14th February, 2020

ဒစ်ဂျစ်တယ်အလုပ်အကိုင်ပြပွဲအတွက် အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုမျိုးပြင်ဆင်မလဲ

ပြီးခဲ့တဲ့ ၁၀ နှစ်လောက်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်တံခါးဖွင့်ကြိုဆိုလိုက်ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေတိုးတက်လာတဲ့အတွက်ကြောင့် နိုင်ငံရဲ့စီးပွားရေးနယ်ပယ်အားလုံးမှာ အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုပေါ်ပေါက်လာပြီး နိုင်ငံရဲ့နည်းပညာအခန်းကဏ္ဍဟာလည်း အရှိန်အဟုန်နဲ့တိုးတက်လာခဲ့ပါတယ်။ နည်းပညာကို စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုတွေအပြင် အထူးသဖြင့်လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုတွေမှာပါ တွင်ကျယ်စွာအသုံးပြုလာကြပါတယ်။ အလုပ်အကိုင်ရှာဖွေလျှောက်ထားမှုနဲ့ ဝန်ထမ်းရှာဖွေခန့်အပ်မှုတွေမှာ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တွေကို ပို၍ပို၍အသုံးပြုလာကြသလို အလုပ်ရှာဖွေသူနဲ့အလုပ်ခေါ်ယူနေသူတို့ရဲ့ ကမ္ဘာနှစ်ခုကိုအကောင်းဆုံးဖြစ်ပေါ်လာနိုင်စေဖို့ နည်းပညာကိုအသုံးပြုထားတဲ့ အလုပ်အကိုင်ပြပွဲတွေကိုလည်း ဒီနှစ်တွေအတွင်းမှာပိုပြီးကျင်းပလာကြပါတယ်။

အထူးသဖြင့်ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နံပါတ် ၁ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ JobNet.com.mm အနေနဲ့ ဒီနှစ်တွေမှာအလုပ်ရှာဖွေနေသူတွေနဲ့ အလုပ်ခေါ်ယူနေသူတွေအတွက် ပိုမိုအဆင်ပြေလွယ်ကူစေနိုင်မယ့် အလုပ်ရှာဖွေလျှောက်ထားမှုနည်းလမ်းတွေ ဖြစ်ပေါ်လာစေနိုင်ဖို့ နည်းပညာပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲမှုတွေအများကြီး ပြုလုပ်ခဲ့ပါတယ်။

သိသာမြင်သာတဲ့အရာကတော့ JobNet အနေနဲ့ ၂၀၁၉ ခုနှစ်စက်တင်ဘာလမှာစတင်ခဲ့တဲ့ Digital CV ID နည်းပညာကိုအသုံးပြုပြီးကျင်းပခဲ့တဲ့ အလုပ်အကိုင်ပြပွဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့နည်းပညာအသုံးချတဲ့ပထမဆုံးအလုပ်အကိုင်ပြပွဲကြီးကို အလုပ်အကိုင်ရှာဖွေသူပေါင်း ၁၀၀၀၀ ကျော်တတ်ရောက်ခဲ့တဲ့အပြင် အဲဒီပြပွဲကြီးမှာ အလုပ်လာရောက်ရှာဖွေလျှောက်ထားသူတွေသာမက အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံရဲ့ပထမဆုံး Digital CV ID နည်းပညာဖြစ်တဲ့ QR Code ကို Scan ဖတ်တဲ့နည်းပညာကိုအသုံးပြုခဲ့ပြီး ပိုမိုမြန်ဆန်ထိရောက်တဲ့အလုပ်ခေါ်ယူမှုနဲ့ အလုပ်လျှောက်ထားမှုလုပ်ငန်းစဉ်တွေကို တွေ့ကြုံခဲ့ကြပါတယ်။ အလုပ်ရှာဖွေလျှောက်ထားသူတွေအနေနဲ့လည်း မိမိလျှောက်ထားလိုတဲ့ကုမ္ပဏီတွေရဲ့ Digital ID ကို Click တစ်ချက်နှိပ်ပြီး Scan ဖတ်လိုက်ရုံနဲ့ အဲဒီကုမ္ပဏီရဲ့အကြောင်းတွေအပြင် ခေါ်ယူနေတဲ့အလုပ်အကိုင်တွေကိုမြင်တွေ့ရမှာဖြစ်ပြီး မိမိနဲ့ကိုက်ညီတဲ့အလုပ်တွေကို အချိန်တိုတိုအတွင်းမှာမြန်ဆန်လွယ်ကူစွာ လျှောက်ထားနိုင်ခဲ့ပါတယ်။

