မကြာသေးမီကလေ့လာတွေရှိချက်တွေအရ လူတစ်ယောက်ရဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်ဟာ သူ့ရဲ့အလုပ်အကိုင်လမ်းကြောင်းအပေါ်မှာ လုပ်ကိုင်နေတဲ့ကုမ္ပဏီရဲ့ပုံရိပ်၊ ရာထူး၊ လစာတွေထက် ပိုပြီးသက်ရောက်မှုရှိတယ်ဆိုတာကို သိရှိခဲ့ရပါတယ်။ လုပ်ငန်းတစ်ခုရဲ့ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်က မိမိရဲ့အလုပ်လုပ်နိုင်စွမ်းနဲ့လုပ်ငန်းခွင်စိတ်ဓာတ်တတ်ကြွမှုအပြင် ကျန်းမာရေးကိုပါအကျိုးသက်ရောက်မှုရှိပါတယ်။ အကျိုးသက်ရောက်မှုဆိုတာဟာ ကိုယ့်ရဲ့ခံစားခွင့်ဖြစ်တဲ့ဆုကြေးငွေ၊ အလုပ်ချိန်နဲ့ အားလပ်ရက်တွေကို ဆိုလိုခြင်းမဟုတ်ပါဘူး။ ကုမ္ပဏီတစ်ခုတည်းမှာ အချိန်အကြာကြီးအတူတူအလုပ်လုပ်ကိုင်နေကြတဲ့ဝန်ထမ်းတွေရဲ့ပုံစံဟာ ကိုယ့်ရဲ့အပြုအမှုနဲ့လုပ်ရပ်ကို ယေဘုယျအားဖြင့်အကျိုးသက်ရောက်မှုရှိပါတယ်။
နေ့တိုင်းလုပ်ငန်းခွင်မှာ ကိုယ့်ရဲ့စိတ်ခံစားမှုအခြေအနေတွေကလည်း လုပ်ဖော်ကိုင်ဖက်နဲ့ကိုယ့်ရဲ့ဆက်ဆံရေးမှာ များစွာအကျိုးသက်ရောက်မူရှိပါတယ်။ အဲဒါဆိုရင်… တကယ်မေးချင်တာက… အဲဒီအကျိုးသက်ရောက်မူတွေက ကိုယ့်ရဲ့အနာဂတ်ကိုကူညီပေးနေသလား ဒါမှမဟုတ် အနှောက်အယှက်ဖြစ်စေသလားဆိုတာပါပဲ။
လုပ်ငန်းခွင်ကောင်းတစ်ခုက ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို ဘယ်လိုမျိုးအထောက်အကူပြုနိုင်သလဲဆိုတာနဲ့ လက်ရှိလုပ်ငန်းခွင်က ကိုယ့်အတွက်တကယ့်နေရာမှန်ရောဖြစ်ရဲ့လားဆိုတာကို အောက်မှာလေ့လာနိုင်ပါတယ်။
၁။ အလုပ်လုပ်နိုင်စွမ်းအားတိုးမြှင့်ခြင်း
လုပ်ငန်းခွင်ကောင်းတစ်ခုဟာ လူတွေရဲ့အလုပ်လုပ်နိုင်စွမ်းကို ပုံမှန်ထက်များစွာတိုးတတ်စေပြီး စိတ်ပျော်ရွှင်ချမ်းမြေ့မှုမပေးနိုင်တဲ့လုပ်ငန်းခွင်ကတော့ ဝန်ထမ်းတွေရဲ့အလုပ်လုပ်နိုင်စွမ်းကို ပိုပြီးလျော့ကျစေပါတယ်။ အဲဒါကြောင့် ၀န်ထမ်းတွေကို လုပ်ငန်းခွင်ကောင်းတစ်ခုအပြင် စိတ်ပိုင်းဆိုင်ရာအထောက်အပံ့တွေနဲ့ရင်းနှီးမြှုပ်နှံပေးခြင်းက စိတ်သက်သာလုံခြုံမှုရှိပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိကာ လုပ်ငန်းခွင်မှာပျော်ရွှင်ကြိုးစားတဲ့ဝန်ထမ်းကောင်းတွေကို မွေးထုတ်ပေးနိုင်ပါတယ်။
ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်မှာပျော်ရွှင်ပြီး အလုပ်လုပ်နိုင်စွမ်းတွေတိုးတတ်လာတဲ့အခါ ကုမ္ပဏီအဖွဲ့အစည်းအတွင်းမှာ လုပ်ငန်းချဲ့ထွင်မှုတွေ၊ ဖွံ့ဖြိုးတိုးတတ်မှုတွေနဲ့ပတ်သက်ပြီး တတ်ကြွစွာလုပ်ဆောင်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ပျော်ရွှင်ခြင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ခြင်းအားဖြင့် ကိုယ့်အဖွဲ့အစည်းကလည်း ကိုယ့်ရဲ့အနာဂတ်အတွက်ပြန်လည်ရင်းနှီးမြှုပ်နှံ ပေးနိုင်ပါတယ်။
၂။ အံဝင်ခွင်ကျတွေခေါ်ခြင်း
ကောင်းမွန်တဲ့အရာတွေကိုပဲကြုံတွေ့ခံစားနေရတဲ့အခါမှာ ဦးနှောက်ကအလုပ်ပိုလုပ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ကိုယ့်အလုပ်တွေအပေါ်မှာအာရုံစူးစိုက်နိုင်ပြီး ပြသာနာဖြေရှင်းနိုင်မှုက ပိုပြီးအားကောင်းလာပါတယ်။ လိုက်လျောညီထွေမှုနဲ့ အံဝင်ခွင်ကျမှုကိုဖြစ်စေတဲ့တွေးခေါ်မှုတွေက အခက်အခဲတဲ့အခြေအနေတွေကို ပိုမိုလွယ်ကူစေပါတယ်။
ကိုယ့်ရဲ့လုပ်ငန်းခွင်မှာလည်း ဒီလိုမျိုးအတွေးအခေါ်ရှိတဲ့လူတွေနဲ့ ပူးပေါင်းအလုပ်လုပ်ကိုင်ခြင်းအားဖြင့် တိုးတတ်မှုကိုရရှိနိုင်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ့်ရဲ့အချိန်တွေကို သေချာအကျိုးရှိရှိအသုံးချလာနိုင်မယ်။ ကောင်းမွန်တဲ့လူမူဆက်ဆံရေးတွေရလာမယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေမှန်ကန်လာမယ်။
၃။ မိမိကိုယ်ကိုယ်နားလည်သိရှိလာနိုင်ခြင်း
အလုပ်ရှင်တွေအနေနဲ့ ၀န်ထမ်းတွေရဲ့လုပ်ငန်းခွင်ပျော်ရွှင်မှုကိုသေချာစေရန် သိသာတဲ့ကြိုးပမ်းမှုတွေပြုလုပ်တဲ့အခါ ဝန်ထမ်းတွေဟာ မိမိကိုယ်ကိုပိုမိုနားလည်သဘောပေါက်လာပြီး သဘာဝကျကျတုံ့ပြန်လာကာ အဲဒီလုပ်ဆောင်မှုတွေက အခြားလုပ်ဖော်ကိုင်ဖက်တွေအပေါ် ဘယ်လိုသက်ရောက်သလဲဆိုတာကိုပါစဉ်းစားလာကြပါတယ်။ သို့မှသာ ကိုယ့်ရဲ့တာဝန်ယူရမယ့်အလုပ်ဖော်ပြချက်တွေကိုကျော်လွန်ပြီး မိမိအသင်းအတွက်အသုံးဝင်တဲ့ ကျွန်ုပ်တို့သည်လုပ်ငန်းခွင်ဖော်ပြချက်ထက် ကျော်လွန်၍ အသင်းအတွက် တန်ဖိုးရှိသောလူတစ်ယောက်ဖြစ်မှာပါ။
၎။ ယုံကြည်မှုမြှင့်တင်လာနိုင်ခြင်း
