MMR
Myanmar
20th June, 2018
လုပ်ငန်းခွင်တိုင်းမှာ မရှိမဖြစ်အရေးပါတဲ့ Teamwork အကြောင်း
အဖွဲ့အစည်းတိုင်း၊ ကုမ္ပဏီတိုင်းမှာ Teamwork ဆိုတဲ့ စကားကို အမြဲကြားရပါတယ်။ လူအများနဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့ ကိစ္စရပ်တိုင်းမှာ Teamwork (အသင်းအဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်မှု) ရှိမှ အလုပ်တွေ အချိန်တိုတွင်း ပြီးမြောက်အောင်မြင်နိုင်မှာပါ။ Teamwork အကြောင်းကို ကောင်းကောင်းနားလည်ထားရင် ဘယ်ကုမ္ပဏီကိုပဲပြောင်းပြောင်း ကိုယ့်အတွက် အဆင်ပြေနိုင်ပါလိမ့်မယ်။
Teamwork ဆိုတာ
အသင်းအဖွဲ့လိုက် လုပ်ဆောင်မှု (Teamwork) ဆိုတာ Group (အုပ်စုအဖွဲ့) နဲ့ မတူပါဘူး။ Together Everyone Achieves More ဆိုတဲ့ စကားလုံးရဲ့ အစတွေကို ပေါင်းစပ်လိုက်တဲ့အခါ Team (အသင်းအဖွဲ့) ဖြစ်လာပါတယ်။ မတူညီတဲ့နယ်ပယ်တွေရဲ့ ကျွမ်းကျင်သူတွေကို စုစည်းထားတာ ဖြစ်တဲ့အတွက် ကျစ်လျစ်ပြီး အကျိုးသက်ရောက်မှု အားကောင်းပါတယ်။ သက်ဆိုင်ရာကဏ္ဍကို တာဝန်ယူထားရသူတွေက ကိုယ့်တာဝန်ကို ကျေပွန်အောင် တာဝန်ယူ၊ တာဝန်ခံ လုပ်ဆောင်ရပါတယ်။ အားလုံးက ကိုယ့်အလုပ်ကိုယ်လုပ်ရပေမဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ တစ်ခုတည်းပါ။ ကိုယ်တာဝန်ယူထားရတဲ့ကဏ္ဍကို ကျေပွန်အောင် အသီးသီးလုပ်နေကြရင်းနဲ့ကိုပဲ အဖွဲ့အစည်း၊ ကုမ္ပဏီအတွက် အကျိုးအမြတ်နဲ့ အောင်မြင်မှုတွေကို ရရှိစေပါတယ်။ သက်ဆိုင်ရာကဏ္ဍရဲ့ ကျွမ်းကျင်သူတွေကို ကျစ်ကျစ်လျစ်လျစ်ဖွဲ့စည်းထားတာမို့လို့ ပန်းတိုင်နဲ့သွေဖယ်သွားမှာ၊ နှောင့်နှေးကြန့်ကြာမှာ၊ အလုပ်မပြီးမြောက်မှာတွေလည်း မရှိပါဘူး။
လုပ်ဆောင်မှု
အသင်းတစ်ခုကို အသင်းခေါင်းဆောင် (Team Leader) က ဦးဆောင်ရပြီး ကျန်တဲ့ အဖွဲ့ဝင် (Team Member) တွေက တက်ညီလက်ညီ လှုပ်ရှားကြရပါတယ်။ အသင်းမှာ ပါဝင်မယ့်လူတွေကလည်း သူ့နေရာနဲ့သူ အသုံးတည့်တဲ့လူတွေ ဖြစ်နေဖို့လိုသလို မလိုတဲ့လူတွေကို မထည့်မိဖို့လည်း အရေးကြီးပါတယ်။ ပါဝင်မယ့်လူတွေနဲ့ ပန်းတိုင်ကို ရွေးပြီးပြီဆိုရင်တော့ အဆင့်အလိုက်လုပ်ဆောင်လို့ရပါပြီ။
အသင်းအဖွဲ့ကောင်းရဲ့စိတ်ဓာတ်ဆိုတာ
ကုမ္ပဏီရဲ့ အသင်းအဖွဲ့တစ်ခုကို ဦးဆောင်နေရတဲ့ မန်နေဂျာတွေက အသင်းရဲ့ သော့ချက်တွေပါ။ သူတို့တွေရဲ့ ဦိးဆောင်နိုင်စွမ်း၊ စီမံအုပ်ချုပ်နိုင်စွမ်းနဲ့ ခေါင်းဆောင်စိတ်က အရေးကြီးပါတယ်။ အသင်းအဖွဲ့ခေါင်းဆောင်ရော အသင်းအဖွဲ့ဝင်တွေမှာပါ အသင်းစိတ်ဓာတ်ကောင်းတွေ ရှိနေဖို့လိုပါတယ်။ အသင်းအဖွဲ့တစ်ခုမှာ ဝင်ရောက်ရပြီဆိုရင် ကိုယ့်ဘက်က ပေးနိုင်တဲ့ ၁၀၀% ထက်ကို ပိုပြီးပေးရတာက ပရော်ဖက်ရှင်နယ်သမားတစ်ဦးရဲ့ တာဝန်ပါ။ ကိုယ့်ရဲ့တာဝန်ကို ကျေကျေပွန်ပွန် လုပ်ရမယ့်အပြင် အဖွဲ့ဝင်တွေအနေနဲ့လည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပွင့်လင်းမြင်သာမှုတွေ၊ နားလည်ပေးတတ်ဖို့တွေလည်း လိုအပ်ပါတယ်။ ဒါမှသာ အသင်းအဖွဲ့ကောင်းတစ်ခု ဖြစ်လာပြီး လုပ်ငန်းတွေ အောင်မြင်မှာ ဖြစ်ပါတယ်။
Hot Topics
Top Employers
Recent Articles
အလုပ်နဲ့ဘဝကိုချိန်ညှိပြီးနေပျော်အောင်နေကြမယ်
အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာကိုမေးရင် ဒီလိုဖြေပါ
ပထမဆုံးအင်တာဗျူးမှာတင် အလုပ်ခန့်ချင်သွားအောင် ဒီလိုဖြေကြမယ်
ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အင်တာဗျူးမေးခွန်း (၁၅) ခု
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ဘယ်လိုရှာဖွေမလဲ
Follow us