အဲဒီ Digital CV ID အလုပ်အကိုင်ပြပွဲကြီးနဲ့ပတ်သတ်ပြီး Ooredoo Myanmar မှ HR Director ကိုထက်မင်းအောင်က “အရင်တုန်းကဆိုရင် အလုပ်အကိုင်ပြပွဲတွေမှာ အလုပ်လျှောက်ထားသူတွေရဲ့ အလုပ်လျှောက်လွှာစာရွက်တွေကို ပုံးတွေထည့်ပြီးသိမ်းရတယ်။ အမျိုးအစားတွေခွဲရတယ်။ အခုကျတော့ QR Code ကို Scan ဖတ်လိုက်ရုံနဲ့ CV အားလုံးကို system ထဲကိုဝင်သွားတဲ့အတွက်ကြောင့် ကျွန်တော်တို့အတွက်အရမ်းကိုအဆင်ပြေလွယ်ကူပြီး အလုပ်လျှောက်ထားသူတွေအနေနဲ့လည်း CV စာရွက်ကြီးတွေကိုင်ပြီး လျှောက်သွားနေစရာမလိုတော့ဘူးပေါ့” လို့ သူ့ရဲ့အတွေ့အကြုံနဲ့အမြင်တွေကို ပြောပြသွားခဲ့ပါတယ်။ ဒီလိုမျိုးအကောင်အထည်ဖော်မှုဟာ ကုမ္ပဏီအများစုကြုံတွေ့နေရတဲ့ အလုပ်ရှာဖွေနေသူတွေရဲ့အချက်အလက်တွေကို စုဆောင်းရှာဖွေသိမ်းဆည်းမှုအဆင့်တွေအတွက် အရမ်းကိုကြီးမားတဲ့အကူအညီတစ်ခုပဲဖြစ်ပါတယ်။ အဲဒီအပြင် Job-Seeker Profile ဟာ အချိန်နဲ့အမျှပြောင်းလဲနိုင်တဲ့အတွက်ကြောင့် အလုပ်ရှာဖွေသူအနေနဲ့ အလုပ်အကိုင်လမ်းကြောင်းတိုးတက်လာတိုင်း ကိုယ့်ရဲ့ Profile မှာပြောင်းလဲပြင်ဆင်ဖြည့်စွက်မှုတွေပြုလုပ်နိုင်ပြီး ကုမ္ပဏီတွေအနေနဲ့ အဲဒီပြင်ဆင်ဖြည့်စွက်မှုတွေကို အချိန်နဲ့အမျှသိရှိနိုင်ပါတယ်။

ဒီလိုမျိုးအောင်မြင်မှုတွေကြောင့် JobNet Myanmar အနေနဲ့ အခုနှစ် ၂၀၂၀ မှာလည်း Digital CV ID နည်းပညာကိုအသုံးပြုထားတဲ့ JobNATION အလုပ်အကိုင်ပြပွဲတွေကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မန္တလေးမြို့၊ ဧပြီလ ၂၆ ရက်နဲ့ စက်တင်ဘာလ ၂၀ ရက်နေ့တွေမှာ ရန်ကုန်မြို့နဲ့ ဇွန်လ ၁၃ ရက်၊ ၁၄ ရက်တွေမှာ စင်္ကာပူနိုင်ငံတို့မှာ ပြန်လည်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဒစ်ဂျစ်တယ်နည်းပညာကို အပြည့်အဝအသုံးချထားတဲ့အလုပ်အကိုင်ပြပွဲတွေကိုတက်ရောက်ပြီး အခွင့်အလမ်းကောင်းတွေကိုတွေ့ဆုံဖို့ အစီအစဉ်ရှိတယ်ဆိုရင် အဲဒီအတွက်ဘာတွေကိုအဓိကထားပြီးပြင်ဆင်လာသင့်သလဲ။

