11th July, 2017
အလုပ်လျှောက်လွှာပြင်ဆင်မယ်ဆိုရင်
Share
Blog Link Copied
အလုပ်လျှောက်လွှာတစ်စောင်ပြင် ဆင်ဖို့အတွက် ဘာတွေလိုအပ်မလဲ။ ကိုယ့်မှာရှိသမျှ Certificate တွေ၊ ဒီပလိုမာစာရွက်စာတမ်းတွေ၊ စတာ တွေကို ခေါ်တဲ့အလုပ်နဲ့မကိုက်ညီဘဲ တင်ဖို့လိုအပ်သလား။ အခုတစ်ပတ်မှာ အဲဒီအကြောင်းကို ဆွေးနွေးပေးသွားပါ မယ်။
အခုနောက်ပိုင်း HR တာဝန်ရှိသူတွေ အပြောများလာတာက အလုပ်လျှောက် လွှာတွေမှာ မလိုအပ်တဲ့စာရွက်စာတမ်း တွေရြေွာပန်းပြီး အလုပ်လျှောက်ကြတဲ့ ကိစ္စပါ။ ခေါ်တဲ့ပို့စ်နဲ့မသက်ဆိုင်တဲ့ စာရွက် စာတမ်းတွေကို အလုပ်လျှောက်တဲ့အခါ အတတ်နိုင်ဆုံးစိစစ်ရွေးချယ်သင့်ပါတယ်။
ဥပမာအနေနဲ့ပြောရရင် လျှောက်တဲ့ အလုပ်က HR ပိုင်းဆိုပါတော့။ အဲဒီမှာ လျှောက်လွှာတင်တဲ့အခါ Marketing နဲ့ သက်ဆိုင်တဲ့ Certificate တို့၊ Sale နဲ့ သက်ဆိုင်တဲ့အသိအမှတ်ပြုလက်မှတ်တို့ စတာတွေပဲဖြစ်ပါတယ်။ တစ်ခါတလေ လျှောက်တဲ့အလုပ်က Accountant ပိုင်းဖြစ်ပေမဲ့ တင်လိုက်တဲ့စာရွက်စာတမ်း တွေက စာရင်းနဲ့မဆိုင်တဲ့စာရွက်စာတမ်း တွေဖြစ်နေတာတို့ပါ။
အလုပ်ခန့်ထားသူတွေက အလုပ် လျှောက်လွှာတစ်စောင်ကောက်ကိုင်လိုက် တဲ့အခါ အဲဒီအလုပ်လျှောက်လွှာအတွက် အချိန်ပေးဖို့က ငါးမိနစ်ကနေ ဆယ်မိနစ် လောက်အထိပဲရှိတာပါ။ နေ့စဉ်နဲ့အမျှ အလုပ်လျှောက်လွှာတွေအများကြီး ဖတ်ရှု နေရသူတွေအဖို့ ရှင်းရှင်းလင်းလင်းနဲ့ လို ရင်းတိုရှင်းအလုပ်လျှောက်လွှာမျိုးကို ပိုပြီး သဘောကျကြပါတယ်။
ကိုယ့်ရဲ့အလုပ်လျှောက်လွှာက မလို အပ်တဲ့စာရွက်စာတမ်းတွေနဲ့ ရှုပ်ရှက်ခတ် နေသလား။ ဒါဆိုရင်တော့အလုပ်ခန့်ထား သူတွေက ကိုယ့်ရဲ့လျှောက်လွှာကိုသဘော တွေ့မှာမဟုတ်ပါဘူး။ ကိုယ်ကအချိန်အား လို့ပဲဖြစ်ဖြစ်၊ စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်တက် ခဲ့သင်တန်းတွေက ကိုယ်အလုပ်လျှောက် ထားတဲ့အခါ ကိုယ်လျှောက်တဲ့အလုပ်နဲ့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ လက် မှတ်တွေများနေတိုင်းလည်း အလုပ်မဖြစ် ပါဘူး။ ဒါကြောင့် အလုပ်လျှောက်လွှာ တင်တဲ့အခါ ကိုယ်ရထားတဲ့ လက်မှတ် အားလုံးကိုပူးတွဲလျှောက်ထားဖို့မလိုအပ် ပါဘူး။ ဥပမာအားဖြင့် မားကက်တင်းက မားကက်တင်းနဲ့သက်ဆိုင်တဲ့ပညာအရည် အချင်းပါရင် ပြည့်စုံပါပြီ။
