27th November, 2018

လိုချင်တဲ့အလုပ်ကိုရဖို့ ဒီလိုတွေလုပ်လိုက်ပါ

အလုပ်ရှာဖွေနေရင်း မိမိစိတ်ဝင်စားတဲ့ အလုပ်ကို တွေ့ထားပြီဆိုရင် အဲ့ဒီအလုပ်ကို ရဖို့အတွက် လျှောက်ရပါတော့မယ်။ လျှောက်ထားသူတွေအများကြီးထဲကမှ ကိုယ့်ကိုရွေးချယ်ခန့်အပ်ဖို့ကိုပဲ လိုလားကြမှာပါ။ ဒါကြောင့် မိမိစိတ်ဝင်စားတဲ့အလုပ်ကို ရချင်ရင် ထိရောက်တဲ့နည်းလမ်းတွေနဲ့ အလုပ်လျှောက်ရပါမယ်။ အလုပ်ခေါ်သူနေသူတွေဘက်ကလည်း အလုပ်ခေါ်စာ ကြေညာလိုက်ပြီဆိုတာနဲ့ ရောက်လာတဲ့ လျှောက်လွှာတွေကို အရမ်းကိုသတိထားပြီး စစ်ဆေးကြရပါတယ်။ ရာနဲ့ချီတဲ့ အလုပ်လျှောက်လွှာတွေ အများကြီးထဲကမှ ကိုယ်က အလုပ်ရသွားသူ ဖြစ်ချင်ရင်တော့ အောက်မှာဖော်ပြမယ့် အဆင့်လေးတွေအတိုင်း လိုက်လုပ်ရုံပါပဲ။

 

ကုမ္ပဏီအကြောင်းကိုသိထားပါ

စိတ်ဝင်စားတဲ့အလုပ်ကို လျှောက်တော့မယ်ဆိုရင် ဘာလုပ်ကြမလဲ? လျှောက်မယ့် ကုမ္ပဏီအကြောင်းကို နည်းနည်းလောက် ပိုပြီးသိထားဖို့လိုပါတယ်။ ကုမ္ပဏီရဲ့သဘောသဘာဝထုံးစံတွေ၊ လက်ရှိမှာ ဘာတွေကို ဦးစားပေးနေတယ်ဆိုတာတွေ သိအောင်လုပ်ပါ။ အဲ့ဒီအချက်အလက်တွေကို cover letter ထဲမှာ ထည့်ရေးရမှာဖြစ်သလို အင်တာဗျူးဖြေတဲ့အခါမှာလည်း ကိုယ့်ဘက်က ဒီအချက်အလက်တွေကို ထည့်ပြောပြီး အလုပ်အပေါ် ဘယ်လောက်စိတ်ဝင်စားတယ်ဆိုတာ ပြသနိုင်မှာဖြစ်ပါတယ်။

 

Cover Letter ရေးပါ

အလုပ်လျှောက်လွှာရေးတိုင်းမှာ cover letter ကို ရေးသင့်ပါတယ်။ Cover letter ကို ချန်ထားခဲ့မယ်ဆိုရင် အခွင့်အလမ်းကောင်းတစ်ခုနဲ့ လက်လွတ်သွားနိုင်ပါတယ်။ တချို့သောကုမ္ပဏီတွေမှာ အလုပ်လျှောက်လွှာတွေကို ကွန်ပျူတာဆော့ဖ်ဝဲစနစ်နဲ့ စစ်ဆေးတဲ့အခါ keyword တွေကို သုံးကြပါတယ်။ Cover letter ထည့်ထားတဲ့ ကိုယ့်ရဲ့အလုပ်လျှောက်လွှာက အလုပ်ခေါ်ယူနေသူတွေအမြင်မှာ အလားအလာကောင်းရှိသူတစ်ဦးအဖြစ် ညွှန်ပြရာလည်းရောက်သွားပါတယ်။

ရေးတဲ့အခါမှာ မပါမဖြစ် ထည့်သွင်းရမယ့် အရာတွေရှိပါတယ်။ အဲ့ဒီစာကြောင်းတွေက ကိုယ့်ရဲ့အရည်အချင်းတွေကို ပိုမိုပေါ်လွင်စေမယ့်အရာတွေပါ။

၁- ကိုယ်လျှောက်ထားတဲ့ ရာထူးနေရာ

၂- ကုမ္ပဏီနဲ့ပတ်သက်ပြီး မိမိသဘောကျရတဲ့အရာ

၃- ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံက လျှောက်ထားတဲ့ရာထူးနဲ့ ဘယ်လိုကိုက်ညီနေတယ်ဆိုတာ

၎- ကိုယ့်ရဲ့ စိတ်အားထက်သန်မှု

လျှောက်တဲ့အလုပ်နဲ့ကိုက်ညီအောင် CV ကို ပြင်ဆင်ပါ

ကိုယ်ရေးအကျဉ်း (CV) ကို သေသေချာချာ စစ်ဆေးပြင်ဆင်ပြီးပြီလား။ နောက်တစ်ခေါက် ထပ်ကြည့်ပါဦး။ မိမိလျှောက်ထားတဲ့အလုပ်နေရာအတွက် တိတိကျကျ ညွှန်ပြနိုင်မယ့် CV ဖြစ်မှ အလုပ်ရမှာပါ။ လျှောက်တဲ့အလုပ်နဲ့ သက်ဆိုင်တဲ့ စကားလုံးတွေ၊ အလုပ်ခေါ်စာထဲမှာ ဖော်ပြထားတဲ့ တာဝန်ယူမှုတွေအကြောင်း ကိုယ့်ရဲ့ အလုပ်လျှောက်လွှာထဲမှာ ပါဝင်နေရပါမယ်။ အဓိကအရေးအကြီးဆုံးအရာကို အလုပ်ခေါ်စာရဲ့ ပထမဆုံးမှာ ဖော်ပြထားလေ့ရှိပါတယ်။ အဲ့တာတွေ မပါသေးရင် ထပ်ဖြည့်လိုက်ပါဦး။ အလုပ်မလျှောက်မီ နောက်ဆုံးအနေနဲ့ အလုပ်လျှောက်လွှာရဲ့ စာလုံးပေါင်းသတ်ပုံ၊ သဒ္ဒါ၊ အသေးစိတ်အချက်အလက်တွေကို နောက်တစ်ကြိမ်ထပ်စစ်ဆေးရပါမယ်။

 

အလုပ်လျှောက်ပါ

အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ အလုပ်လျှောက်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ JobNet မှာ register လုပ်ပြီး မိမိရဲ့ CV profile ကို ဖြည့်သွင်းပြီးပြီဆိုရင်တော့ မိမိလိုချင်တဲ့အလုပ်ခေါ်စာအောက်မှာ apply ဆိုတဲ့ ခလုတ်လေးနှိပ်ပြီး အလုပ်လျှောက်ရုံပါပဲ။ သင့်ရဲ့ အလုပ်လျှောက်လွှာဟာ အလုပ်ခေါ်ယူတဲ့ ကုမ္ပဏီထံကို တိုက်ရိုက် ရောက်သွားမှာ ဖြစ်ပါတယ်။ အကောင်းဆုံး အလုပ်ကို ရဖို့အတွက် www.jobnet.com.mm မှာ အခမဲ့ စာရင်းသွင်းလို့ရနေပါပြီ။