JobNet Digital CV ID ဆိုတာကို တိတိကျကျပြောရမယ်ဆိုရင်

ကိုယ့်ရဲ့ကိုယ်ရေးအချက်တွေပြည့်ပြည့်စုံစုံဖြည့်စွက်ထားတဲ့ JobNet Profile နဲ့ CV ကို QR Code တစ်ခုဖြင့် ချိတ်ဆက်ထားပြီး အလုပ်လျှောက်တဲ့အခါမှာ အဲဒီ QR ကို အလုပ်ရှင်က Scan ဖတ်လိုက်ရုံဖြင့် JobNet Profile မှာဖြည့်စွက်ထားတဲ့ကိုယ့်ရဲ့အချက်အလက်တွေအားလုံးက အလုပ်ရှင်ကိုရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။ အလုပ်ရှာဖွေနေသူကလည်း သူ့ရဲ့ကိုယ်ပိုင် Digital CV ID ကို Scan ဖတ်ဖို့အတွက် အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီဘက်ကို တောင်းဆိုနိုင်ပြီး မိမိရဲ့ကျွမ်းကျင်မှုနဲ့ကိုက်ညီတဲ့လစ်လပ်အလုပ်အကိုင်တွေကို သိရှိနိုင်ပါတယ်။ အရမ်းကိုရိုးရှင်းလွယ်ကူပါတယ်။

JobNet Digital CV ID ကို ဘယ်လိုပြင်ဆင်မလဲ

JobNet Digital CV ID ကိုပြုလုပ်ဖို့အတွက် ပြင်ဆင်ရမှာတွေက အရမ်းကိုလွယ်ကူပါတယ်။ အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့ JobNet Profile မှာ လုပ်ငန်းအတွေ့အကြုံတွေနဲ့ အလုပ်လျှောက်ဖို့လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေအားလုံးကို ပြည့်ပြည့်စုံစုံဖြည့်စွက်ထားဖို့ပါပဲ။ အရင်ဆုံး JobNet.com.mm မှာ Register လုပ်ထားတဲ့ Email/Password နဲ့ Login ဝင်ပါ။ တကယ်လို့ Register မလုပ်ရသေးဘူးဆိုရင်လည်း JobNet website မှာ Register လုပ်ပါ။ Login ဝင်ပြီးတာနဲ့ အလုပ်လျှောက်ဖို့အတွက်လိုအပ်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံဖြည့်စွက်ဖို့  My Profile ကိုရွေးချယ်ပါ။ အလုပ်ရှာဖွေသူတိုင်းဟာ သူတို့ရဲ့ Job-Seeker Account ကိုအသစ်ပြုလုပ်တဲ့အခါမှာ Digital CV ID ကိုအခမဲ့ရရှိမှာဖြစ်ပြီး နောက်ထပ်ထပ်ပြီး Sign up လုပ်စရာမလိုပါဘူး။

ကိုယ်ရေးအချက်အလက်တွေကို ပြည့်ပြည့်စုံစုံဖြည့်စွက်ပြီးသွားပြီဆိုရင် Menu Option ကနေတဆင့် My Digital CV ID ကိုနှိပ်လိုက်လျှင် QR Code ပေါ်လာမှာဖြစ်ပါတယ်။ အဲဒါဆို JobNet Digital CV ID ကိုအသုံးပြုပြီး စတင်အလုပ်လျှောက်လို့ရပါပြီ။ ထို့အတူ JobNATION အလုပ်အကိုင်ပြပွဲမှာ ဝင်ရောက်ပါဝင်ပြသတဲ့ကုမ္ပဏီတွေထဲက ကိုယ်လျှောက်ထားလိုတဲ့ကုမ္ပဏီရဲ့ QR Code တွေကို Scan ဖတ်ပြီးတော့လည်း အလုပ်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

