17th July, 2017

ဝန်ထမ်းတွေကို စိတ်ဒုက္ခပေးတဲ့ အထက်လူကြီးရဲ့စရိုက် (၇) မျိုး

အထက်လူကြီးနဲ့ အုပ်ချုပ်သူတွေကြောင့်ပဲ အလုပ်ရဲ့အောင်မြင်မှုတွေ ကျဆုံးသွားနိုင်တာ သတိပြုသင့်ပါတယ်။ လူ့တန်ဖိုးဟာ အလုပ်လုပ်ခြင်းပါပဲ။ အရွယ်ရောက်သူတိုင်း အလုပ် တစ်ခုမဟုတ် တစ်ခု လုပ်နေကြရတာပါ။ ဝမ်းစာအတွက်ပဲဖြစ်ဖြစ် သင်ယူလေ့လာလိုစိတ်ကြောင့်ဖြစ်ဖြစ် အလုပ်ခွင်တစ်ခုကို ဝင်ရောက်ကြရတာ မှန်ပေမယ့် မပျော်မွေ့နိုင်ဘဲ စိတ်ဆင်းရဲနေကြတာ တစ်ပုံတစ်ပင်ပါပဲ။ အထက်လူကြီးနဲ့ အုပ်ချုပ်သူတွေကြောင့်ပဲ လုပ်ငန်းတစ်ခု အောင်မြင်နိုင်သလို အချိန်မရွေးလည်း ရှုံးနိမ့်သွားနိုင်ပါတယ်။ တကယ်လို့များ အလုပ်ခွင်ထဲမှာ ဒီလို ဆိုးရွားတဲ့ အထက်လူကြီးတွေ ရှိနေရင်တော့ ဝန်ထမ်းတွေက အလုပ်မှာ တက်ကြွမှု ရှိတော့မှာမဟုတ်ပါဘူး။
 
၁။ အထက်စီးဆန်လွန်းခြင်း
ကိုယ့်လက်အောက်က ဝန်ထမ်းကို နှိမ့်ချ ဆက်ဆံပြီး မောက်မာလွန်းရင်လည်း ဝန်ထမ်းတွေက သိမ်ငယ်သွားတတ်ပါတယ်။
 
၂။ ခွဲခြားခွဲခြားလုပ်ခြင်း
ကိုယ်သဘောကျတဲ့လူကို မျက်နှာပေးသလောက် သဘောမကျဘူး၊ အမြင်မကြည်ဘူးဆိုရင် ဂရုမစိုက်တတ်တာကြောင့်လည်း ဝန်ထမ်းတွေက အလုပ်ကိုအလေးမထားတော့ပါဘူး။
 

၃။ စိတ်ခံစားချက်အတိုင်း အုပ်ချုပ်ခြင်း
ကိုယ့်မှာပဲ ဒေါသတွေရှိနေတာမဟုတ်ပါဘူး။ အဆင်မပြေချိန်တွေမှာ ဝန်ထမ်းတွေကို မဲပြီး ဟောက်တာ၊ ဆူတာမျိုးတွေကြောင့်လည်း ဝန်ထမ်းတွေ စိတ်ပျက်ရပါတယ်။
 
၎။ ပုံကြီးချဲ့လွန်းတာ
အပြစ်သေးသေးလေးကို ချဲ့ကားပြောတာမျိုးတွေနဲ့ အသေးစိတ်အစက တစ်ခုချင်းစီ ပြောနေတာတွေကြောင့်လည်း ဝန်ထမ်းတွေ စိတ်ညစ်နိုင်ပါတယ်။ ဥပမာအားဖြင့် အဝတ်အစားဝတ်ဆင်တာမျိုး၊ ဆံပင်အရောင်ဆိုးခြင်းတားမြစ်တာမျိုးတွေက ချုပ်ခြယ်လွန်းရာရောက်ပါတယ်။
 
၅။ အရေးမကြီးဘဲ အစည်းအဝေးခနခနခေါ်ခြင်း
အစည်းအဝေးဆိုတာကို ဝန်ထမ်းတွေက အရေးတကြီး အသိပေးစရာ သို့မဟုတ် ဆုံးဖြတ်ချက်ချဖို့ လိုအပ်တဲ့အခါတွေကို ခေါ်ယူတယ်လို့ပဲ နားလည်ထားကြပါတယ်။ အစည်းအဝေး တစ်ခုဟာ အလေးထားရမယ့်အရာလို့ နားလည်ထားတဲ့အလျောက် အရေးမပါတဲ့ အစည်းအဝေးတွေ ခနခန ခေါ်လွန်းတာကြောင့်လည်း ဝန်ထမ်းတွေက အလုပ်အပေါ် ငြီးငွေ့လာပါလိမ့်မယ်။
 

၆။ အသိအမှတ်မပြုခြင်း
အပြစ်တွေအတွက်ပဲ လက်ညှိုးထိုးပြစ်တင်နေပေမယ့် အောင်မြင်မှုတွေ ကြိုးစားမှုတွေအတွက် ဘယ်လိုတုံ့ပြန်မှုမှ မလာဘူးဆိုရင် အလုပ်အပေါ် စိတ်အားထက်သန်မှုတွေဟာ တဖြည်းဖြည်း ပျောက်ရှသွားတတ်ပါတယ်။
 
၇။ တိကျမှုမရှိတာ
တစ်ခုခုဆိုရင် မပြတ်မသားနဲ့ ဟိုလိုလို၊ ဒီလိုလို လုပ်နေတတ်တဲ့ အထက်လူကြီးကြောင့်ပဲ လုပ်ငန်းခွင်ထဲက ဝန်ထမ်းကောင်းတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ကတိပေးထားပြီးမှ ကတိမတည်တာတွေ၊ ပြောထားတဲ့အတိုင်း မလုပ်ပေးဘူးဆိုရင် ဝန်ထမ်းတွေက ပျော်ရွှင်ရတော့မှာမဟုတ်ပါဘူး။
 
Credit - Duwun