29th August, 2019
အလုပ်အကိုင်ပြပွဲမှာ JobNet Digital CV ID ကိုဘယ်လိုအသုံးပြုမလဲ
Share
Blog Link Copied
မြန်မာနိုင်ငံရဲ့အကြီးကျယ်အခမ်းနားဆုံး JobNATION အလုပ်အကိုင်ပြပွဲကြီးကို စက်တင်ဘာလ ၂၁ ရက်နေ့ Novotel Yangon Max ဟိုတယ်မှာ အရင်ကကျင်းပခဲ့တဲ့အလုပ်အကိုင်ပြပွဲတွေနဲ့မတူဘဲ JobNet.com.mm မှ ပြန်လည်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီအလုပ်အကိုင်ပြပွဲကြီးမှာ ပြည်တွင်းနဲ့ နိုင်ငံတကာအခြေစိုက်ထိပ်တန်းကုမ္ပဏီပေါင်း ၆၀ ကျော်ကပါဝင်ပြီး လက်ရှိလစ်လပ်ရာထူးအလုပ်အကိုင်ပေါင်းများစွာအတွက် အလုပ်ခေါ်ယူသွားမှာပဲ ဖြစ်ပါတယ်။ ဒါဆို ဒီတစ်ခေါက်အလုပ်အကိုင်ပြပွဲကြီးမှာ ကိုယ်လိုချင်တဲ့အလုပ်အကိုင်တွေက ကိုယ့်ကိုစောင့်မျှော်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
ဒီတစ်ခေါက်အလုပ်အကိုင်ပြပွဲကြီးကိုလာရောက်ပြီး အလုပ်ရှာဖွေလျှောက်ထားတဲ့အခါမှာ အလုပ်အကိုင်ရှာဖွေနေသူတွေအနေနဲ့ အရင်ကလို CV ဖောင်တွေ၊ စာရွက်စာတမ်းတွေနဲ့ လာစရာမလိုတော့ပါဘူး။ အဲဒီစာရွက်တွေကို အိမ်မှာထားခဲ့လိုက်ပါတော့။ ဒါဆိုရင် အလုပ်ဘယ်လိုလျှောက်ရမလဲဆိုပြီး မေးခွန်းတွေထုတ်နေပြီလား။ အဲဒီအတွက် JobNet.com.mm ကနေ အလုပ်ရှာဖွေသူတွေအတွက်ရော အလုပ်ခေါ်ယူသူတွေအတွက်ပါ အဆင်ပြေလွယ်ကူစေမယ့် နည်းပညာအသစ်တစ်ခုကို ထည့်သွင်းထားပါတယ်။ အဲဒါကတော့ JobNet Digital CV ID နည်းပညာပဲဖြစ်ပါတယ်။
JobNet Digital CV ID ဆိုတာကို တိတိကျကျပြောရမယ်ဆိုရင်
ကိုယ့်ရဲ့ကိုယ်ရေးအချက်တွေပြည့်ပြည့်စုံစုံဖြည့်စွက်ထားတဲ့ JobNet Profile နဲ့ CV ကို QR Code တစ်ခုဖြင့် ချိတ်ဆက်ထားပြီး အလုပ်လျှောက်တဲ့အခါမှာ အဲဒီ QR ကို အလုပ်ရှင်က Scan ဖတ်လိုက်ရုံဖြင့် JobNet Profile မှာဖြည့်စွက်ထားတဲ့ကိုယ့်ရဲ့အချက်အလက်တွေအားလုံးက အလုပ်ရှင်ကိုရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။ အရမ်းကိုရိုးရှင်းလွယ်ကူပါတယ်။
JobNet Digital CV ID ကို ဘယ်လိုပြင်ဆင်မလဲ။
JobNet Digital CV ID ကိုပြုလုပ်ဖို့အတွက် ပြင်ဆင်ရမှာတွေက အရမ်းကိုလွယ်ကူပါတယ်။ အရေးအကြီးဆုံးကတော့
ကိုယ့်ရဲ့ JobNet Profile မှာ လုပ်ငန်းအတွေ့အကြုံတွေနဲ့ အလုပ်လျှောက်ဖို့လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေအားလုံးကို ပြည့်ပြည့်စုံစုံဖြည့်စွက်ထားဖို့ပါပဲ။ အရင်ဆုံး JobNet.com.mm မှာ Register လုပ်ထားတဲ့ Email/Password နဲ့ Login ဝင်ပါ။ အကယ်၍ Register မပြုလုပ်ရသေးပါက Register ပြုလုပ်ပါ။ Login ဝင်ပြီးတာနဲ့ အလုပ်လျှောက်ဖို့အတွက်လိုအပ်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံဖြည့်စွက်ဖို့ My Profile ကိုရွေးချယ်ပါ။
