့၏လုပ်ငန်းပိုင်းဆိုင်ရာအချက်အလက်များကို မျှဝေမည်ဟူသောအချက်ကိုသိရှိထားပြီး သဘောတူထားကြပါသည်။
Hot Topics
Top Employers
Recent Articles
2025 July- Top 10 Industries and Job Functions with the most Jobs
2025 June- Top 10 Industries and Job Functions with the most Jobs
2025 May- Top 10 Industries and Job Functions with the most Jobs
2025 April- Top 10 Industries and Job Functions with the most Jobs
2025 February- Top 10 Industries and Job Functions with the most Jobs
Follow us