13th May, 2024

2024 JobNATION Yangon အလုပ်အကိုင်ပြပွဲအတွက် အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုမျိုးပြင်ဆင်မလဲ

မြန်မာနိုင်ငံရဲ့အကြီးကျယ်အခမ်းနားဆုံး JobNATION အလုပ်အကိုင်ပြပွဲကြီး မေလ 18 ရက်နေ့တွင် Novotel Yangon Max Hotel မှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ JobNet.com.mm မှ ပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။ ဒီအလုပ်အကိုင်ပြပွဲကြီးမှာ ပြည်တွင်းနဲ့ နိုင်ငံတကာအခြေစိုက်ထိပ်တန်းကုမ္ပဏီပေါင်း 65 ခု ကျော်ကပါဝင်မှာဖြစ်ပါတယ်။  

ဒီတစ်ခေါက် JobNATION အလုပ်အကိုင်ပြပွဲကြီးကိုလာရောက်ပြီး အလုပ်ရှာဖွေလျှောက်ထားတဲ့အခါမှာ အလုပ်အကိုင်ရှာဖွေနေသူတွေအနေနဲ့ အရင်ကလို CV ဖောင်တွေ၊ စာရွက်စာတမ်းတွေနဲ့ လာစရာမလိုတော့ပါဘူး။ 

အလုပ်ရှာဖွေသူတွေအတွက်ရော အလုပ်ခေါ်ယူသူတွေအတွက်ပါ အဆင်ပြေလွယ်ကူစေမယ့် Paperless Technology နည်းပညာအသစ်တစ်ခုကို JobNet.com.mm ကနေ  ထည့်သွင်းထားပါတယ်။

Paperless Technology နဲ့ JobNet Digital CV ID ဆိုတာကို တိတိကျကျပြောရမယ်ဆိုရင်

ကိုယ့်ရဲ့ကိုယ်ရေးအချက်တွေပြည့်ပြည့်စုံစုံဖြည့်စွက်ထားတဲ့ JobNet Profile နဲ့ CV ကို QR Code တစ်ခုဖြင့် ချိတ်ဆက်ထားပြီး အလုပ်လျှောက်တဲ့အခါမှာ အဲဒီ QR ကို အလုပ်ရှင်က Scan ဖတ်လိုက်ရုံဖြင့် JobNet Profile မှာဖြည့်စွက်ထားတဲ့ကိုယ့်ရဲ့အချက်အလက်တွေအားလုံးက အလုပ်ရှင်ကိုရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။ Digital CV ID QR Code ကို သင့်ဖုန်းတွင် ဒေါင်းလုဒ်လုပ်ပြီး save ထားနိုင်ပါတယ်။ အရမ်းကိုရိုးရှင်းလွယ်ကူပါတယ်။

JobNet Digital CV ID ကို ဘယ်လိုပြင်ဆင်မလဲ။

JobNet Digital CV ID ကိုပြုလုပ်ဖို့အတွက် ပြင်ဆင်ရမှာတွေက အရမ်းကိုလွယ်ကူပါတယ်။ အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့ JobNet Profile မှာ လုပ်ငန်းအတွေ့အကြုံတွေနဲ့ အလုပ်လျှောက်ဖို့လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေအားလုံးကို ပြည့်ပြည့်စုံစုံဖြည့်စွက်ထားဖို့ပါပဲ။ အရင်ဆုံး JobNet.com.mm မှာ Register လုပ်ထားတဲ့ Email/Password နဲ့ Login ဝင်ပါ။ အကယ်၍ Register မပြုလုပ်ရသေးပါက Register ပြုလုပ်ပါ။ Login ဝင်ပြီးတာနဲ့ အလုပ်လျှောက်ဖို့အတွက်လိုအပ်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံဖြည့်စွက်ဖို့  My Profile ကိုရွေးချယ်ပါ။

ကိုယ်ရေးအချက်အလက်တွေကို ပြည့်ပြည့်စုံစုံဖြည့်စွက်ပြီးသွားပြီဆိုရင် Menu Option ကနေတဆင့် My Digital CV ID ကိုနှိပ်လိုက်လျှင် QR Code ပေါ်လာမှာဖြစ်ပါတယ်။ ထို့အတူ JobNATION အလုပ်အကိုင်ပြပွဲမှာ ဝင်ရောက်ပါဝင်ပြသတဲ့ကုမ္ပဏီတွေရဲ့ QR Code တွေကို Scan ဖတ်ပြီးတော့လည်း အလုပ်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ JobNet Profile ကို ပြည့်စုံအောင်ဖြည့်စွက်ပြီးသွားပြီဆိုရင်တော့ JobNet Digital CV ID ကိုအသုံးပြုပြီး စတင်အလုပ်လျှောက်လို့ရပါပြီ။

JobNATION အလုပ်အကိုင်ပြပွဲကြီးအတွက် အောက်ပါလင့်ခ်မှာ စာရင်းပေးသွင်းလိုက်ပါ။ 

REGISTER TO JOBNATION

JobNATION အလုပ်အကိုင်ပြပွဲကြီးကို မေလ 18 ရက်နေ့တွင် Novotel Yangon Max မှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။ ကုမ္ပဏီပေါင်း 65 ခုကျော်မှ ထောင်ပေါင်းများစွာသော အလုပ်အကိုင်၊ အခွင့်အလမ်းများကို JobNATION မှရှာဖွေနိုင်မှာဖြစ်ပါတယ်။

Increase your chances of getting hired - Update Your JobNet Profile for JobNATION!

It is highly recommended to update your JobNet Profile to at least 90% completion score so you have a higher chance of being shortlisted by Hiring Managers.

 

With your updated JobNet Profile, you can:

1) Highlight your relevant skills and latest work experience 
2) Be seen as a top candidate by leading companies in Myanmar
3) Increase your chances of getting hired

 

After updating your JobNet Profile, you can start applying to jobs on JobNet.com.mm that matches your skills and expertise. Your application will be sent directly to hiring companies, making it simple and easy to find the next big step in your career.

Don't miss out on job offers because of an outdated CV, update your JobNet Profile today!