19th September, 2018

အချိန်တိုအတွင်းအလုပ်ရအောင်ရှာကြမယ်

ခေတ်မီတိုးတက်လာနေတဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းရင်းနှီးမြုပ်နှံမှုတွေအပြင် နိုင်ငံတကာကနေလည်း  လာရောက်ရင်းနှီးမြုပ်နှံနေကြတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေက များပြားလာနေပါပြီ။ ဒီလိုများပြားလှတဲ့အလုပ်တွေထဲမှာ ကိုယ့်နဲ့သင့်တော်မယ့် ကိုယ်စိတ်ဝင်စားပြီး လုပ်ကိုင်ချင်တဲ့ အလုပ်တွေကို အချိန်တိုတွင်း ရရှိဖို့အတွက် ဘယ်အချက်တွေကို လုပ်ဆောင်ရမလဲဆိုတာ  ကြည့်လိုက်ကြရအောင်။

ကိုယ်လုပ်ချင်တဲ့အလုပ်တွေကိုဘယ်လိုချဉ်းကပ်ကြမလဲ

ပထမဦးဆုံးစဉ်းစားရမှာကကိုယ့်ရဲ့အားသာချက်ကဘာလဲ၊ ဘယ်လိုမျိုးအလုပ်တွေကိုအလုပ်ချင်ဆုံးလဲဆိုတာကို စဉ်းစားပါ။ ကိုယ့်ရဲ့ CV မှာလည်းနောက်ဆုံးလုပ်ခဲ့တဲ့အလုပ်အကိုင်တွေ၊ ကိုယ့်ရဲ့ကြိုးစားမှု နဲ့အောင်မြင်မှုတွေကို up to date ဖြစ်နေအောင်လုပ်ထားပါ။ နောက်တစ်ချက်ကဘယ်လိုမျိုးကုမ္ပဏီတွေမှာအလုပ်လုပ်ချင်လဲဆိုတာကိုဆန်းစစ်ပါ။ ကိုယ်လိုချင်တဲ့အချက်တွေကိုကမ်းလှမ်းမှုမရှိတဲ့ကုမ္ပဏီကိုလျှောက်ပြီး အချိန်ကုန်နေမယ့်အစားအချိန်တိုအတွင်းမှာ ငြီးငွေ့လာနိုင်တဲ့အလုပ်မျိုးတွေကိုလျှောက်ထားခြင်းမှရှောင်ကြဉ်လိုက်ပါ။ ကိုယ်တကယ်လုပ်ချင်တဲ့ ကုမ္ပဏီစာရင်းတွေကိုရရှိပြီဆိုရင်တော့ကိုယ်ရဲ့ဆွေမျိုး၊အပေါင်းအသင်းတွေနဲ့တိုင်ပင်ဆွေးနွေးကြည့်ပါ။ သူတို့တွေ ကိုယ့်ထက်အတွေ့အကြုံပိုရှိတဲ့သူတွေဖြစ်တဲ့အတွက်ကိုယ်သိသင့်တဲ့အချက်အလက်တွေကိုမျှဝေပေးပါလိမ့်မယ်။ကိုယ်တကယ်ယုံကြည်ရတဲ့သူတွေကိုပြောပြထားတာက အလုပ်အကိုင်အခွင့်အလမ်းကောင်း တွေတွေ့တဲ့အခါ ကိုယ့်ကိုပြောဖို့ သတိရကြမှာပါ။ ဒါ့အပြင်အလုပ်အကိုင်ပေါင်းများစွာကို JobNet.com.mm မှာရှာဖွေတွေ့ရှိနိုင်ပြီး ကိုယ်လုပ်ချင်တဲ့အလုပ်တွေကိုရှာဖွေလျှောက်ထားနိုင်ပါတယ်။

ကိုယ်လုပ်မယ့်ကုမ္ပဏီအကြောင်းကိုလေ့လာပါ

ကိုယ်လျှောက်ထားမယ့် ကုမ္ပဏီအချက်အလက်တွေအကြောင်းကိုရှာဖွေပါ။ ကုမ္ပဏီကဘာတွေကို အဓိကထားပြီးလုပ်လဲ။ ရုံးခွဲတွေတခြားမှာရှိသေးလား။ ဝန်ထမ်းတွေအတွက်ဘာတွေပံ့ပိုးပေးထားသလဲ။  သူတို့ရဲ့ဈေးကွက်အခြေအနေ ကဘယ်လိုတွေရှိလဲ စတာတွေကို သူတို့ရဲ့တရားဝင် website ကနေ ဝင်ရောက်လေ့လာမှုတွေပြုလုပ်ပါ။ ဒါ့အပြင် ကုမ္ပဏီရဲ့ culture တွေ၊ ဝန်ထမ်းတွေအတွက်အလုပ်အကိုင်ဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ ကုမ္ပဏီအပေါ်ဝန်ထမ်းတွေရဲ့အမြင်ကိုလည်းတက်နိုင်သလောက်လေ့လာကြည့်ပါ။ ကိုယ်လုပ်ရမယ့် ကုမ္ပဏီ အကြောင်းကိုသိရှိထားခြင်းကအင်တာဗျုးဖြေတဲ့အချိန်မှာအကျိုးရှိစေသလို ကိုယ့်အတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်တာတွေကိုပြင်ထားနိုင်ပါတယ်။ ကုမ္ပဏီတွေရဲ့အကြောင်းအရာတွေကိုလည်း JobNet.com.mm မှာဝင်ရောက်ရှာဖွေလေ့လာနိုင်ပါတယ်။