ကိုယ်ရေးအချက်အလက်တွေကို ပြည့်ပြည့်စုံစုံဖြည့်စွက်ပြီးသွားပြီဆိုရင် Menu Option ကနေတဆင့် My Digital CV ID ကိုနှိပ်လိုက်လျှင် QR Code ပေါ်လာမှာဖြစ်ပါတယ်။ ထို့အတူ JobNATION အလုပ်အကိုင်ပြပွဲမှာ ဝင်ရောက်ပါဝင်ပြသတဲ့ကုမ္ပဏီတွေရဲ့ QR Code တွေကို Scan ဖတ်ပြီးတော့လည်း အလုပ်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ JobNet Profile ကို ပြည့်စုံအောင်ဖြည့်စွက်ပြီးသွားပြီဆိုရင်တော့ JobNet Digital CV ID ကိုအသုံးပြုပြီး စတင်အလုပ်လျှောက်လို့ရပါပြီ။
JobNet Digital CV ID ကို ဘယ်လိုအသုံးပြုပြီး အလုပ်လျှောက်မလဲ။
JobNet Digital CV နဲ့ အလုပ်လျှောက်တော့မယ်ဆိုရင် ကိုယ့်ရဲ့ Digital CV ID ကို အလုပ်ခေါ်ယူနေသူထံပြလိုက်ပါ။ အလုပ်ခေါ်ယူနေသူက အဲဒါကို Scan ဖတ်လိုက်ရုံနဲ့ ကိုယ့်ရဲ့အချက်အလက်တွေဟာ သူတို့စုဆောင်းထားတဲ့ Database ထဲကို တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်ပြီး အလုပ်လျှောက်ထားပြီးသားဖြစ်သွားပါလိမ့်မယ်။ နောက်ပိုင်းမှာ အဲဒီစုဆောင်းထားတဲ့အချက်အလက်တွေထဲက အတွေ့အကြုံရှိအလုပ်လျှောက်ထားသူတွေကို ပြန်လည်စီစစ်ပြီး ခေါ်ယူနေတဲ့အလုပ်တွေနဲ့သင့်တော်ပါက အင်တာဗျူးခေါ်ဆိုမှာပဲဖြစ်ပါတယ်။
အဲဒါကြောင့် ဒီတစ်ခေါက်မှာ JobNet.com.mm ကနေပြုလုပ်ကျင်းပမယ့် တကယ့် Digital CV နည်းပညာကို အသုံးပြုထားတဲ့ JobNATION အလုပ်အကိုင်ပြပွဲကြီးကိုလာရောက်ပြီး ထိပ်တန်းကုမ္ပဏီကြီးတွေက ခေါ်ယူနေတဲ့အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကိုရှာဖွေချင်တယ်ဆိုရင် အခုပဲ ဒီနေရာမှာ စာရင်းပေးသွင်းလိုက်ပါ။ အဓိကမှာချင်တာကတော့ ကိုယ့်ရဲ့ JobNet Profile ကို ပြည့်ပြည့်စုံစုံဖြည့်စွက်ထားဖို့နဲ့ ကိုယ့်ရဲ့စမတ်ဖုန်းကို အဲဒီနေ့မှာ မမေ့မလျော့ယူလာခဲ့ဖို့ပါပဲ။ ထို့အပြင် ဒီပွဲကြီးမှာ အလုပ်ခေါ်ယူမှုတွေအပြင် စီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေရဲ့ အလုပ်အကိုင်လမ်းကြောင်းတိုးတက်မှု၊ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်အကြောင်း ဆွေးနွေးဟောပြောပွဲတွေလည်း ပွဲကျင်းပသည့်တစ်နေ့လုံးတွင် ပါဝင်မှာဖြစ်ပါတယ်။ ပွဲနဲ့ပတ်သက်တဲ့နောက်ဆုံးရအကြောင်းအရာတွေနဲ့ ကုမ္ပဏီကြီးတွေကခေါ်ယူသွားမယ့် အလုပ်အကိုင်အမျိုးအစားတွေကို အချိန်နဲ့တပြေးညီသိချင်တယ်ဆိုရင် JobNATION Career Fair ရဲ့ Facebook Event Page ကို Interested ဒါမှမဟုတ် Going လုပ်ထားလိုက်ပါ။