လက်မှတ်တွေက အလုပ်ရရှိဖို့ အထောက်အကူပြုနိုင်သလား။ ဒီအချက် ကတော့ တော်တော်များများငြင်းခုံဆွေး နွေးနေကြတဲ့ အချက်တစ်ခုပါ။ စာရေးသူ အမြင်ပြောရရင်တော့ လက်မှတ်တွေက အလုပ်ရရှိဖို့ အလုံးစုံထောက်ခံချက်မပေး နိုင်ပါဘူး။ ကျွမ်းကျင်မှုလက်မှတ်တွေ၊ ဘယ်နေရာကအသိအမှတ်ပြုလက်မှတ်တို့၊ ဘယ်နိုင်ငံက အသိအမှတ်ပြုလက်မှတ်တို့ စတာတွေကိုင်ပြီးလည်း အလုပ်ရရှိလာတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ကျွမ်းကျင်မှုက စာရွက်တစ်ရွက်နဲ့ကိုယ်စားမပြုပါဘူး။ တကယ့်လုပ်ငန်းခွင်ကျွမ်းကျင်မှုပါမှ အဲဒီလက်မှတ်တွေကပိုပြီးတန်ဖိုးရှိစေမှာဖြစ် ပါတယ်။ အလုပ်လျှောက်တဲ့အကြောင်း ပြန်ဆက်ရရင် အလုပ်လျှောက်သူတွေ အမှုမဲ့အမှတ်မဲ့လုပ်လိုက်တဲ့ အမှားလို့မထင် တဲ့အမှားတွေထဲမှာ မလိုအပ်တဲ့စာရွက်စာ တမ်းတွေထည့်သွင်းလျှောက်ထားတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါကိုသတိပြု စေချင်ပါတယ်။ တစ်ခါတစ်ရံကိုယ့်ရဲ့အရည်အချင်းကို အလုပ်လျှောက်လွှာကတစ်ဆင့်လည်း ယေဘုယျမှတ်ချက်ပြုကြပါတယ်။ ဒီအ ချက်ကြောင့် အလုပ်လျှောက်လွှာကို ပေါ့ ပေါ့တန်တန်မစဉ်းစားဘဲ အလေးအနက် ထားပြင်ဆင်သင့်ပါတယ်။ ကိုယ်လျှောက် တဲ့အလုပ်နဲ့မသက်ဆိုင်တဲ့စာရွက်စာတမ်း တွေပါနေတဲ့အခါ ကိုယ့်ရဲ့တန်ဖိုးကကျဆင်းသွားစေနိုင်တာသတိပြုစေချင်ပါ တယ်။ အလုပ်ခန့်ထားသူတွေဘက်က အလုပ် လျှောက်ထားသူက ဒီအခြေခံအချက် ကလေးကိုတောင် နားမလည်ဘူး၊ ကိုယ် လျှောက်တဲ့အလုပ်နဲ့ မကိုက်ညီတဲ့ စာရွက်စာတမ်းတွေကို ဘာဖြစ်လို့ပူးတွဲ လျှောက်လွှာထဲထည့်လိုက်ရသလဲစသဖြင့် ဒီအချက်ကြောင့် ကိုယ့်အတွက်အမှတ် လျော့စေသွားစေနိုင်ပါတယ်။
