MMR
Myanmar
27th August, 2018
သုညမှတ်မှအောင်မြင်မှုများဆီသို့
လက်ရှိကိုယ်ရောက်နေတဲ့နေရာကသုညမှတ်တစ်ခုဆိုရင်အောင်မြင်မှုတစ်ခုဆီကိုရောက်အောင်ဘယ်လိုသွားကြမလဲ။ လူတိုင်းဟာကိုယ်ပိုင်ဘ၀တစ်ခုရလာပြီဆိုရင် အခြေအနေတိုင်းမှာ ရုန်းကန်မှုဆိုတာရှိနေကြတာပါပဲ။ အောင်မြင်မှုကိုလိုချင်တဲ့လူတိုင်းမှာ အိပ်မက်တစ်ခုစီရှိနေကြသလိုအဲဒီရည်မှန်းချက်ကိုရောက်အောင် သူတို့နည်းသူတို့ဟန်နဲ့ သွားနေကြရတာပါပဲ။ ပန်းတိုင်တွေမတူညီကြသလိုအောင်မြင်မှုကိုတိုင်းတာတဲ့အခါမှာလည်း ခရီးအတိုအရှည်တွေခြားနားနေကြမှာတော့သဘာဝပါပဲ။ ဥပမာအနေနဲ့ပြောရရင် ပူပူနွေးနွေးဘွဲ့ရထားတဲ့လူငယ်လေးတစ်ယောက်အတွက်သူ့အနေနဲ့ ကောင်းမွန်တဲ့ အလုပ်ကောင်းလေးတစ်ခုကိုအမြန်ဆုံးရဖို့ဟာ သူ့အတွက်လက်ရှိမှာအဖြစ်ချင်ဆုံးရည်မှန်းချက်တစ်ခုဖြစ်ကောင်းဖြစ်မယ်။ အလုပ်လက်မဲ့သုညအခြေအနေတစ်ခုကနေကုမ္ပဏီကြီးတစ်ခုမှာ ၀င်ငွေကောင်းပြီးကိုယ့်ဝါသနာနှင့်ကိုက်ညီမည့် အလုပ်လေးတစ်ခုသာရခဲ့ရင်ဆိုတဲ့အောင်မြင်မှုတစ်ခုကိုရဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ပူပန်မှုတစ်ခုရှိနေမှာအမှန်ပါပဲ။ ပန်းတိုင်ကိုရောက်ဖို့အတွက် သင်တန်းတွေပဲတက်ရမလား၊ အလုပ်လမ်းကြောင်းကိုရောဘယ်လိုများရွေးချယ်ရပါ့မလဲဆိုတဲ့ ဒီလိုစိတ်ဒွဟတွေနဲ့အတူသူတို့ပန်းတိုင်ကိုရောက်အောင်သွားဖို့အခက်အခဲတစ်ခုကိုရင်ဆိုင်ကောင်းရင်ဆိုင်နေရနိုင်ပါတယ်။အလုပ်ရပြန်ပြီဆိုတော့လည်း သူ့ရဲ့ရည်မှန်းချက်ကပိုကောင်းတဲ့လစာရဖို့ ပြီးတော့နောက်တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ မန်နေဂျာအဆင့်ကိုတက်လှမ်းနိုင်ဖို့ကသူ့ရည်မှန်းချက်ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကုမ္ပဏီကြီးတစ်ခုမှာအဖွဲ့အစည်းတစ်ခုလုံးကိုခေါင်းဆောင်နေရတဲ့မန်နေဂျာတစ်ယောက်အနေနဲ့ senior management level ဒါမှမဟုတ် Director level ကိုတက်လှမ်းဖို့၊ သူရဲ့ career လမ်းကြောင်းမှာ professional တစ်ယောက်အနေနဲ့ရပ်တည်နေနိုင်ဖို့ဟာ သူရောက်ချင်တဲ့အောင်မြင်မှုပန်းတိုင်တစ်ခုဖြစ်ကောင်းဖြစ်နေမယ်။ အဲဒီတော့လူတိုင်းရဲ့ဘ၀မှာသူတို့အရောက်သွားချင်တဲ့အောင်မြင်ပန်းတိုင်တစ်ခုဆီ ဒါမှမဟုတ် အောင်မြင်မှုအဆင့်တစ်ခုခုရှိနေကြမှာပါပဲ။ ဒီတော့လက်ရှိရောက်နေတဲ့သုညမှတ်ကနေ အောင်မြင်မှုပန်းတိုင်တွေဆီကို ဘယ်လိုရောက်အောင်သွားကြမလဲ။ ဒီအတွက်ဘာတွေလိုအပ်ပြီး ဘယ်အရာတွေကအရေးကြီးဆုံးဖြစ်နေမလဲဆိုတာ လူတိုင်းသိချင်တဲ့အရာဖြစ်မှာပါ။ Zero ဘ၀နဲ့မရပ်ပဲ Hero ဖြစ်ချင်တယ်ဆိုရင်တော့သင်ကိုယ်တိုင်စိတ်အားထက်သန်မှုရှိဖို့လိုအပ်ပါတယ်။ နောက်ပြီးကိုယ်ရောက်နေတဲ့လက်ရှိဘ၀ အခြေအနေကိုအမှန်အတိုင်းမြင်နိုင်ဖို့ အင်မတန်ကိုအရေးကြီးပါတယ်။ အောင်မြင်မှုပန်းတိုင်ကိုအရောက်သွားဖို့ ဒီနှစ်ချက်ဟာအရမ်းကိုအရေးကြီးပါတယ်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ လူတိုင်းဟာကိုယ်ရောက်နေတဲ့ ကိုယ့်အခြေအနေကိုအမှန်အတိုင်းသာမမြင်နိုင်ဘူးဆိုရင်သူတို့ရောက်ချင်တဲ့ပန်းတိုင်တွေကို ဘယ်လိုရောက်အောင်သွားရမလဲဆိုတာလည်းသိနိုင်တော့မှာမဟုတ်ပါဘူး။ အပေါ်မှာဥပမာပြောခဲ့သလိုပဲ ဘွဲ့ရခါစလူငယ်တစ်ယောက်အလုပ်အမြန်ဆုံးရအောင်ဘာလုပ်မလဲ၊ စိတ်အားထက်သန်ဖို့လိုတယ်ဆိုတာနဲ့ပဲ စိတ်ဓါတ်ခွန်အားတက်ကြွစေမယ့်အောင်မြင်ပြီးသားလူတွေရဲ့ ဇာတ်လမ်းတွေရေးထားတဲ့စာအုပ်တွေကိုထိုင်ဖတ်နေမလား၊ စိတ်ခွန်အားဖြစ်စေတယ်ဆိုတဲ့ရုပ်ရှင်တွေထိုင်ကြည့်မလား၊ တကယ်တမ်းမှာအဲ့ဒါတွေကလက်တွေ့မဆန်လှပါဘူး။ တကယ်လုပ်ရမှာက ကိုယ်နဲ့အနီးဆုံးကလုပ်ငန်းခွင်ထဲရောက်နေပြီးသားမိတ်ဆွေသူငယ်ချင်းတွေ ညီအကိုမောင်နှမတွေဆီကအကြံဥာဏ်တောင်းမေးမြန်းဆွေးနွေးသင့်ပါတယ်။ သူတို့ဘယ်အပိုင်းမှာလုပ်နေကြလဲ၊ ပြီးတော့သူတို့ရဲ့လုပ်ငန်းအတွေ့အကြုံတွေကိုမေးမြန်းလေ့လာသင့်ပါတယ်။ Marketing ဆိုရင်ဘယ်လိုမျိုးတွေလုပ်ရလဲ။ Accountant ဆိုရင်ရောဘာတွေတာဝန်ယူပေးရလဲ။ ကုမ္ပဏီဝန်ထမ်းလောကမှာဘယ်လိုအလုပ်အကိုင်တွေက ခေတ်စားနေလဲ၊ သူတို့ဘယ်လိုအလုပ်ရှာကြလဲစသဖြင့်ပေါ့ ဒီလိုမျိုးတွေကိုယ်နဲ့အနီးဆုံးကလူတွေဆီက တစ်ဆင့်လေ့လာနားထောင်ကြည့်တော့မှ ကိုယ်ရောဘယ် career လမ်းကြောင်းကိုရွေးသင့်လည်းဆိုတာ တစ်ဖြည်းဖြည်းနားလည်လာနိုင်ပါတယ်။ ဒီလိုမျိုးပြောပြပေးမယ့်သူတစ်ယောက်မှမရှိဖူးဆိုရင်လည်း ကိုယ်ဟာအလုပ်ရှာနေတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက်အလုပ်အကိုင်ပြပွဲတွေမှာသွားရောက်လေ့လာနိုင်ပါတယ်။ အဲဒီအပြင်Jobfairတွေမှာကျင်းပတဲ့ seminar တွေကတစ်ဆင့်လည်း သက်ဆိုင်တဲ့အလုပ်အကိုင်နယ်ပယ်လမ်းကြောင်းတွေအကြောင်းဗဟုသုတတွေကိုယ့်အတွက်ရနိုင်မှာဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေဆီက အလုပ်အကိုင်နဲ့ပက်သက်တဲ့ဗဟုသုတတွေရှာဖွေမေးမြန်းသင့်ပါတယ်။ Jobnet.com.mm မှာ ဒီလိုအကြံဥာဏ်ကောင်းမြောက်များစွာကိုရှာဖွေလေ့လာလို့ရပါတယ်။ ဒီလိုတကယ့်လက်တွေ့သိနိုင်အောင်ကြိုးစားတော့မှသာလျှင် ကိုယ်ဘာလုပ်ရမလဲဆိုတာ တစ်ဖြည်းဖြည်းလမ်းစပေါ်လာတော့မှာပေါ့လေ။ ဒီလိုလမ်းကြောင်းပေါ်လာတော့မှသာတစ်ကယ်ကိုအားတက်သရောနဲ့ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွားနိုင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့လက်ရှိအခြေအနေကိုမြင်အောင်ကြည့်ပါ။ ပန်းတိုင်ကိုသွားဖို့ကိုယ့်ရဲ့စိတ်အားထက်သန်မှု အစစ်ကိုရှာဖွေပါလို့ပြောချင်တာပါ။ အဲဒီကနေမှ Management level ကိုတက်လှမ်းချင်တဲ့သူ၊ ဦးဆောင်သူကောင်းတစ်ယောက်ဖြစ်ချင်နေတဲ့လူတွေအတွက်ရောက်နေတဲ့နေရာမှာရပ်နေလို့မရပါဘူး။ ယနေ့ခေတ်ဟာ ပြောင်းလဲမှုအရမ်းကိုမြန်ပြီးနည်းပညာပိုင်းအားဖြင့်လည်းအချိန်နှင့်အမျှတိုးတက်လာနေသည့်အတွက်လုပ်ငန်းခွင်ထဲမှာ တင်လေ့လာနေရုံနှင့်မလုံလောက်တော့ပါဘူး။ မိမိ career လမ်းကြောင်းနှင့်သက်ဆိုင်သည့်အသိပညာဗဟုသုတတွေကိုပါ အချိန်ပေးကြိုးစားလေ့လာသင့်ပါတယ်လို့ပြောချင်ပါတယ်။ ဒါမှသာလျှင် လက်ရှိရောက်နေတဲ့သုညမှတ်ကနေ အောင်မြင်မှုတွေဆီကိုအရောက်သွားနိုင်တော့မှာမဟုတ်ပါလား။
အချုပ်ပြောရမယ်ဆိုရင်တော့ ကိုယ့်ဘ၀အတွက်အောင်မြင်မှုရနိုင်မယ့်နည်းဗျုဟာတွေကိုချမှတ်ပြီးအောင်မြင်အောင်လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ရှေ့ဆက်သွားလိုက်ပါ။ ဒါ့အပြင်မိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့ ဆက်ဆံရေးကောင်းအောင်တည်ဆောက်တာကလည်းကိုယ်သွားမယ့်လမ်းကြောင်းမှာအထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရည်မှန်းချက်ကိုရောက်အောင် စိတ်ဆန္ဒပြင်းပြင်း၊ စိတ်အားထက်သန်မှုအပြည့်နဲ့ ကိုယ်လိုချင်တဲ့၊ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက်လျှောက်လှမ်းပါ။
Hot Topics
Top Employers
Recent Articles
အလုပ်နဲ့ဘဝကိုချိန်ညှိပြီးနေပျော်အောင်နေကြမယ်
အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာကိုမေးရင် ဒီလိုဖြေပါ
ပထမဆုံးအင်တာဗျူးမှာတင် အလုပ်ခန့်ချင်သွားအောင် ဒီလိုဖြေကြမယ်
ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အင်တာဗျူးမေးခွန်း (၁၅) ခု
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ဘယ်လိုရှာဖွေမလဲ
Follow us