JobNet Digital CV ID ကို ဘယ်လိုအသုံးပြုပြီး အလုပ်လျှောက်မလဲ

JobNet Digital CV နဲ့ အလုပ်လျှောက်တော့မယ်ဆိုရင် ကိုယ့်ရဲ့ Digital CV ID ကို အလုပ်ခေါ်ယူနေသူထံပြလိုက်ပါ။ အလုပ်ခေါ်ယူနေသူက အဲဒါကို Scan ဖတ်လိုက်ရုံနဲ့ ကိုယ့်ရဲ့အချက်အလက်တွေဟာ သူတို့စုဆောင်းထားတဲ့ Database ထဲကို တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်ပြီး အလုပ်လျှောက်ထားပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ အောင်မြင်တဲ့အလုပ်လျှောက်ထားမှုဖြစ်ပါပြီး။ နောက်ပိုင်းမှာ အဲဒီစုဆောင်းထားတဲ့အချက်အလက်တွေထဲက အတွေ့အကြုံရှိအလုပ်လျှောက်ထားသူတွေကို ပြန်လည်စီစစ်ပြီး ခေါ်ယူနေတဲ့အလုပ်တွေနဲ့သင့်တော်ပါက အင်တာဗျူးခေါ်ဆိုမှာပဲဖြစ်ပါတယ်။ အလုပ်ရှာဖွေနေသူတွေအနေနဲ့လည်း ကိုယ်လျှောက်ထားချင်တဲ့ကုမ္ပဏီတွေရဲ့ Digital ID တွေနဲ့  ခေါ်ယူနေတဲ့အလုပ်တစ်ခုချင်းစီရဲ့ ID ကုတ်တွေကိုအလွယ်တကူ Scan ဖတ်နိုင်ပြီးအလုပ်လျှောက်ထားနိုင်ပါတယ်။

ပထမဆုံးအလုပ်အကိုင်ရှာဖွေနေတဲ့သူပဲဖြစ်ဖြစ် ဒါမှမဟုတ် ငါးကြိမ်မြောက်ပြောင်းမယ့်အလုပ်ကို ရှာဖွေနေတဲ့သူပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အလုပ်အကိုင်ပြပွဲတွေကိုသွားရောက်လေ့လာခြင်းဟာ ကိုယ့်ရဲ့အလုပ်ရှင်ဖြစ်လာနိုင်တဲ့သူများစွာဆီမှာ ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေကို သိမြင်အောင်ပြပြီး ကိုယ့်ရဲ့အလုပ်အကိုင်ဈေးကွက်ရှာဖွေဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အလုပ်အကိုင်ပြပွဲမှာဆိုရင် အလုပ်ရှာဖွေသူတစ်ယောက်ဟာ ပါဝင်ပြီးအလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီအမျိုးမျိုးရဲ့အကြောင်းကို အလုပ်ခေါ်ယူနေသူတွေ၊ ဝန်ထမ်းရှာဖွေခန့်အပ်မှုဆိုင်ရာမန်နေဂျာတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လေ့လာနိုင်ပါတယ်။ JobNet Myanmar ကကျင်းပတော့မယ့် Digital အလုပ်အကိုင်ပြပွဲတွေမှာ အလုပ်ရှာဖွေလျှောက်ထားတော့မယ်ဆိုရင် အထက်မှာပြောပြခဲ့တဲ့အချက်တွေကို သေချာမှတ်သားပြင်ဆင်ပြီး ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းမှာ နောက်ထပ်ကောင်းမွန်တဲ့အလုပ်တစ်ခုကိုရရှိဖို့ အခွင့်အရေးကောင်းတစ်ခုကို ကိုယ့်ကိုယ်ကိုပေးလိုက်ပါ။