လူတိုင်းကတော့ အောင်မြင်တဲ့ဘဝလမ်းကြောင်းပေါ်မှာလျှောက်လှမ်းချင်ကြတဲ့သူတွေပါပဲ။ ဒီလိုအောင်မြင်တဲ့ဘဝတစ်ခုကို ရရှိဖို့အတွက် မိမိကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့အရာရာကိုကျော်လွှားနိုင်တဲ့သူ၊ ဖြေရှင်းနိုင်သူတစ်ယောက် ဖြစ်ရပါမယ်။ ယုံကြည်မှုရှိရှိနဲ့ ဘဝကိုလျှောက်လှမ်းနေသူတစ်ယောက်အတွက် အောင်မြင်မှုဆိုတာက လက်တစ်ကမ်းမှာ ရှိနေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုရှိရှိနဲ့ဘဝမှာအောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာအောင်ဘာတွေလုပ်ရမလဲ။
မိမိကိုယ်ကိုယ် ချီးကျုးမှုပြုလုပ်ပါ
ကိုယ့်ကိုယ်ညံ့တယ်လို့တွေးတောနေမယ်ဆိုရင်တော့ သင်ရှေ့ဆက်ရမယ့် ဘဝကို ဆက်လက်လျှောက်လှမ်းဖို့ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် မိမိကိုယ်ကို နှိမ့်ချအားငယ်မနေဘဲ အရာရာကိုလုပ်နိုင်တယ်ဆိုတဲ့ စိတ်ကိုမွေးထားပါ။ မကောင်းမြင်စိတ်တွေ အားငယ်စိတ်တွေ ရှိနေပေမယ့်လည်း ကောင်းမွန်တဲ့အတွေးတွေဖြစ်တဲ့ ငါလုပ်နိုင်တယ်၊ ဒီအရာကို လုပ်နိုင်ဖို့ ကျန်းမာသန်စွမ်းတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို အစဉ်တွေးတောနိုင်တဲ့အကျင့်ရရှိအောင် ပြုလုပ်ပါ။
ကိုယ်ရှေ့ဆက်မယ့်လမ်းကြောင်းကို အစီိစဉ်ဆွဲထားပါ
ကိုယ်ဘာဆက်လုပ်ရမယ်ဆိုတဲ့အတွေးတွေ အစီအစဉ်တွေအပြင် ကိုယ့်ရဲ့အနာဂတ်နဲ့ ပတ်သတ်တဲ့ကိစ္စရပ်တွေကို သေချာချရေးထားခြင်းတွေပြုလုပ်ထားပါ။ ဒါ့အပြင် ကိုယ်ရည်မှန်းချက်တွေကိုဘယ်လိုနည်းလမ်းတွေသုံးပြီး အရောက်သွားမလဲ ဆိုတာကိုသေချာစဉ်းစားပြီးအစီစဉ်ဆွဲထားပါ။
ကိုယ့်ချမှတ်ထားတဲ့ရည်မှန်းချက်တွေကို ဖြစ်မြောက်အောင်လုပ်ဆောင်ပါ
ဖြည်းဖြည်းမှန်မှန်နဲ့ကိုယ့်ရဲ့ရည်မှန်းချက် ပြီိးမြောက်အောင်လုပ်ဆောင်ပါ။ တစ်ခုပြီးတစ်ခုကို သေချာအောင်မြင် ထိရောက်အောင်လုပ်ဆောင်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်တွေဆီကိုယုံကြည်ချက်ရှိရှိနဲ့ ရှေ့ဆက်လျှောက်လှမ်းလိုက်ပါ။ ကိုယ်ရည်မှန်းထားတစ်ခု အောင်မြင်တဲ့အခါတိုင်းလည်း မိမိကိုယ်ကိုယ်ဆုချပြီးပျော်ရွှင်မှုတွေရယူလိုက်ပါ။
မိမိရဲ့ဝတ်စားပုံကိုဂရုစိုက်ပါ
ကိုယ်ကဘယ်နေရာ၊ ဘယ်လုပ်ငန်းခွင်မှာရောက်နေပါစေ၊ ကိုယ့်ကိုမြင်တွေ့နေရမယ့်လူတွေရဲ့အမြင်မှာ သပ်သပ်ရပ်ရပ်၊ ယုံကြည်မှုရှိရှိဝတ်စားတတ်ထားတဲ့ပုံ ဖြစ်ဖို့လိုအပ်ပါတယ်။ အောင်မြင်တဲ့လူတော်တော်များများက မနက်စောစောထပြီး အလုပ်သွားဖို့ပြင်မယ်၊၊ အဝတ်အစားကိုလည်းသပ်သပ်ရပ်ရပ်နဲ့ လူအမြင်မှာတင့်တယ်တဲ့ ၀တ်စားပုံကိုဝတ်ဆင်ဖို့ဂရုပြုကြတာကိုတွေ့ရမှာပါ။ ကိုယ့်ပုံစံက ကြည့်ကောင်းနေရင်၊ ကိုယ်တိုင်လည်း စိတ်ခံစားမှုကောင်းနေသလို ယုံကြည်မှုပိုရှိလာပါလိမ့်မယ်။
ကိုယ်မှားနေရင်လည်း မှားနေကြောင်းပြောဖို့ ဝန်မလေးပါနဲ့
မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့သူတစ်ယောက်က တစ်ခါတရံမှားတာတွေရှိခဲ့ရင်လည်း မှားကြောင်းဝန်ခံဖို့ကိုဝန်မလေးပါနဲ့။ ဒီလိုအမှားတွေကတဆင့်သင်ယူပြီး အောင်မြင်တဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ပါတယ်။
အရည်သွေးရှိတဲ့ Personal brand တစ်ခုကိုတည်ဆောက်ပါ
မိမိကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်တဲ့အခါ ကိုယ့်ရဲ့ကိုယ်ပိုင် brand တစ်ခုကိုတည်ဆောက်နိုင်တာလည်း အရေးကြီးပါတယ်။ ဒီိလို brand ကောင်းကောင်းတစ်ခုကို ပုံဖော်ချင်တယ်ဆိုရင်တော့ ‘ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုဘယ်လိုမြှင်တင်ကြမလဲ’ ဆိုတဲ့ဆောင်းပါးကို ဒီလင့်မှာ http://bit.ly/2QiGwWK ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။
ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ယုံကြည်ပါ
ကိုယ်လုပ်နိုင်တဲ့အရာပေါ်မှာလုပ်နေခြင်းက မိမိကိုယ်ကိုယ်ယုံကြည်မှုတိုးလာစေသလို ကိုယ်ကဘယ်နေရာတွေမှာ အကောင်းဆုံးလုပ်နိုင်သလဲဆိုတာကိုသိစေနိုင်ပါတယ်။ ဒါ့အပြင် အခြားတစ်ယောက်ရဲ့မိမိအပေါ်ယုံကြည်မှုကလည်း တိုးတက်လာမှာဖြစ်ပါတယ်။
ဒီအချက်တွေကိုလေ့လာခြင်းဖြင့် သင့်ဘဝအောင်မြင်ဖို့အတွက် နည်းလမ်းကောင်းတွေရရှိမယ်လို့ယုံကြည်ပါတယ်။ ဒါကြောင့် မိမိရည်မှန်းချက်ရှိရာကို ယုံကြည်ချက်ရှိရှိနဲ့ရှေ့ဆက်လျှောက်လှမ်းပြီး အောင်မြင်တဲ့ဘဝကို ရယူလိုက်ကြရအောင်။