ကိုယ့် CV ကိုအချက်အလက်အပြည့်စုံနဲ့ စွဲဆောင်မှုရှိအောင်ရေးပါ

ကိုယ်ကအလုပ်လျှောက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ကိုယ့်ရေးထားတဲ့ CV မှာအလုပ်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုသေချာပြန်လည်စစ်ဆေးပါ။ တစ်ချို့သောသူတွေကကိုယ့်အတွက် CV ကောင်းကောင်းတစ်စုံ ဘာကြောင့်လိုအပ်လဲဆိုတာကိုမသိကြပါဘူး။ စွဲဆောင်မှုရှိတဲ့ CV တစ်စုံကြည့်ပြီးသင့်ကိုအင်တာဗျုးခေါ်နိုင်တာပါပဲ။ ကိုယ့်ရဲ့ CV ထဲမှာဖြည့်ထားတဲ့အချက်တွေကိုကြည့်လိုက်ခြင်းဖြင့် ဒီလူကကုမ္ပဏီအတွက်ဘယ်လောက်ထိ အကျိုးရှိမလဲဆိုတာပါပဲ။ လူဆယ်ယောက်ကိုအုပ်ချုပ်လာခဲ့တယ်ဆိုတာထက် ဒီလူတွေကိုဘယ်လိုဦးဆောင်တယ်၊ ဘယ်လိုစီမံခန့်ခွဲပြီး ချမှတ်ထားတဲ့အချိန်အတွင်းမှာအလုပ်ပြီးမြောက်အောင်လုပ်နိုင်တယ်ဆိုတာကိုဖော်ပြလိုက်ပါ။ ဒါ့အပြင်ကိုယ်ကဒီစီမံကိန်းအတွက်တာဝန်ယူခဲ့တယ်ဆိုတာထက်ကို ကိုယ်ဒီတာဝန်ယူပြီးကုမ္ပဏီအတွက် အကျိုးအမြတ်ဘယ်လောက်ရရှိခဲ့တယ်ဆိုတာကိုကိုယ့်ရဲ့ CV ကတဆင့်ပြသနိုင်ပါစေ။

ကိုယ့်ရဲ့စိတ်အားထက်သန်မှုကိုပြသပါ

ကိုယ်ကဒီကုမ္ပဏီမှာဘယ်လောက်ထိ လုပ်ချင်ကြောင်းကိုအကြောင်းပြချက်ကောင်းကောင်းနဲ့ဖော်ပြပြီးအလုပ်ရှင်က အင်တာဗျုးခေါ်ချင်လာအောင်စွဲဆောင်ပါ။

အင်တာဗျုးမခေါ်ဘူးဆိုရင်တော့သင့် CV ကသူတို့လိုချင်တဲ့အချက်အလက်တွေနဲ့မကိုက်လို့ပါ

ကိုယ်စတင်လျှောက်ထားတော့မယ်ဆိုရင်ကိုယ့်ရဲ့အရည်အချင်းတွေကျွမ်းကျင်မှုတွေနဲ့ကိုက်ညီတဲ့  အလုပ်တွေကိုသာလျှောက်ထားခြင်းပြုလုပ်ပါ။ ကိုယ့်ရဲ့ CV ကကုမ္ပဏီကလိုချင်တဲ့အချက်အလက်တွေ အရည်အချင်းတွေနဲ့ပြည့်စုံနေပြီဆိုရင်တော့ သင့်အတွက်အလုပ်ခေါ်အင်တာဗျုးကမကြာခင်မှာရောက်ရှိလာမှာ ဖြစ်ပါတယ်။

အင်တာဗျုးမှာဘယ်နှစ်ပိုင်းမေးမလဲ

အလုပ်နဲ့ပတ်သတ်တဲ့ကျွမ်းကျင်မှုဆိုင်ရာမေးခွန်းတွေအတွက်ပြင်ဆင်ထားသင့်သလို HR ကမေးလာမယ့်မေးခွန်းတွေဖြစ်တဲ့ ကိုယ့်ရဲ့စိတ်နေသဘောထားတွေအသင်းအဖွဲ့နဲ့ လုပ်နိုင်တဲ့စိတ်ဓာတ်ရှိမရှိ မေးမြန်းလာနိုင်တဲ့အတွက်ဒီအချက်တွေကိုကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

အင်တာဗျုးမေးခွန်းအတွက်ပြင်ဆင်ကြမယ်

အင်တာဗျုးမှာမေးလာမယ့်မေးခွန်းတွေကို အကောင်းဆုံးပြန်လည်ဖြေကြားနိုင်ဖို့အင်တာနက်ကနေ  လေ့လာကြည့်တာတွေအပြင် JobNet.com.mm ကရေးသားတင်ဆက်ထားတဲ့ “ကြိုတင်ပြင်ဆင်ထားသင့်တဲ့  အင်တာဗျုးမေးခွန်း၁၅ခု” ကို ဒီလင့်ခ်မှာ http://bit.ly/2QGXFcM ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။

အထက်ဖော်ပြပါအချက်တွေကိုလေ့လာကြည့်ပြီးကိုယ်နဲ့သင့်တော်တဲ့အလုပ်တွေကိုအချိန်ခဏပေးပြီးရှာဖွေလိုက်ပါ။ ဒါ့အပြင်လာမယ့်စက်တင်ဘာ ၂၂ ရက် (စနေနေ့)မှာလည်း Job Net ကကျင်းပပြုလုပ်တဲ့ Job Nation အလုပ်အကိုင်ပြပွဲကြီးကိုလာရောက်ပြီးအလုပ်အကိုင်အခွင့်အလမ်းသစ်တွေရှာဖွေလိုက်ရအောင်။