လုပ်ငန်းခွင်ပျော်ရွှင်မှုဟာ ကောင်းမွန်တဲ့ဆင့်ကဲဖြစ်စဉ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မိမိကိုယ်ကိုအသိအမှတ်ပြုခြင်း၊ အလုပ်လုပ်နိုင်စွမ်းများတိုးတက်ခြင်းနဲ့ လိုက်လျောညီထွေဖြစ်အောင်အံဝင်ခွင်ကျစဉ်းစားတွေးခေါ်မှုများ ပိုမိုများပြားလာသည်နှင့်တပြိုင်နက် ကိုယ်သွားချင်တဲ့ဦးတည်ချက်ကိုလျှောက်လှမ်းနိုင်စေဖို့ ကိုယ့်ရဲ့စွမ်းရည်ကိုမြှင့်တင်ပေးပါတယ်။ အဲဒါဟာ မိမိကိုယ့်ကိုယ်တဖြည်းဖြည်းယုံကြည်မူရှိလာစေပြီး အလုပ်မှာလည်းပိုပြီးသက်သောင့်သက်သာရှိလာလေပါပဲ။
ပိုပြီးအရေးကြီးတာကတော့ ယုံကြည်မှုက လုပ်ဆောင်နိုင်စွမ်းကိုလှုံ့ဆော်ပေးပါတယ်။ ဆိုလိုသည်မှာ ကိုယ့်ကိုချမှတ်ပေးမယ့်ဆုံးဖြတ်ချက်တွေကို ပျင်းရိစွာစောင့်ဆိုင်းနေမည့်အစား ကိုယ်ဘက်ကကြိုတင်ပြီး လိုချင်တဲ့အခြေအနေကိုပြောင်းယူကာ အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းခြင်းက ကိုယ့်ကိုပိုမိုပျော်ရွှင်စေပါတယ်။ ယုံကြည်မူရှိခြင်းကကိုယ့်ရဲ့ခေါင်းဆောင်မှုနဲ့ တာဝန်ယူမှုကိုလမ်းဖွင့်ပေးပါတယ်။ တိုးတက်ဖို့ကြိုးစားနေတဲ့သူတွေအနေနဲ့ လက်ရှိထက်ပိုပြီးအရေးပါတဲ့အခန်းကဏ္ဍကိုထမ်းဆောင်နိုင်တဲ့အရည်အချင်းရှိတယ်ဆိုတာက သက်သေပြနိုင်ပါတယ်။
လုပ်ငန်းခွင်မှာ စိတ်ပျော်ရွှင်မှုနဲ့ အပြုသဘောဆောင်ခြင်းဟာ မိမိရဲ့အလုပ်အကိုင်လမ်းကြောင်းမှာ အောင်မြင်မှုတွေကိုပြုလုပ်နိုင်စေဖို့ အကျိုးပြုပေးပါတယ်။ အောင်မြင်တဲ့လမ်းကြောင်းတစ်ခုရဖို့အတွက် ကောင်းမွန်သင့်တော်တဲ့လုပ်ငန်းပတ်ဝန်းကျင်မှာရှိဖို့ပါပဲ။ အဲဒါကြောင့် မြန်မာနိုင်ငံကထိပ်တန်းကုမ္ပဏီတွေအနေနဲ့ မိမိတို့ရဲ့ဝန်ထမ်းတွေကိုလုပ်ငန်းခွင်ကောင်းတွေထောက်ပံ့ပေးတဲ့နေရာမှာ ပိုပြီးရင်းနှီးမြှုပ်နှံစေဖို့အတွက် မြန်မာနိုင်ငံတွင်အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီများ (Best Companies to Work in Myanmar) ရွေးချယ်မှုအစီအစဉ်ကို ၂၀၂၀ ခုနှစ်မှာ JobNet.com.mm မှစတင်ပြုလုပ်လိုက်ပါပြီ။ မြန်မာနိုင်ငံမှာရှိတဲ့ဘယ်လိုမျိုးကုမ္ပဏီတွေက မိမိတို့ရဲ့ဝန်ထမ်းတွေအတွက် ဘယ်လိုအစီအစဉ်မျိုးတွေနဲ့ အကောင်းဆုံးဖြစ်အောင်ကူညီပေးနေမသလဲဆိုတာကို သိရှိချင်တယ်ဆိုရင် www.jobnet.com.mm နဲ့ www.bcimyanmar.com ဝက်ဘ်ဆိုက်တွေမှာ မပြတ်ဝင်ရောက်လေ့လာလိုက်ပါ။