9th January, 2019
၂၀၁၉ တွင်ခေါ်ယူနိုင်ခြေရှိသော အလုပ်အကိုင် ၁၀ ခု
JobNet.com.mm ရဲ့ နှစ်သစ်ရည်မှန်းချက်ကတော့ အလုပ်ရှာဖွေနေသူတွေအတွက် ပိုကောင်းတဲ့အလုပ်အကိုင်တွေ ယူဆောင်လာပေးဖို့ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် JobNet.com.mm ရဲ့ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်မှာ ၂၀၁၈ ခုနှစ်အတွင်း လာရောက်ခေါ်ယူခဲ့တဲ့ အလုပ်အကိုင်အချက်အလက်တွေအပေါ် သုံးသပ်ချက်တွေပြုလုပ်ပြီး အခု ၂၀၁၉ ခုနှစ်မှာ အများဆုံးခေါ်ယူနိုင်ခြေရှိမယ့် အလုပ်အကိုင် ၁၀ ခုကို အလုပ်ရှာဖွေနေသူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
- Sales/Business Development
- Marketing/Media/Creative
- IT Hardware/Software
- Accounting/Finance
- Engineering/Technical
- Administrative
- HR/Training and Recruitment
- Manufacturing/Warehouse
- Food and Beverage
- Education/Teaching/Childcare
ပြီးခဲ့တဲ့နှစ် နှစ်ကုန်ခါနီးကခေါ်ယူခဲ့တဲ့အလုပ်အကိုင်အချက်အလက်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ အရောင်းကဏ္ဍ၊ ဈေးကွက်ဖော်ဆောင်ရေးကဏ္ဍ၊ နည်းပညာကဏ္ဍ၊ စာရင်းအင်းနဲ့ ဘဏ္ဍာရေးကဏ္ဍ၊ အင်ဂျင်နီယာကဏ္ဍ၊ စီမံခန့်ခွဲမှုကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုကဏ္ဍအပြင် ထုတ်လုပ်ရေးနဲ့ စတိုထိန်းသိမ်းရေးကဏ္ဍက အလုပ်တွေကတော့ ဒီနှစ်မှာလည်း ထိပ်ဆုံးကရပ်တည်ပြီး ခေါ်ယူမှုအများဆုံးအလုပ်တွေ ဖြစ်နေပါတယ်။
အဲဒီအပြင် ဒီနှစ်ရဲ့ထူးခြားတဲ့အချက်ကတော့ ပညာရေးနဲ့ သင်ကြားရေးကဏ္ဍ၊ အစားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်းကဏ္ဍတွေမှာ မနှစ်ကထက်ပိုပြီး အလုပ်အကိုင်တွေခေါ်ယူနေပါတယ်။ ပညာရေးနဲ့ သင်ကြားရေးကဏ္ဍမှာဆိုရင်လည်း လာမယ့်စာသင်နှစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာကျောင်းတွေရဲ့ ပုဂ္ဂလိကကျောင်းတွေမှာ သင်ကြားရေးဆိုင်ရာအလုပ်တွေကို ပိုမိုခေါ်ယူနေပါတယ်။ အစားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်းကဏ္ဍနဲ့သက်ဆိုင်တဲ့ အလုပ်အကိုင်တွေမှာဆိုရင်လည်း အစားအသောက်ထုတ်လုပ်တဲ့ကုမ္ပဏီတွေက အလုပ်ခေါ်ယူမှုအပြင် အခုလိုခရီးသွားရာသီမှာ ဟိုတယ်တွေနဲ့ အဆင့်မြင့်စားသောက်ဆိုင်တွေကလည်း အစားအသောက်လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကို အလုပ်ခေါ်ယူမှုတွေရှိနေပါတယ်။
အလုပ်အကိုင်ရှာဖွေသူတွေ ပိုမိုအဆင်ပြေလွယ်ကူစေဖို့ JobNet.com.mm ကနေ အလုပ်အကိုင်ဈေးကွက်မှာ ခေါ်ယူမှုအများဆုံးအလုပ်အကိုင်တွေနဲ့ ကုမ္ပဏီတွေကို လစဉ်ဖော်ပြပေးနေပါတယ်။