ကိုယ်ကတော့ တစ်ခါတလေ ဒီအချက် တွေကိုစဉ်းစားမိချင်မှ စဉ်းစားမိပါလိမ့် မယ်။ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး တက်ခဲ့ ဖူးသမျှ စာရွက်စာတမ်းတွေကို အလုပ် လျှောက်တဲ့အခါ ထည့်ချင်ပါလိမ့်မယ်။ ဒီနေရာလေးပဲ ကိုယ့်အတွက်သုံးရမှာကိုး။ ဒါပေမဲ့ အလုပ်ခန့်ထားသူတွေဘက်က ကြည့်ပြန်တော့လည်း ခေါ်တဲ့အလုပ်နဲ့ မကိုက်ညီတဲ့အရည်အချင်းသတ်မှတ်ချက် တွေ၊ ပညာအရည်အချင်းစာရွက်စာတမ်း တွေအားလုံးကို လိုက်ဖတ်ဖို့အချိန်မရှိနိုင် ပါဘူး။ ဒီအလုပ်နဲ့ကိုက်ညီတဲ့ ပညာအရည် အချင်းနဲ့ ကျွမ်းကျင်မှုတွေကိုပဲ သိချင်တာ ပါ။ စိတ်ဝင်စားတာပါ။ ဒီအချက်ကိုသတိ ထားမိဖို့လိုပါတယ်။ အရည်အချင်းသတ်မှတ်ချက်ဆိုတာ အလုပ်ခေါ်စဉ်ကတည်းက လိုအပ်ချက်မှာ ပါပြီးသားပါ။ Accountant တစ်ယောက် ဆိုရင် LCCI Level II, III ပါပြီးသားပါ။ စာရင်းကိုင်တစ်ယောက်ရဲ့အဓိကလိုအပ် ချက်က စာရင်းဇယားနဲ့ပတ်သက်တဲ့ အရည်အချင်းသတ်မှတ်ချက်တွေပါပဲ။ ဒီနေရာမှာ သူတို့ပြောတဲ့လက်မှတ်တွေ အပြင် ကိုယ့်ဘက်က စာရင်းနဲ့ပတ်သက် တဲ့ တခြားလိုအပ်ချက်တွေရှိနေရင်လည်း ထည့်သွင်းဖော်ပြလို့ရပါတယ်။ ဒါကစာရင်း နဲ့ပတ်သတ်တဲ့အရည်အချင်းတွေဖြစ်နေလို့ပါ။ ဒီလိုမဟုတ်ဘဲ စာရင်းသမားက HR သင်တန်းလက်မှတ်လည်းပါ၊ ဘာသာ စကားပေါင်းစုံအခြေခံလက်မှတ်တွေလည်း ပါ၊ ကွန်ပျူတာဒီဇိုင်းသင်တန်းလက်မှတ် တွေလည်းပါ၊ AutoCADလက်မှတ်တွေ လည်းပါဆိုတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဒီအချက်တွေကိုဆင်ခြင်ပြီး ကိုယ့်ရဲ့ အလုပ်လျှောက်လွှာတစ်စောင်က အမှိုက် တွေမဖြစ်စေဖို့လိုပါတယ်။ အလုပ်လျှောက် လွှာတစ်စောင်က အလုပ်ခန့်ထားသူတွေ မဖတ်ချင်လောက်အောင် မလိုအပ်တဲ့ အချက်အလက်တွေနဲ့ရှုပ်ပွမနေစေဖို့ သတိ ထားရပါမယ်။ ကိုယ့်မှာ သင်တန်းဆင်း လက်မှတ်တွေအများကြီးရှိနေပါသလား။ ကိုယ့်ရဲ့လက်မှတ်တွေက လိုအပ်တဲ့နေရာ မှာအသုံးချမိဖို့အရေးကြီးပါတယ်။ မလိုအပ် တဲ့နေရာမှာ သွားသုံးမိရင်တော့ အမှိုက်ဖြစ် သွားတတ်ပါတယ်။ အလုပ်လျှောက်တော့မယ်ဆိုရင် ဒီအ ချက်လေးကို သတိပြုစေချင်ပါတယ်။ ကိုယ့်အတွက်အပန်းမကြီးတဲ့ ဒီအချက် လေးကိုဆင်ခြင်ပြီး အလုပ်လျှောက်ကြ မယ်ဆိုရင် ကိုယ့်ရဲ့အလုပ်လျှောက်လွှာက အလုပ်ခန့်သူတွေအတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ အလုပ်လျှောက်လွှာတစ်စောင် အဖြစ်ရှိနေမှာအသေအချာပါပဲ။
Credit :opportunity.com.mm Credit :ကျော့ကေခိုင်