8th August, 2018

အင်တာဗျုးဖြေဆိုမည့် အင်ဂျင်နီယာများအတွက် အခြေခံသဘောတရားများ (အပိုင်း-၂)

အင်တာဗျုးဖြေဆိုမည့် အင်ဂျင်နီယာများအတွက် အခြေခံသဘောတရားများ (အပိုင်း-၁) မှာ အလုပ်အတွက် အင်တာဗျုးမှာ ပြောရမယ့် အကြောင်းကို အဓိကထားပြီး ပြောပြခဲ့ပါတယ်။ ယခု အပိုင်း (၂) မှာတော့ လူငယ်တွေထဲမှာမှ မတူညီတဲ့ ကျွမ်းကျင်မှုရှိတဲ့သူတွေကို အလုပ်ရှင်တွေရှာဖွေနေတဲ့အကြောင်းကို တစ်ချက်လှည့်ကြည့်ရအောင်။

ကိုယ်ရည်ကိုယ်သွေးအကြောင်း - နည်းပညာရှင်တွေက ကိုယ့်ရဲ့ဖောက်သယ်တွေနဲ့ ထိတွေ့ဆက်ဆံခြင်းမရှိတဲ့ နေ့ရက်တွေ ကျန်ခဲ့ပါပြီ။ ဆက်ဆံရေးကျွမ်းကျင်မှု မှာ နှုတ်အားဖြင့်သော်လည်းကောင်း၊ အရေးအသား နှင့် တင်ပြဆက်ဆံမှုကောင်းခြင်းတွေဟာ လူငယ်အင်ဂျင်နီိယာတွေအတွက် အရေးကြီးလာပါတယ်။ ၀ယ်သူတွေက ၀န်ထမ်းတွေ သူတို့ကို ဘာတွေပြောနေမှန်းမသိလောက်အောင်  ဖြစ်နေတယ်ဆိုရင် အလုပ်ရှင်အတွက် မကောင်းနိုင်ပါဘူး၊ အထူးသဖြင့် အချိန်အရမ်းမရတဲ့ အခါနဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲရှိနေတဲ့အချိန်တွေမှာ အရေးကြီးပါတယ်။ သင့်အလုပ်ကို နည်းပညာနဲ့ အကျွမ်းတ၀င်မရှိတဲ့သူတွေအတွက်  အဆင်ပြေဆုံးနဲ့ ပြီိးစီးအောင် လုပ်ပေးပြီး သင့်ရဲ့ အကြံဉာဏ်တွေက သူတို့ကို အကောင်းဆုံး စိတ်လှုပ်ရှားမှုပေးနိုင်အောင် ကြိုးစားပါ။

တခြားအရေးကြီးတဲ့ အချက်ကတော့ အသင်းအဖွဲ့နဲ့ဖြစ်စေ၊ တစ်ဦိးတည်းဖြစ်စေ အလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်ခြင်းပါပဲ။ အင်ဂျင်နီယာတွေဆိုတာက တခါတရံ ပြဿနာတွေနဲ့ အလုပ်လုပ်နေကြရတာပါ၊ ဒီပြဿနာတွေအတွက် အကြံဉာဏ်ကောင်းတွေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကို အသင်းအဖွဲ့တွေနဲ့ တိုင်ပင်ရပါတယ်။ မန်နေဂျာတွေက အခက်အခဲကြားကနေမှ လက်ရှိ ရရှိနေတဲ့ အောင်မြင်မှုတွေ၊ အခြေအနေတွေအတိုင်း ပြန်ပြောင်းပေးနိုင်မယ့် သူမျိုးကို ရှာနေကြတာ ဖြစ်ပါတယ်။

“တစ်ခုရှိတာက အင်ဂျင်နီယာ အများစု ကျောင်းမှာ မသင်ခဲ့ရတာတွေ ရှိနေပါသေးတယ်၊ ဒါကြောင့် ဒီနယ်ပယ်တွေမှာ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို အကောင်းဆုံး ထုတ်ပြနိုင်မယ်ဆိုရင် တခြားသူတွေထက် သာနေပါလိမ့်မယ်။ အင်ဂျင်နီယာတွေတိုင်း ဘွဲ့တစ်ခုတော့ ရှိကြသလို နည်းပညာပိုင်းနဲ့ ပတ်သတ်ပြီး အသိပညာတွေ ရှိကြပါတယ်။ ဒါကြောင့် တခြားသူတွေမှာ မရှိတဲ့ အရည်အချင်းကို အလုပ်ခွင်မှာ ပြသနိုင်ဖို့ စဉ်းစားသင့်ပါတယ်။”

တီထွင်နိုင်စွမ်းရှိပါစေ

အင်ဂျင်နီယာတွေက သူတို့ရဲ့ နည်းပညာ နယ်ပယ်အပြင်ဘက်ကို လေ့လာနိုင်သလောက်လေ့လာသင့်သလို ယနေ့ခေတ် ဘယ်လိုနေရာမျိုးမှာ အခွင့်အလမ်းတွေ ရှိနေလဲဆိုတာကို ပါနားလည်ထားဖို့ လိုအပ်ပါတယ်။  ဆိုလိုတာကတော့ နည်းပညာပိုင်း၊ လူမှုရေး နဲ့ စီပွားရေးတွေက ပြည်တွင်း နဲ့ နိုင်ငံတကာမှာ ဘာတွေပြောင်းလဲနေကြပြီလဲ ဆိုတာ သိဖို့လိုအပ်လာပါတယ်။

“အင်ဂျင်နီယာတွေက သူတို့ ကျွမ်းကျင်မှု နယ်ပယ်မှာပဲ ရှိမနေသင့်တော့ပါဘူး။ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို တိုးတက်အောင်၊ သူတို့ရည်ရွယ်တဲ့ လမ်းကြောင်းမှာ ပိုပြီး ကျွမ်းကျင်ပိုင်နိုင်တဲ့အဆင့်ထိ ရောက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုက တခြားနယ်ပယ်တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေဖို့ အရေးကြီးပါတယ်။

လက်ရှိအလုပ်ထက်ပိုတွေးနိုင်ပါစေ - စက်မှု နဲ့ မြို့ပြ အင်ဂျင်နီယာ နယ်ပယ်မှာတော့ ဘွဲ့ရကျောင်းသားတွေ အလုပ်ဝင်နေကြတာ အများကြီးပါပဲ။ ဒါပေမယ့် အလုပ်ဝင်မယ့်သူတွေအနေနှင့် တခြားသူလုပ်ပြီးသားထက် ပိုပြီးမြင်နိုင်၊ တွေးနိုင်ပြီး အနာဂတ်မှာ တိုးတက်နိုင်ဖို့ အခွင့်အလမ်းရှိတဲ့ နယ်ပယ်တွေကို အဓိကထားပြီး ချဉ်းကပ်သင့်ပါတယ်..

ယခုလက်ရှိမှာတော့ အခြေခံအဆောက်အအုံတွေက တိုးတက်နေပြီ ဖြစ်ပါတယ်၊ အဲ့ဒါနဲ့အတူ software နဲ့ drones တွေအပါအ၀င် အခြား လူ့အသိဉာဏ် ထည့်ထားတဲ့ အရာတွေ အပါအ၀င် အရာရာဟာ တိုးတက်နေကြပါပြီ။ ဒီလိုအချိန်မှာ လိုအပ်နေတဲ့ အရည်အချင်းတွေကို ဖြည့်ဆည်းနိုင်တဲ့သူတွေကတော့ လာမယ့် အနာဂတ်မှာ လူကြိုက်များမှာ မလွဲဧကန်ပါပဲ။