21st October, 2026
ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုမှာ ဘယ်သူတွေ ပါဝင်နေကြလဲ။
Share
Blog Link Copied
🌿 ကျန်းမာခြင်းဆိုတာ လူတိုင်း ပိုင်ဆိုင်ချင်တဲ့ အောင်မြင်ပြီး ပျော်ရွှင်တဲ့ဘဝအတွက် အခြေခံအကျဆုံး အရာတစ်ခုပါ။
ဒါကြောင့် ကျန်းမာရေးနဲ့ လူမှုဝန်းကျင်ဆိုတာလည်း ခွဲခြားထားလို့မရတဲ့ အရာတွေ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဆိုတာ လူတွေရဲ့ ပျော်ရွှင်ကျန်းမာတဲ့ဘဝတွေအတွက် အရေးကြီးတဲ့ အခြေခံတစ်ခု ဖြစ်ပါတယ်။
ကျန်းမာရေးလို့ ပြောလိုက်ရင် ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်နဲ့ သူနာပြုတွေကို အရင်ဆုံး ပြေးမြင်မိတတ်ပါတယ်။
⚕️ တကယ်တော့ 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐒𝐲𝐬𝐭𝐞𝐦 တစ်ခု ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက် မတူညီတဲ့ ကျွမ်းကျင်မှုနဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်ပံ့ပိုးပေးနေသူတွေ အများကြီးရှိပါတယ်။
ဒါဆို ဘယ်သူတွေက ဘယ်လိုအခန်းကဏ္ဍတွေနဲ့ ပါဝင်နေကြတာလဲဆိုရင်-
၁။ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐨𝐜𝐭𝐨𝐫𝐬 (ဆရာဝန်များ)
၂။ 𝐍𝐮𝐫𝐬𝐞𝐬 (သူနာပြုများ)
၃။ 𝐀𝐥𝐥𝐢𝐞𝐝 𝐇𝐞𝐚𝐥𝐭𝐡 (ကျန်းမာရေး စောင့်ရှောက်မှု မိတ်ဖက်ပညာရှင်များ)
၄။ 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐒𝐮𝐩𝐩𝐨𝐫𝐭 (ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ပေးသူများ)
၅။ 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 (ရုံးပိုင်ဆိုင်ရာ ထောက်ပံ့ပေးသူများ)
၆။ 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 (ကျန်းမာရေးဆိုင်ရာ နည်းပညာနှင့် ဝန်ဆောင်မှုဖြေရှင်းချက်များ)
၇။ 𝐒𝐮𝐩𝐩𝐥𝐲 𝐂𝐡𝐚𝐢𝐧 & 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐢𝐨𝐧 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 (ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများ)
၈။ 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 & 𝐈𝐧𝐟𝐫𝐚𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 (အဆောက်အအုံနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ) စတဲ့ မတူညီတဲ့ Career နယ်ပယ်တွေကနေတစ်ဆင့် ပါဝင်နေကြပါတယ်။
🤝 ဒီလို မတူညီတဲ့ Career နယ်ပယ်တွေက လူတွေအားလုံးဟာ ကိုယ်ပိုင်ကျွမ်းကျင်မှုနဲ့ အခန်းကဏ္ဍအသီးသီးကနေ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခု ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ အတူတကွ ပါဝင်ပံ့ပိုးနေကြတာ ဖြစ်ပါတယ်။
💡 ဒါကြောင့် 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 ဆိုတာ ကျန်းမာရေးပညာရှင်တွေအတွက်သာ မဟုတ်ဘဲ မတူညီတဲ့ ပညာရပ်နဲ့ ကျွမ်းကျင်မှုရှိသူတိုင်း ပါဝင်နိုင်တဲ့ Career နယ်ပယ်တစ်ခု ဖြစ်ပါတယ်။
💙 သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ ကျွမ်းကျင်မှုတွေကို အသုံးချပြီး 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 နယ်ပယ်မှာ သင့်အတွက် သင့်တော်တဲ့ Career ကို ရှာဖွေ စတင်လိုက်ပါ။
#SeaLionCLLGroup
#SeaLion
#CLLHEALTH
#SLDS